မျက်နှာ ချေးချွတ်တဲ့ chemical peel ဆိုတာ ..
Chemival peel ဆိုတာကတော့ ဆေးတစ်မျိုးမျိုးကို အသုံးပြုပြီး မျက်နှာပေါ်က အရေပြားဟောင်းကို ကွာကျလာအောင် လုပ်တာပါ။ အရေပြားအသစ်ကတော့ ပိုမိုကြည်လင် နူးညံ့ပြီး အရေးအကြောင်း နည်းတာပေါ့။
ဒီကုထုံးက ဘာလုပ်ပေးလဲ?
- မျက်လုံးတစ်ဝိုက်နဲ့ ပါးစပ်မှာရှိတဲ့ အရေးအကြောင်းတွေကို သက်သာစေပါတယ်။
- နေလောင်ခြင်းနဲ့ အသက်အရွယ် ကြီးရင့်ခြင်းကြောင့်ဖြစ်တဲ့ အရေးအကြောင်းတွေကို လျော့နည်းစေပါတယ်။
- အမာရွတ်လေးတွေကို သက်သာစေတယ်။
- အချို့သော ဝက်ခြံအမျိုးအစားတွေကို လျော့နည်းစေတယ်။
- မှဲ့ခြောက်လည်း လျော့နည်းစေတယ်။
Chemical peel ကုထုံး ယူပြီးတဲ့အခါမှာ သတိထားရမယ့် အချက်လေးတွေ ရှိပါတယ်။
- ကုထုံးယူပြီးကာစမှာ အရေပြားဟာ နေရောင်ဒဏ်ကို ခံနိုင်မှု ကျဆင်းနေတာကြောင့် နေရောင်ခြည်ကာကွယ်တဲ့ sun screen တစ်ခုခု လိမ်းသင့်ပါတယ်
- Sun screen ဟာလည်း UVAရော UVBပါ ကာကွယ်တဲ့ အမျိုးအစား ဖြစ်သင့်ပြီး အနည်းဆုံး SPF 30 ကျော်သင့်ပါတယ်။
- မနက် ၁၀နာရီကနေ ညနေ ၂နာရီထိကိုလည်း နေရောင်ထဲ မထွက်သင့်ပါဘူးနော်။
ဘယ်သူတွေက ဒီကုထုံးနဲ့ ပိုမိုသင့်လျော်ပါသလဲ
များသောအားဖြင့တော့ အသားလတ်တဲ့သူတွေဟာ ဒီကုထုံးနဲ့ ပိုသင်လျော်ပါတယ်။ အသားအရောင်ရင့်သူတွေမှာဆိုရင် အသားအရေမညီတာတွေ ဖြစ်တတ်ပါတယ်။
မျက်အိတ်တွေ၊ အရေပြားတွဲခြင်းတွေနဲ့ အလွန်များပြားတဲ့ အရေးအကြောင်းတွေကတော့ ဒီ့ထက်မြင့်တဲ့ ကုထုံးတွေဖြစ်တဲ့ လေဆာကုထုံး Laser resurfacing၊ Collagen ဖြည့်ခြင်းတွေ ပြုလုပ်သင့်ပါတယ်။
အကယ်၍ သင့်မျက်နှာမှာ ပြည်တည်နာပြန်ပြန်ဖြစ်နေတာမျိုး၊ နည်းနည်းထိတာနဲ့ အမာရွတ်ဖြစ်လွယ်တာမျိုးတွေ ရှိခဲ့ရင် Peeling မလုပ်ခင် ဆရာဝန်ကို ပြောပြနော်။
သိထားသင့်တာလေးတွေကတော့
