ကိုယ်ဝန်ဆောင်အားဆေးထဲမှာ ဘာတွေပါဝင်သလဲ?
မိခင်လောင်းတို့ သောက်သုံးနေရတဲ့ကိုယ်ဝန်ဆောင်အားဆေးတွေထဲမှာ ရင်သွေးလေးတွေအတွက် အကျိုးပြုမယ့်ဓာတ်တွေထည့်သွင်းထားလေ့ရှိပါတယ်။
Iron (သံဓာတ်)
သံဓာတ်ကတော့မပါမဖြစ်ပါ။သန္ဓေသားလေးဟာ ကြီးထွားဖွံ့ဖြိုးဖို့အတွက် မိခင်ဆီက သံဓာတ်ကို စုပ်ယူရပါတယ်။နေ့စဉ်လိုအပ်တဲ့ပမာဏကတော့ 27 mg ပါ။သတ်သတ်လွတ်စားသူတွေနဲ့ အမြွှာကိုယ်ဝန်ဆောင်ရသူတွေကတော့ ဒီထက်ပိုလိုအပ်နိုင်ပါတယ်။
Folic acid(ဖောလစ်အက်စစ်)
ဒါကတော့ ကလေးငယ်နဲ့ ဦးနှောက်နဲ့အာရုံကြောဖွံ့ဖြိုးမှုအတွက်လိုအပ်ပါတယ်။တစ်နေ့တာလိုအပ်တဲ့ပမာဏကတော့ 600mcg ပါ။Folic acid ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ ရောဂါတွေဟာ သန္ဓေအောင်ပြီး ၂၈ ရက်အတွင်း(မိခင်က ကို်ယ်ဝန်ရှိမှန်းတောင်မသိနိုင်သေးချိန်)မှာဖြစ်တတ်တာမို့ ကိုယ်ဝန်မဆောင်ခင်တစ်လ နဲ့ ကိုယ်ဝန်ရပြီး ၃ လအထိဆက်သောက်ဖို့လိုအပ်ပါတယ်။
Iodine(အိုင်အိုဒင်း)
ဒါကတော့ ကလေးရဲ့ ပုံမှန်ကြီးထွားမှုနဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက်လိုအပ်ပါတယ်။တစ်နေ့တာကို 220 mcg လိုအပ်ပါတယ်။
Vitamin D
ခန္ဓာကိုယ်က Calcium ကိုစုပ်ယူနိုင်ဖို့အတွက် Vitamin D လိုအပ်ပါတယ်။ပုံမှန်အားဖြင့် Vitamin D ကို နေရောင်ခြည်နဲ့အရေပြားထိတွေ့ခြင်းမှ ရရှိပါတယ်။အသားရောင်နက်သူတွေနဲ့ ခန္ဓာကိုယ်အပြည့် အရေပြားမပေါ်အောင် ဝတ်ဆင်ရတဲ့ ရိုးရာရှိသူတွေမှာ ပိုလိုအပ်ပါတယ်။တစ်နေ့တာပမာဏကတော့ 15 mcg ပါ။
Calcium
သူကတော့ အရိုး သွား ကြွက်သား အာရုံကြောနဲ့နှလုံးဖွံ့ဖြိုး မှုအတွက်လိုအပ်ပါတယ်။နိ့ုနဲ့နို့ထွက်ပစ္စည်းရှောင်ရှားသူတွေမှာ ပိုလိုအပ်ပါတယ်။
Vitamin B 12
အာရုံကြောစနစ်ဖွံ့ဖြိုးဖို့အတွက်လိုအပ်ပါတယ်။အသား ဥနဲ့ နို့ထွက်ပစ္စည်းရှောင်သူတွေမှာ ပိုစားဖို့လိုအပ်ပါတယ်။
Omega 3 fatty acid
သူလည်းပဲ အာရုံကြောစနစ် ဖွံ့ဖြိုးဖို့အတွက်လိုအပ်ပါတယ်။ကိုယ်ဝန်ပထမ ၃ လပတ်မှာတော့ ပေးလေးမရှိပါဘူး။
ဒီဓာတ်တွေလိုအပ်တာမှန်ပေမယ့် တန်ဆေးလွန်ဘေးဆိုတာ မမေ့သင့်ပါဘူး။ဥပမာ Vitamin A လို ဓာတ်မျိုးဟာ လိုတာထက်ပိုသောက်မိရင်လည်း ကလေးအတွက်ဆိုးကျိုးဖြစ်စေပါတယ်။မိမိနဲ့သင့်တော်သောဆေးကို တတ်ကျွမ်းသူဆရာဝန်နဲ့ တိုင်ပင်သောက်သုံးနိုင်ပါတယ်။
Ref;https://www.choice.com.au/…/…/articles/pregnancy-supplements
ကို္ယ္ဝန္ေဆာင္အားေဆးထဲမွာ ဘာေတြပါဝင္သလဲ?
