ပါးနပ်စွာ ကိုင်တွယ်ပါ
မိဘအတော်များများကြုံဖူးပါလိမ့်မယ်….
နည်းပညာတွေတိုးတက်လာပြီး အင်တာနက်ကတစ်ဆင့် ဖုန်းတွေ၊ ကွန်ပျူတာတွေမှာ နိုင်ငံတကာက ဗီဒီယိုတွေ သီချင်းတွေ အလွယ်တကူကြည့်လို့ရလာတာနဲ့အမျှ အရွယ်မရောက်သေးတဲ့ကလေးတွေဟာ ညစ်ညမ်းဗီဒီယိုတွေ မိဘတွေမသိအောင်ခိုးကြည့်ကြတာပါ။
ညစ်ညမ်းဗီဒီယိုတွေဟာ လိင်စိတ်နှိုးဆွမှုကိုဖြစ်စေပြီး မလိုလားအပ်တဲ့ နောက်ဆက်တွဲပြသနာတွေဖြစ်စေနိုင်တာကြောင့် ကလေးတွေအတွက် အဆိပ်အတောက်ပြဲဖစ်ပါတယ်။
မိဘများအနေနဲ့ သင့်ကလေးတွေ ဒီလိုဇာတ်ကားတွေ ခိုးကြည့်နေတာကို အမှတ်မထင် လက်ပူးလက်ကြပ်မိသွားခဲ့ရင် မိဘတွေအနေနဲ့ ကလေးကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသင့်လဲဆိုတာလေး ဖော်ပြပေးလိုက်ပါတယ်:
(1)သင့်ဘက်ကတည်တည်ငြိမ်ငြိမ်ရှိပါစေ။
ဒီအချိန်မှာ မိဘတွေအနေနဲ့ တည်တည်ငြိမ်ငြိမ်ရှိဖို့ဆိုတာ မလွယ်ကူပါဘူး။ဘယ်မိဘမှ ကိုယ့်ကလေး ညစ်ညမ်းကားတွေကြည့်နေတာကို လက်ခံနိုင်မှာမဟုတ်ပါဘူး။သို့သော်လည်း သင့်ကလေးအရှေ့မှာ တည်ငြိမ်စွာဖြေရှင်းဖို့ကြိုးသားပါ။
မိဘဘက်က စိတ်လှုပ်ရှား ဒေါသထွက်ပြမယ်ဆိုရင် ကလေးကို ပိုမိုအရှက်သည်းအောင်လုပ်လိုက်သလိုဖြစ်သွားပြီး…. သင့်ပြောစကားတွေကို သေချာနားထောင်မှာ လိုက်နာမှာမဟုတ်ပါဘူး။ဒါကြောင့် သင့်ဘက်က အရင်ဆုံး တည်ငြိမ်တဲ့အမူအရာရှိပါစေ။
(2)ပုံမှန်အခြေအနေဖြစ်အောင်ကြိုးစားပါ။
သင့်ကလေးအနေနဲ့လည်း သူခိုးကြည့်နေတာကို မိဘတွေမိသွားပြီဆိုကတည်းက ရှက်ရွံမှု၊စိုးရိမ်မှုတွေဖြစ်ပေါ်နေမှာပဲဖြစ်ပါတယ်။
မိဘတွေအနေနဲ့ ကလေးရဲ့ရှက်ရွံစိုးကြောက်မှုကို လျှော့ချပေးရပါမယ်။
ရှက်ရွံစိုးကြောက်မှုကို လျှော့ချပေးတယ်ဆိုရာမှာ ကလေးကို သူ့လုပ်ရပ်ဟာမှန်တယ်/မမှားဘူးလို့ ပြောခိုင်းတာမဟုတ်ပါဘူး။