Chemical peel ဆိုတာ ကာဗွန်နစ်အက်ဆစ်၊ ဆယ်လီစလစ်အက်ဆစ် စတာတွေ အသုံးပြုတဲ့အတွက် နေလောင်သလို ခံစားမှုမျိုး ရတတ်ပါတယ်။ အရင်ဆုံး အရေပြားက နီလာမယ်၊ ပြီးရင် ၃ရက်ကနေ တစ်ပတ်အတွင်း အရေပြားလေးတွေ ကွာကျတတ်ပါတယ်။ နောက်ထပ် လုပ်ချင်ရင်လည်း တစ်လတစ်ခါလောက် လုပ်လို့ရပါတယ်။
ဒါပေမယ့် အရေပြားအတွင်းပိုင်းထိ ပါဝင်တဲ့ deep peel တွေကတော့ အရည်ကြည်ဖုဖြစ်ခြင်း၊ ပေါက်ထွက်ခြင်းတို့ ဖြစ်တတ်လို့ တစ်ပတ်လောက်ထိ အနာကို ပတ်တီးလေးအုပ်ပြီး နေရတတ်ပါတယ်။ သူလည်း ထပ်လုပ်ချင်တယ်ဆိုရင် ၆လကနေ တစ်နှစ်လောက် စောင့်ရတတ်ပါတယ်။
သတိထားသင့်တာကတော့
ကိုယ်ဝန်ဆောင်တွေ၊ သန္ဓေတားဆေး သောက်နေတဲ့အမျိုးသမီးတွေမှာ အညိုကွက်လေးတွေ ဖြစ်တတ်ပါတယ်။ ဆရာဝန်နဲ့ သေချာတိုင်ပင်ပါ။ ဒါ့အပြင် ရေယုံ ပေါက်တတ်တဲ့သူတွေမှာ ရေယုံပြန်ကြွတတ်ပါတယ်
ဒေါက်တာယမင်း (ဆေး ၁)
မ်က္နွာ ေခ်းခြၽတ္တဲ့ chemical peel ဆိုတာ ..
Chemival peel ဆိုတာကေတာ့ ေဆးတစ္မ်ိဳးမ်ိဳးကို အသံုးျပဳၿပီး မ်က္နွာေပၚက အေရျပားေဟာင္းကို ကြာက်လာေအာင္ လုပ္တာပါ။ အေရျပားအသစ္ကေတာ့ ပိုမိုၾကည္လင္ ႏူးညံ့ၿပီး အေရးအေၾကာင္း နည္းတာေပါ့။
ဒီကုထံုးက ဘာလုပ္ေပးလဲ?
- မ်က္လံုးတစ္ဝိုက္နဲ႔ ပါးစပ္မွာရွိတဲ့ အေရးအေၾကာင္းေတြကို သက္သာေစပါတယ္။
- ေနေလာင္ျခင္းနဲ႔ အသက္အ႐ြယ္ ႀကီးရင့္ျခင္းေၾကာင့္ျဖစ္တဲ့ အေရးအေၾကာင္းေတြကို ေလ်ာ့နည္းေစပါတယ္။
- အမာ႐ြတ္ေလးေတြကို သက္သာေစတယ္။
- အခ်ိဳ႕ေသာ ဝက္ၿခံအမ်ိဳးအစားေတြကို ေလ်ာ့နည္းေစတယ္။
- မွဲ႔ေျခာက္လည္း ေလ်ာ့နည္းေစတယ္။
Chemical peel ကုထံုး ယူၿပီးတဲ့အခါမွာ သတိထားရမယ့္ အခ်က္ေလးေတြ ရွိပါတယ္။
- ကုထံုးယူၿပီးကာစမွာ အေရျပားဟာ ေနေရာင္ဒဏ္ကို ခံနိုင္မႈ က်ဆင္းေနတာေၾကာင့္ ေနေရာင္ျခည္ကာကြယ္တဲ့ sun screen တစ္ခုခု လိမ္းသင့္ပါတယ္
