သင့်ကလေးငယ် ခဏခဏဖျားနေသလား

မိုးရာသီချိန်ခါနဲ့ ဆောင်းအကုန်နွေအကူးကာလတွေဟာ ကလေးငယ်တွေ ဖျားနာမှုအဖြစ်အများဆုံးအချိန်တွေပဲဖြစ်ပါတယ်။ ဒီအချိန်တွေမှာ ကလေးတွေဟာ နှစ်ခါ၊သုံးခါခန့် ဖျားနာတဲ့အထိဖြစ်တတ်ကြပါတယ်။ အကယ်၍ ဒီ့ထက်များလာပြီတိုရင်တော့ ကလေးငယ်မှာရှိသင့်တဲ့ ကိုယ်ခံအားရှိရဲ့လားဆိုတာရယ်၊ ကလေးရဲ့ပတ်ဝန်းကျင်ဟာ သဟဇာတမဖြစ်ဘဲ ကာလံ၊ဒေသံ၊ပယောဂံ မညီမျှမှုတွေများရှိနေမလားဆိုတာ စဉ်းစားရတော့မှာပါ။ ဒါကြောင့် ကလေးငယ်များ ခဏခဏဖျားနာရစေတဲ့အကြောင်းရင်းများကို တင်ပြလိုက်ပါတယ်။

၁။ အာဟာရမမျှတခြင်း

အာဟာရချို့တဲ့နေရှာတဲ့ ကလေးငယ်တွေဟာ လုံလောက်တဲ့ ကိုယ်ခံအားစံနစ်မရှိတဲ့အတွက် သာမန်ဖျားနာခြင်းကိုတောင် ပျောက်ကင်းဖို့အချိန်ကြာတတ်ပါတယ်။ ဒါ့အပြင် ရောဂါပိုးတစ်ခါဝင်ပြီးတိုင်းမှာ အားပိုနည်းသွားတာကြောင့် နောက်တခါဝင်ဖို့လွယ်ကူပြီး ခဏခဏ ဖျားနာတတ်ကြပါတယ်။

၂။ နာတာရှည်ရောဂါရှင် ကလေးငယ်တွေ

မွေးရာပါရောဂါအချို့ဟာ ကလေးရဲကြီးထွားဖွံ့ဖြိုးမှုကိုအဟန့်အတားဖြစ်စေပါတယ်။ ဥပမာ မွေးရာပါနှလုံးမှာအပေါက်ပိုပါနေတဲ့ ကလေးတွေဟာ ခဏခဏ ဖျားနာတတ်ပြီး ကြီးထွားမှုလည်းနှေးကွေးစေပါတယ်။ ဒါ့အပြင် ကျောက်ကပ်ရောဂါရှင်ကလေးငယ်များ၊ သွေးရောဂါ၊ သူငယ်နာရောဂါအစရှိတဲ့ နာတာရှည်ရောဂါများဟာလည်း မကြာခဏ ဖျားနာစေတတ်တဲ့အျကြာင်းရင်းတွေဖြစ်ပါတယ်။

၃။ ကလေးငယ်ရဲ့ပတ်ဝန်းကျင်နဲ့နေထိုင်မှု

ရာသီဥတုအလိုက်အဖြစ်များတဲ့ရောဂါတွေဟာ များသောအားဖြင့် ကလေးငယ်ရဲ့နေထိုင်ပုံစံနစ်မှာ လိုအပ်ချက်ရှိတဲ့အတွက် ဖြစ်ပွားကြတာများပါတယ်။ အကယ်၍မိုးရာသီမှာ မိုးဖွဲဖွဲထဲ အဆောင်းမပါဘဲ သွားလာမိတာ၊ ဆောင်းရာသီမှာ လေတိုက်ထဲမှာကြာကြာဆော့မိတာ၊ ညအိပ်တအြခါ လုံလုံခြုံခြုံမအိပ်မိတဲ့အခါ ဂရုမစိုက်မိတိုင်းမှာ ဖျားနာနိုင်ပါတယ်။