မိခင္ေလာင္းတို႔ ေသာက္သံုးေနရတဲ႔ကိုယ္ဝန္ေဆာင္အားေဆးေတြထဲမွာ ရင္ေသြးေလးေတြအတြက္ အက်ိဳးျပဳမယ့္ဓာတ္ေတြထည့္သြင္းထားေလ့ရွိပါတယ္။
Iron (သံဓာတ္)
သံဓာတ္ကေတာ့မပါမျဖစ္ပါ။သေႏၶသားေလးဟာ ၾကီးထြားဖြံ႕ျဖိဳးဖို႔အတြက္ မိခင္ဆီက သံဓာတ္ကို စုပ္ယူရပါတယ္။ေန႔စဥ္လိုအပ္တဲ့ပမာဏကေတာ့ 27 mg ပါ။သတ္သတ္လြတ္စားသူေတြနဲ႔ အျမႊာကိုယ္ဝန္ေဆာင္ရသူေတြကေတာ့ ဒီထက္ပိုလိုအပ္နုိ္င္ပါတယ္။
Folic acid(ေဖာလစ္အက္စစ္)
ဒါကေတာ့ ကေလးငယ္နဲ႔ ဦးေႏွာက္နဲ႔အာရုံေၾကာဖြြ႕ံျဖိဳးမႈအတြက္လိုအပ္ပါတယ္။တစ္ေန႕တာလိုအပ္တဲ႔ပမာဏကေတာ့ 600mcg ပါ။Folic acid ခ်ိဳ႕တဲ႔ျခင္းေၾကာင့္ျဖစ္တဲ႔ ေရာဂါေတြဟာ သေႏၶေအာင္ျပီး ၂၈ ရက္အတြင္း(မိခင္က ကို္္ယ္ဝန္ရွိမွန္းေတာင္မသိနိုင္ေသးခ်ိန္)မွာျဖစ္တတ္တာမို႔ ကိုယ္ဝန္မေဆာင္ခင္တစ္လ နဲ႔ ကိုယ္ဝန္ရျပီး ၃ လအထိဆက္ေသာက္ဖို႔လိုအပ္ပါတယ္။
Iodine(အိုင္အိုဒင္း)
ဒါကေတာ့ ကေလးရဲ႕ ပုံမွန္ၾကီးထြားမႈနဲ႔ ဥာဏ္ရည္ဖြံ႕ျဖိဳးမႈအတြက္လိုအပ္ပါတယ္။တစ္ေန႕တာကို 220 mcg လိုအပ္ပါတယ္။
Vitamin D
ခႏၶာကိုယ္က Calcium ကိုစုပ္ယူနိုင္ဖို႔အတြက္ Vitamin D လိုအပ္ပါတယ္။ပံုမွန္အားျဖင့္ Vitamin D ကို ေနေရာင္ျခည္နဲ႔အေရျပားထိေတြ႕ျခင္းမွ ရရွိပါတယ္။အသားေရာင္နက္သူေတြနဲ႔ ခႏၶာကိုယ္အျပည့္ အေရျပားမေပၚေအာင္ ဝတ္ဆင္ရတဲ့ ရိုးရာရွိသူေတြမွာ ပိုလိုအပ္ပါတယ္။တစ္ေန႕တာပမာဏကေတာ့ 15 mcg ပါ။
Calcium
သူကေတာ့ အရုိး သြား ၾကြက္သား အာရုံေၾကာနဲ႔ႏွလံုးဖြ႕ံျဖိဳး မႈအတြက္လိုအပ္ပါတယ္။နိ႔ုနဲ႔နို႔ထြက္ပစၥည္းေရွာင္ရွားသူေတြမွာ ပိုလိုအပ္ပါတယ္။
Vitamin B 12
အာရုံေၾကာစနစ္ဖြံ႕ျဖိဳးဖို႔အတြက္လိုအပ္ပါတယ္။အသား ဥနဲ႔ ႏို႕ထြက္ပစၥည္းေရွာင္သူေတြမွာ ပိုစားဖို႔လိုအပ္ပါတယ္။
Omega 3 fatty acid
သူလည္းပဲ အာရုံေၾကာစနစ္ ဖြံ႕ျဖိဳးဖို႔အတြက္လိုအပ္ပါတယ္။ကို္ယ္ဝန္ပထမ ၃ လပတ္မွာေတာ့ ေပးေလးမရွိပါဘူး။
ဒီဓာတ္ေတြလိုအပ္တာမွန္ေပမယ့္ တန္ေဆးလြန္ေဘးဆိုတာ မေမ့သင့္ပါဘူး။ဥပမာ Vitamin A လို ဓာတ္မ်ိဳးဟာ လိုတာထက္ပိုေသာက္မိရင္လည္း ကေလးအတြက္ဆိုးက်ိဳးျဖစ္ေစပါတယ္။မိမိနဲ႔သင့္ေတာ္ေသာေဆးကို တတ္ကြ်မ္းသူဆရာဝန္နဲ႔ တုိင္ပင္ေသာက္သံုးႏိုင္ပါတယ္။
Ref;https://www.choice.com.au/…/…/articles/pregnancy-supplements