ကလေးရဲ့ ညစ်ညမ်းပုံတွေကတစ်ဆင့် လိင်ဆန္ဒဖြစ်ပေါ်မှုနဲ့လိင်ပိုင်းဆိုင်ရာစူးစမ်းလိုမှုတို့ဟာ မိမိကိုယ်ကို အလွန်အပြစ်ကြီးတယ်၊မသန့်ရှင်းတော့ဘူးလို့ ကြောက်ရွံ့ခံစားနေရမှုများကို လျှော့ချပေးသင့်ပါတယ်။လိင်စိတ်ဆန္ဒနဲ့ရှက်ရွံစိုးရိမ်ကြီးမှုတို့ပေါင်းစပ်ပြီး နောက်ပိုင်းမှာ မိဘတွေအပေါ်လျှို့ဝှက်မှုတွေ များလာမယ်ဆိုရင် အလွန်အန္တရာယ်ကြီးပြီး မလိုလားအပ်တဲ့ပြသနာတွေဖြစ်ပေါ်လာနိုင်တာကြောင့်…. ကလေးတွေရဲ့လိင်စိတ်ဆန္ဒဟာ သဘာဝဖြစ်စဉ်ဖြစ်ကြောင်း၊သို့သော် ညစ်ညမ်းဇာတ်ကားတွေကြည့်ခြင်းဟာ အန္တရာယ်ရှိကြောင်း သေချာရှင်းပြရပါမယ်။
(3)ကလေးလက်ခံနိုင်လောက်မယ့် အပြုသဘောဆောင်တဲ့ စကားလုံးတွေ ရွေးချယ်သုံးနှုန်းပါ။
“မကောင်းဘူး။မလုပ်နဲ့”ဆိုတာပြောရတာလွယ်ပေမယ့် …ကလေးအနေနဲ့ လက်ခံဖို့ခက်ခဲပါလိမ့်မယ်။
“ဘာလို့မကြည့်သင်ဘူး့….ဘာကြောင့်မကြည့်သင်ဘူး့” ဆိုတာကို ကလေးနားလည်သဘောပေါက်အောင်ပြောပြရပါမယ်။
ညစ်ညမ်းကားတွေကြည့်ရင် ရေရှည်မှာလိင်ပိုင်းဆိုင်ရာပုံမမှန်မှုတွေ၊ စွမ်းဆောင်နိုင်မှုကျဆင်းတာတွေ ဖြစ်နိုင်ကြောင်း မိမိကလေးအသက်အရွယ်နဲ့နားလည်လက်ခံနိုင်မယ့်စကားလုံးများဖြင့် ရှင်းပြပါ။
ကလေးကို အပြစ်ပေး၊ဆူမယ့်အစား…..လိင်စိတ်ဆန္ဒဆိုတာ သဘာဝဖြစ်ကြောင်းနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ မျိုးဆက်ပွားကျန်းမာရေး အကြောင်းပြောပြပါ။လိင်ဆက်ဆံဖို့သင့်တော်တဲ့အသက်အရွယ်တစ်ခုရှိကြောင်းနဲ့ ထိုအသက်အရွယ်ရောက်မှသာ ကျန်းမာရေးနဲ့ညီညွတ်ပြီး စိတ်ချရတဲ့နည်းလမ်းများကို အသုံးပြုသင့်ကြောင်းရှင်းပြပါ။
(4)ညစ်ညမ်းဗီဒီယိုတွေရဲ့ ပြကွက်တွေဟာ မမှန်ကန်ဘဲ
လက်တွေ့နဲ့ကွာခြားပြီးသဘာဝလွန်နေတဲ့အကြောင်း ရှင်းပြပါ။
ဒီ ဗီဒီယိုတွေဟာ စီးပွားရေးအတွက် လူကြည့်များအောင် လိင်စိတ်နှိုးဆွစေသည့် သဘာဝလွန်ပြကွက်များတမင်ထည့်သွင်းထားခြင်းဖြစ်ပြီး ပုံမှန်ယောကျ်ား မိန်းမ ချစ်တင်းနှောမှုနှင့် များစွာကွာခြားကြောင်း……စိတ်ချရပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် ချစ်တင်းနှောမှု၊ မိမိဖာသာအာသာဖြေမှုတို့ကို ရှင်းလင်းခွဲခြားပြပါ။
(5)ညစ်ညမ်းဗီဒီယိုတွေကြည့်ခြင်းဟာ ဦးနှောက်ဖွံဖြိုးမှုကို အန္တရာယ်ဖြစ်စေကြောင်း အလေးထားရှင်းပြပါ။
ဒေါက်တာဝင်း(UM 2)
ပါးနပ္စြာ ကိုင္တြယ္ပါ
မိဘအေတာ္မ်ားမ်ားၾကံဳဖူးပါလိမ့္မယ္….
