အသည်းခြောက်တယ်ဆိုတာ ဘာလဲ

ဘယ်လို ကုသသင့်လဲ?

အသည်းခြောက်တယ်ဆိုတာဟာ အသည်းမှာရှိတဲ့ပုံမှန်ဆဲလ်တွေရဲ့နေရာမှာ အမာရွတ်တစ်သျှူးတွေနဲ့အစားထိုးခံလိုက်ရတာကိုအကြမ်းဖျဉ်းဆိုလိုပါတယ်။
အသည်းဟာရောဂါပိုး(သို့)အရက်(သို့)ဆေးဝါးအချို့(သို့)မျိုးဗီဇရောဂါတစ်ခုခုကြောင့် ဒဏ်ရာရရောင်ရမ်းပြီး ရောင်ရမ်းမှုကျသွားတဲ့အခါ ပုံမှန်ရှိနေတဲ့ကျန်းမာတဲ့ဆဲလ်တွေနေရာမှာ လုပ်ငန်းဆောင်တာကိုမထမ်းဆောင်နိုင်တဲ့ အမာရွတ်တစ်သျှူးတွေ အစားထိုးဖြစ်ပေါ်လာပါတယ်။ ဒါကိုပဲ အသည်းခြောက်တယ်ခေါ်ကြပါတယ်။

အသည်းဘာကြောင့်ခြောက်သလဲ?

အောက်ပါအရာတွေကြောင့်ခြောက်ပါတယ်-

အဓိကအကြောင်းအရာတွေကတော့-

၁)အရက်

၂)အသည်းရောင်အသားဝါ ဘီပိုး စီပိုး

၃)အသည်းအဆီဖုံးခြင်း(Non alcoholic fatty liver diseases,Non alcoholic steatohepatitis) တို့ဖြစ်ပြီး

အဖြစ်နည်းတဲ့အကြောင်းအရာတွေအနေနဲ့-

၁)မျိုးဗီဇဆိုင်ရာရောဂါများ-Haemochromatosis,Alpha1 antitrypsin deficiency,Wilson’s disease

၂)ကိုယ်ခံစွမ်းအားစနစ်ဆိုင်ရာရောဂါများ-Primary biliary cirrhosis,Primary sclerosing cholangitis,Autoimmune hepatitis

၃)ဆေးဝါးများ- Amiodarone,Methyldopa,Methotrexate
တို့ဖြစ်ကြပါတယ်။

ရောဂါလက္ခဏာတွေက ဘာတွေလဲ?

၁)မောပန်းနွမ်းနယ်ခြင်း

၂)အစားအသောက်ပျက်ခြင်း၊ကိုယ်အလေးချိန်ကျခြင်း

၃)ပျို့အန်ခြင်း၊အသားအရေများယားယံခြင်း

၄)မျက်လုံး/အသားဝါခြင်း

၅)လိင်စိတ်လျော့ကျခြင်း၊အမျိုးသားများတွင် ရင်သားများကြီး/နာလာခြင်း၊အမွှေးအမှင်များကြဲပါးလာခြင်း

၆)သွေးအန်ခြင်း၊ဝမ်းမည်းမည်းများသွားခြင်း

၇)ဖျားခြင်း၊ဘေလုံးကြီးခြင်း၊ဗိုက်ပူတင်းလာခြင်း၊ခြေထောက်များဖောယောင်လာခြင်း စသည်တို့ဖြစ်ပေါ်နိုင်ပါတယ်။

အသည်းခြောက်မခြောက်ဘယ်လိုသိမလဲ?

သက်ဆိုင်ရာဆရာဝန်နှင့်ပြသ၍ စမ်းသပ်စစ်ဆေးခြင်း၊သွေးစစ်ခြင်း၊Ultrasound/Duplex scan/MRI ရိုက်ခြင်း၊အသည်းမှအသားစယူ၍စစ်ဆေးခြင်းတို့ဖြင့် သိရှိနိုင်ပါတယ်။

အသည်းခြောက်ပြီးလျှင် ဘာတွေဆက်ဖြစ်မလဲ?

၁)အသည်းပျက်စီးခြင်း

၂)ရေဖျဉ်းစွဲ၍သွေးအန်၊သွေးဝမ်းမည်းမည်းများသွားခြင်း

၃)အသည်းကင်ဆာ တို့ဆက်ဖြစ်နိုင်ပါတယ်။

အသည်းခြောက်ခြင်းကို ဘယ်လိုကုသသင့်လဲ?