- Sun screen ဟာလည္း UVAေရာ UVBပါ ကာကြယ္တဲ့ အမ်ိဳးအစား ျဖစ္သင့္ၿပီး အနည္းဆံုး SPF 30 ေက်ာ္သင့္ပါတယ္။
- မနက္ ၁၀နာရီကေန ညေန ၂နာရီထိကိုလည္း ေနေရာင္ထဲ မထြက္သင့္ပါဘူးေနာ္။
ဘယ္သူေတြက ဒီကုထံုးနဲ႔ ပိုမိုသင့္ေလ်ာ္ပါသလဲ
မ်ားေသာအားျဖင့ေတာ့ အသားလတ္တဲ့သူေတြဟာ ဒီကုထံုးနဲ႔ ပိုသင္ေလ်ာ္ပါတယ္။ အသားအေရာင္ရင့္သူေတြမွာဆိုရင္ အသားအေရမညီတာေတြ ျဖစ္တတ္ပါတယ္။
မ်က္အိတ္ေတြ၊ အေရျပားတြဲျခင္းေတြနဲ႔ အလြန္မ်ားျပားတဲ့ အေရးအေၾကာင္းေတြကေတာ့ ဒီ့ထက္ျမင့္တဲ့ ကုထံုးေတြျဖစ္တဲ့ ေလဆာကုထံုး Laser resurfacing၊ Collagen ျဖည့္ျခင္းေတြ ျပဳလုပ္သင့္ပါတယ္။
အကယ္၍ သင့္မ်က္နွာမွာ ျပည္တည္နာျပန္ျပန္ျဖစ္ေနတာမ်ိဳး၊ နည္းနည္းထိတာနဲ႔ အမာ႐ြတ္ျဖစ္လြယ္တာမ်ိဳးေတြ ရွိခဲ့ရင္ Peeling မလုပ္ခင္ ဆရာဝန္ကို ေျပာျပေနာ္။
သိထားသင့္တာေလးေတြကေတာ့
Chemical peel ဆိုတာ ကာဗြန္နစ္အက္ဆစ္၊ ဆယ္လီစလစ္အက္ဆစ္ စတာေတြ အသံုးျပဳတဲ့အတြက္ ေနေလာင္သလို ခံစားမႈမ်ိဳး ရတတ္ပါတယ္။ အရင္ဆံုး အေရျပားက နီလာမယ္၊ ၿပီးရင္ ၃ရက္ကေန တစ္ပတ္အတြင္း အေရျပားေလးေတြ ကြာက်တတ္ပါတယ္။ ေနာက္ထပ္ လုပ္ခ်င္ရင္လည္း တစ္လတစ္ခါေလာက္ လုပ္လို႔ရပါတယ္။
ဒါေပမယ့္ အေရျပားအတြင္းပိုင္းထိ ပါဝင္တဲ့ deep peel ေတြကေတာ့ အရည္ၾကည္ဖုျဖစ္ျခင္း၊ ေပါက္ထြက္ျခင္းတို႔ ျဖစ္တတ္လို႔ တစ္ပတ္ေလာက္ထိ အနာကို ပတ္တီးေလးအုပ္ၿပီး ေနရတတ္ပါတယ္။ သူလည္း ထပ္လုပ္ခ်င္တယ္ဆိုရင္ ၆လကေန တစ္နွစ္ေလာက္ ေစာင့္ရတတ္ပါတယ္။
သတိထားသင့့္တာကေတာ့
ကိုယ္ဝန္ေဆာင္ေတြ၊ သေႏၶတားေဆး ေသာက္ေနတဲ့အမ်ိဳးသမီးေတြမွာ အညိဳကြက္ေလးေတြ ျဖစ္တတ္ပါတယ္။ ဆရာဝန္နဲ႔ ေသခ်ာတိုင္ပင္ပါ။ ဒါ့အျပင္ ေရယံု ေပါက္တတ္တဲ့သူေတြမွာ ေရယံုျပန္ႂကြတတ္ပါတယ္
ေဒါက္တာယမင္း (ေဆး ၁)