နည္းပညာေတြတိုးတက္လာၿပီး အင္တာနက္ကတစ္ဆင့္ ဖုန္းေတြ၊ ကြန္ပ်ဴတာေတြမွာ ႏိုင္ငံတကာက ဗီဒီယိုေတြ သီခ်င္းေတြ အလြယ္တကူၾကည့္လို႔ရလာတာနဲ႔အမ်ွ အရြယ္မေရာက္ေသးတဲ့ကေလးေတြဟာ ညစ္ညမ္းဗီဒီယိုေတြ မိဘေတြမသိေအာင္ခိုးၾကည့္ၾကတာပါ။
ညစ္ညမ္းဗီဒီယိုေတြဟာ လိင္စိတ္ႏိႈးဆြမႈကိုျဖစ္ေစၿပီး မလိုလားအပ္တဲ့ ေနာက္ဆက္တြဲျပသနာေတြျဖစ္ေစႏိုင္တာေၾကာင့္ ကေလးေတြအတြက္ အဆိပ္အေတာက္ပျဲဖစ္ပါတယ္။
မိဘမ်ားအေနနဲ႔ သင့္ကေလးေတြ ဒီလိုဇာတ္ကားေတြ ခိုးၾကည့္ေနတာကို အမွတ္မထင္ လက္ပူးလက္ၾကပ္မိသြားခဲ့ရင္ မိဘေတြအေနနဲ႔ ကေလးကို ဘယ္လိုကိုင္တြယ္ေျဖ႐ွင္းသင့္လဲဆိုတာေလး ေဖာ္ျပေပးလိုက္ပါတယ္:
(1)သင့္ဘက္ကတည္တည္ၿငိမ္ၿငိမ္႐ွိပါေစ။
ဒီအခ်ိန္မွာ မိဘေတြအေနနဲ႔ တည္တည္ၿငိမ္ၿငိမ္႐ွိဖို႔ဆိုတာ မလြယ္ကူပါဘူး။ဘယ္မိဘမွ ကိုယ့္ကေလး ညစ္ညမ္းကားေတြၾကည့္ေနတာကို လက္ခံႏိုင္မွာမဟုတ္ပါဘူး။သို႔ေသာ္လည္း သင့္ကေလးအေ႐ွ႕မွာ တည္ၿငိမ္စြာေျဖ႐ွင္းဖို႔ႀကိဳးသားပါ။
မိဘဘက္က စိတ္လႈပ္႐ွား ေဒါသထြက္ျပမယ္ဆိုရင္ ကေလးကို ပိုမိုအ႐ွက္သည္းေအာင္လုပ္လိုက္သလိုျဖစ္သြားၿပီး…. သင့္ေျပာစကားေတြကို ေသခ်ာနားေထာင္မွာ လိုက္နာမွာမဟုတ္ပါဘူး။ဒါေၾကာင့္ သင့္ဘက္က အရင္ဆံုး တည္ၿငိမ္တဲ့အမူအရာ႐ွိပါေစ။
(2)ပံုမွန္အေျခအေနျဖစ္ေအာင္ႀကိဳးစားပါ။
သင့္ကေလးအေနနဲ႔လည္း သူခိုးၾကည့္ေနတာကို မိဘေတြမိသြားၿပီဆိုကတည္းက ႐ွက္ရြံမႈ၊စိုးရိမ္မႈေတြျဖစ္ေပၚေနမွာပဲျဖစ္ပါတယ္။
မိဘေတြအေနနဲ႔ ကေလးရဲ႕႐ွက္ရြံစိုးေၾကာက္မႈကို ေလ်ွာ့ခ်ေပးရပါမယ္။
႐ွက္ရြံစိုးေၾကာက္မႈကို ေလ်ွာ့ခ်ေပးတယ္ဆိုရာမွာ ကေလးကို သူ႔လုပ္ရပ္ဟာမွန္တယ္/မမွားဘူးလို႔ ေျပာခိုင္းတာမဟုတ္ပါဘူး။