အသည်းခြောက်ရောဂါကိုလုံးဝပျောက်ကင်းအောင် ကုသဖို့ဆိုတာ အသည်းအစားထိုးမှရမှာပါ။ ဒါတောင်မှ အချို့ရောဂါတွေမှာ အစားထိုးခံရတဲ့အသည်းပါထပ်ပြီးခြောက်ပါတယ်။ အသည်းအစားဖို့ဆိုတာဟာလဲ လွယ်ကူရိုးရှင်းပြီး အကုန်အကျမများတဲ့ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။အရှင်းပျောက်အောင်ကုသဖို့မလွယ်ပေမယ့် ရောဂါပိုမဆိုးအောင်၊နောက်ဆက်တွဲရောဂါတွေဝင်မလာအောင်၊လူ့သက်တမ်းကိုဆွဲဆန့်နိုင်အောင်တော့ လုပ်နိုင်ပါသေးတယ်။

၁)အရက်ဖြတ်ခြင်း

၂)အာဟာရပြည့်ဝစွာ စားသုံးခြင်း

၃)အသည်းကိုဝန်ပိစေသောဆေးများကိုသတိထားရှောင်ကြဉ်ခြင်း(အကိုက်အခဲပျောက်ဆေးများ၊စိတ်ငြိမ်ဆေးများ စသည်)

၄)ခြောက်လတစ်ကြိမ် ultrasound ရိုက်ခြင်း၊သွေးစစ်ခြင်း(Alphafetoprotein)

၅)ဆရာဝန်နှင့်ပုံမှန်ပြသ၍ ညွှန်းထားသောဆေးများပုံမှန်သောက်သုံးခြင်း၊ညွှန်ကြားချက်များအတိုင်းစနစ်တကျလိုက်နာလုပ်ဆောင်ခြင်းတို့ဖြင့် လူ့ဘဝမှာအချိန်ကြာကြာပိုနေရအောင် လုပ်ဆောင်နိုင်ပါတယ်။

နိဂုံးချုပ်အနေနဲ့ အသည်းခြောက်ခြင်းကိုအဓိကဖြစ်စေတဲ့ အရက်ကိုရှောင်ကြဉ်ခြင်း၊အသည်းရောင်အသားဝါ ဘီပိုး စီပိုးများကူးစက်မခံရအောင်နေထိုင်ခြင်း၊အာဟာရပြည့်ဝ၍မှန်ကန်သောစားသောက်နေထိုင်မှုပုံစံကိုကျင့်သုံးခြင်းဖြင့် လှပကျန်းမာသောအသည်းလေးများကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်းဆုမွန်တောင်းလျက်

drye’lwin mm

အသည္းေျခာက္တယ္ဆိုတာ ဘာလဲ

ဘယ္လို ကုသသင့္လဲ?

အသည္းေျခာက္တယ္ဆိုတာဟာ အသည္းမွာရွိတဲ့ပုံမွန္ဆဲလ္ေတြရဲ႕ေနရာမွာ အမာရြတ္တစ္သွ်ဴးေတြနဲ႕အစားထိုးခံလိုက္ရတာကိုအၾကမ္းဖ်ဥ္းဆိုလိုပါတယ္။
အသည္းဟာေရာဂါပိုး(သို႕)အရက္(သို႕)ေဆးဝါးအခ်ဳိ႕(သို႕)မ်ိဳးဗီဇေရာဂါတစ္ခုခုေၾကာင့္ ဒဏ္ရာရေရာင္ရမ္းၿပီး ေရာင္ရမ္းမႈက်သြားတဲ့အခါ ပံုမွန္ရွိေနတဲ့က်န္းမာတဲ့ဆဲလ္ေတြေနရာမွာ လုပ္ငန္းေဆာင္တာကိုမထမ္းေဆာင္ႏိုင္တဲ့ အမာရြတ္တစ္သွ်ဴးေတြ အစားထိုးျဖစ္ေပၚလာပါတယ္။ ဒါကိုပဲ အသည္းေျခာက္တယ္ေခၚၾကပါတယ္။

အသည္းဘာေၾကာင့္ေျခာက္သလဲ?

ေအာက္ပါအရာေတြေၾကာင့္ေျခာက္ပါတယ္-

အဓိကအေၾကာင္းအရာေတြကေတာ့-

၁)အရက္

၂)အသည္းေရာင္အသားဝါ ဘီပိုး စီပိုး

၃)အသည္းအဆီဖုံးျခင္း(Non alcoholic fatty liver diseases,Non alcoholic steatohepatitis) တို႕ျဖစ္ၿပီး

အျဖစ္နည္းတဲ့အေၾကာင္းအရာေတြအေနနဲ႕-

၁)မ်ဳိးဗီဇဆိုင္ရာေရာဂါမ်ား-Haemochromatosis,Alpha1 antitrypsin deficiency,Wilson’s disease

၂)ကိုယ္ခံစြမ္းအားစနစ္ဆိုင္ရာေရာဂါမ်ား-Primary biliary cirrhosis,Primary sclerosing cholangitis,Autoimmune hepatitis

၃)ေဆးဝါးမ်ား- Amiodarone,Methyldopa,Methotrexate
တို႕ျဖစ္ၾကပါတယ္။

ေရာဂါလကၡဏာေတြက ဘာေတြလဲ?