ကေလးရဲ႕ ညစ္ညမ္းပံုေတြကတစ္ဆင့္ လိင္ဆႏၵျဖစ္ေပၚမႈနဲ႔လိင္ပိုင္းဆိုင္ရာစူးစမ္းလိုမႈတို႔ဟာ မိမိကိုယ္ကို အလြန္အျပစ္ႀကီးတယ္၊မသန္႔႐ွင္းေတာ့ဘူးလို႔ ေၾကာက္ရြံ့ခံစားေနရမႈမ်ားကို ေလ်ွာ့ခ်ေပးသင့္ပါတယ္။လိင္စိတ္ဆနၵနဲ႔႐ွက္ရြံစိုးရိမ္ျကီးမႈတို႔ေပါင္းစပ္ၿပီး ေနာက္ပိုင္းမွာ မိဘေတြအေပၚလ်ွိဳ႕ဝွက္မႈေတြ မ်ားလာမယ္ဆိုရင္ အလြန္အနၱရာယ္ႀကီးၿပီး မလိုလားအပ္တဲ့ျပသနာေတြျဖစ္ေပၚလာႏိုင္တာေၾကာင့္…. ကေလးေတြရဲ႕လိင္စိတ္ဆနၵဟာ သဘာဝျဖစ္စဥ္ျဖစ္ေၾကာင္း၊သို႔ေသာ္ ညစ္ညမ္းဇာတ္ကားေတြၾကည့္ျခင္းဟာ အနၱရာယ္႐ွိေၾကာင္း ေသခ်ာ႐ွင္းျပရပါမယ္။
(3)ကေလးလက္ခံႏိုင္ေလာက္မယ့္ အျပဳသေဘာေဆာင္တဲ့ စကားလံုးေတြ ေရြးခ်ယ္သံုးႏႈန္းပါ။
“မေကာင္းဘူး။မလုပ္နဲ႔”ဆိုတာေျပာရတာလြယ္ေပမယ့္ …ကေလးအေနနဲ႔ လက္ခံဖို႔ခက္ခဲပါလိမ့္မယ္။
“ဘာလို႔မၾကည့္သင္ဘူး့….ဘာေၾကာင့္မၾကည့္သင္ဘူး့” ဆိုတာကို ကေလးနားလည္သေဘာေပါက္ေအာင္ေျပာျပရပါမယ္။
ညစ္ညမ္းကားေတြၾကည့္ရင္ ေရ႐ွည္မွာလိင္ပိုင္းဆိုင္ရာပံုမမွန္မႈေတြ၊ စြမ္းေဆာင္ႏိုင္မႈက်ဆင္းတာေတြ ျဖစ္ႏိုင္ေၾကာင္း မိမိကေလးအသက္အရြယ္နဲ႔နားလည္လက္ခံႏိုင္မယ့္စကားလံုးမ်ားျဖင့္ ႐ွင္းျပပါ။
ကေလးကို အျပစ္ေပး၊ဆူမယ့္အစား…..လိင္စိတ္ဆနၵဆိုတာ သဘာဝျဖစ္ေၾကာင္းနဲ႔ က်န္းမာေရးနဲ႔ညီၫြတ္တဲ့ မ်ိဳးဆက္ပြားက်န္းမာေရး အေၾကာင္းေျပာျပပါ။လိင္ဆက္ဆံဖို႔သင့္ေတာ္တဲ့အသက္အရြယ္တစ္ခု႐ွိေၾကာင္းနဲ႔ ထိုအသက္အရြယ္ေရာက္မွသာ က်န္းမာေရးနဲ႔ညီၫြတ္ၿပီး စိတ္ခ်ရတဲ့နည္းလမ္းမ်ားကို အသံုးျပဳသင့္ေၾကာင္း႐ွင္းျပပါ။
(4)ညစ္ညမ္းဗီဒီယိုေတြရဲ႕ ျပကြက္ေတြဟာ မမွန္ကန္ဘဲ
လက္ေတြ႔နဲ႔ကြာျခားၿပီးသဘာဝလြန္ေနတဲ့အေၾကာင္း ႐ွင္းျပပါ။
ဒီ ဗီဒီယိုေတြဟာ စီးပြားေရးအတြက္ လူၾကည့္မ်ားေအာင္ လိင္စိတ္ႏိႈးဆြေစသည့္ သဘာဝလြန္ျပကြက္မ်ားတမင္ထည့္သြင္းထားျခင္းျဖစ္ၿပီး ပံုမွန္ေယာက်္ား မိန္းမ ခ်စ္တင္းေႏွာမႈႏွင့္ မ်ားစြာကြာျခားေၾကာင္း……စိတ္ခ်ရၿပီး က်န္းမာေရးႏွင့္ညီၫြတ္သည့္ ခ်စ္တင္းေႏွာမႈ၊ မိမိဖာသာအာသာေျဖမႈတို႔ကို ႐ွင္းလင္းခြဲျခားျပပါ။
(5)ညစ္ညမ္းဗီဒီယိုေတြၾကည့္ျခင္းဟာ ဦးေႏွာက္ဖြံၿဖိဳးမႈကို အႏၱရာယ္ျဖစ္ေစေၾကာင္း အေလးထား႐ွင္းျပပါ။
ေဒါက္တာဝင္း(UM 2)