၁)ေမာပန္းႏြမ္းနယ္ျခင္း

၂)အစားအေသာက္ပ်က္ျခင္း၊ကိုယ္အေလးခ်ိန္က်ျခင္း

၃)ပ်ဳိ႕အန္ျခင္း၊အသားအေရမ်ားယားယံျခင္း

၄)မ်က္လံုး/အသားဝါျခင္း

၅)လိင္စိတ္ေလ်ာ့က်ျခင္း၊အမ်ဳိးသားမ်ားတြင္ ရင္သားမ်ားႀကီး/နာလာျခင္း၊အေမႊးအမွင္မ်ားႀကဲပါးလာျခင္း

၆)ေသြးအန္ျခင္း၊ဝမ္းမည္းမည္းမ်ားသြားျခင္း

၇)ဖ်ားျခင္း၊ေဘလံုးႀကီးျခင္း၊ဗိုက္ပူတင္းလာျခင္း၊ေျခေထာက္မ်ားေဖာေယာင္လာျခင္း စသည္တို႕ျဖစ္ေပၚႏိုင္ပါတယ္။

အသည္းေျခာက္မေျခာက္ဘယ္လိုသိမလဲ?

သက္ဆိုင္ရာဆရာဝန္ႏွင့္ျပသ၍ စမ္းသပ္စစ္ေဆးျခင္း၊ေသြးစစ္ျခင္း၊Ultrasound/Duplex scan/MRI ႐ိုက္ျခင္း၊အသည္းမွအသားစယူ၍စစ္ေဆးျခင္းတို႕ျဖင့္ သိရွိႏိုင္ပါတယ္။

အသည္းေျခာက္ၿပီးလွ်င္ ဘာေတြဆက္ျဖစ္မလဲ?

၁)အသည္းပ်က္စီးျခင္း

၂)ေရဖ်ဥ္းစြဲ၍ေသြးအန္၊ေသြးဝမ္းမည္းမည္းမ်ားသြားျခင္း

၃)အသည္းကင္ဆာ တို႕ဆက္ျဖစ္ႏိုင္ပါတယ္။

အသည္းေျခာက္ျခင္းကို ဘယ္လိုကုသသင့္လဲ?

အသည္းေျခာက္ေရာဂါကိုလံုးဝေပ်ာက္ကင္းေအာင္ ကုသဖို႕ဆိုတာ အသည္းအစားထိုးမွရမွာပါ။ ဒါေတာင္မွ အခ်ဳိ႕ေရာဂါေတြမွာ အစားထိုးခံရတဲ့အသည္းပါထပ္ၿပီးေျခာက္ပါတယ္။ အသည္းအစားဖို႕ဆိုတာဟာလဲ လြယ္ကူ႐ိုးရွင္းၿပီး အကုန္အက်မမ်ားတဲ့ကိစၥတစ္ခုေတာ့မဟုတ္ပါဘူး။အရွင္းေပ်ာက္ေအာင္ကုသဖို႔မလြယ္ေပမယ့္ ေရာဂါပိုမဆိုးေအာင္၊ေနာက္ဆက္တြဲေရာဂါေတြဝင္မလာေအာင္၊လူ႕သက္တမ္းကိုဆြဲဆန္႕ႏိုင္ေအာင္ေတာ့ လုပ္ႏိုင္ပါေသးတယ္။

၁)အရက္ျဖတ္ျခင္း

၂)အာဟာရျပည့္ဝစြာ စားသံုးျခင္း

၃)အသည္းကိုဝန္ပိေစေသာေဆးမ်ားကိုသတိထားေရွာင္ၾကဥ္ျခင္း(အကိုက္အခဲေပ်ာက္ေဆးမ်ား၊စိတ္ၿငိမ္ေဆးမ်ား စသည္)

၄)ေျခာက္လတစ္ႀကိမ္ ultrasound ႐ိုက္ျခင္း၊ေသြးစစ္ျခင္း(Alphafetoprotein)

၅)ဆရာဝန္ႏွင့္ပုံမွန္ျပသ၍ ၫႊန္းထားေသာေဆးမ်ားပံုမွန္ေသာက္သံုးျခင္း၊ၫႊန္ၾကားခ်က္မ်ားအတိုင္းစနစ္တက်လိုက္နာလုပ္ေဆာင္ျခင္းတို႕ျဖင့္ လူ႕ဘဝမွာအခ်ိန္ၾကာၾကာပိုေနရေအာင္ လုပ္ေဆာင္ႏိုင္ပါတယ္။

နိဂုံုးခ်ဳပ္အေနနဲ႕ အသည္းေျခာက္ျခင္းကိုအဓိကျဖစ္ေစတဲ့ အရက္ကိုေရွာင္ၾကဥ္ျခင္း၊အသည္းေရာင္အသားဝါ ဘီပိုး စီပိုးမ်ားကူးစက္မခံရေအာင္ေနထိုင္ျခင္း၊အာဟာရျပည့္ဝ၍မွန္ကန္ေသာစားေသာက္ေနထိုင္မႈပံုစံကိုက်င့္သံုးျခင္းျဖင့္ လွပက်န္းမာေသာအသည္းေလးမ်ားကို ပိုင္ဆိုင္ႏိုင္ၾကပါေစေၾကာင္းဆုမြန္ေတာင္းလ်က္

drye’lwin mm

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…