၄။ အစားအသောက်မှားခြင်း

အထူးသဖြင့် ဆောင်းရာသီကာလဟာ ဗိုင်းရပ်စ်ပိုးများပေါက်ပွားမှု အားကောင်းတဲ့အချိန်ကာလတစ်ခုဖြစ်တဲ့အတွက် ဝမ်းပျက်ဝမ်းလျှောရောဂါများ အလွန်အဖြစ်များပါတယ်။ ဒီအချိန်မှာ လမ်းဘေးစာတွေ စားမိရင် အခန့်မသင့်တဲ့အခါ ဝမ်းလျှောနိုင်ပါတယ်။ ရေခဲချောင်း၊ အချိုရည်များဟာလည်း အာသီးရောင်ရမ်းပြီး ဖျားနာချောင်းဆိုးစေနိုင်တာကိုသတိပြုရပါမယ်။

၅။ မိသားစုဝင်ရောဂါရှင်များ

ကလေးငယ်ရဲ့ကိုယ်ခံအားစနစ်ဟာ အတော်အသင့်ရှိနေပေမယ့် မိသားစုဝင်ထဲမှာ တီဘီဆေးသောက်သုံးမနေသော တီဘီရောဂါသည်ရှိနေခြင်း၊ သံကောင်တုတ်ကောင်ရောဂါရှိနေသူများ၊ ဆေးလိပ်အလွန်အကျွံသောက်သူများ အစရှိတဲ့ ဘေးပယောဂများရှိနေရင်လည်း မကြာခဏ နေမကောင်းဖြစ်နေနိုင်ပါတယ်။

ဒါကြောင့် သတိပြုဆင်ခြင်ဖွယ်များကို ဂရုစိုက်ရှောင်ရှားပြီး ကျန်းမာသောကလေးငယ်ဘဝကိုတည်ဆောက်ပေးနိုင်ကြစေဖို့ရာ တင်ပြလိုက်ပါတယ်။

မေတ္တာဖြင့်
စိုင်းမြတ်သူ
သင့္ကေလးငယ္ ခဏခဏဖ်ားေနသလား

မိုးရာသီခ်ိန္ခါနဲ႔ ေဆာင္းအကုန္ေႏြအကူးကာလေတြဟာ ကေလးငယ္ေတြ ဖ်ားနာမႈအျဖစ္အမ်ားဆံုးအခ်ိန္ေတြပဲျဖစ္ပါတယ္။ ဒီအခ်ိန္ေတြမွာ ကေလးေတြဟာ ႏွစ္ခါ၊သံုးခါခန္႔ ဖ်ားနာတဲ့အထိျဖစ္တတ္ၾကပါတယ္။ အကယ္၍ ဒီ့ထက္မ်ားလာၿပီတိုရင္ေတာ့ ကေလးငယ္မွာ႐ွိသင့္တဲ့ ကိုယ္ခံအား႐ွိရဲ႕လားဆိုတာရယ္၊ ကေလးရဲ႕ပတ္ဝန္းက်င္ဟာ သဟဇာတမျဖစ္ဘဲ ကာလံ၊ေဒသံ၊ပေယာဂံ မညီမ်ွမႈေတြမ်ား႐ွိေနမလားဆိုတာ စဥ္းစားရေတာ့မွာပါ။ ဒါေၾကာင့္ ကေလးငယ္မ်ား ခဏခဏဖ်ားနာရေစတဲ့အေၾကာင္းရင္းမ်ားကို တင္ျပလုိက္ပါတယ္။

၁။ အာဟာရမမ်ွတျခင္း

အာဟာရခ်ိဳ႕တဲ့ေန႐ွာတဲ့ ကေလးငယ္ေတြဟာ လံုေလာက္တဲ့ ကိုယ္ခံအားစံနစ္မ႐ွိတဲ့အတြက္ သာမန္ဖ်ားနာျခင္းကိုေတာင္ ေပ်ာက္ကင္းဖို႔အခ်ိန္ၾကာတတ္ပါတယ္။ ဒါ့အျပင္ ေရာဂါပိုးတစ္ခါဝင္ၿပီးတိုင္းမွာ အားပိုနည္းသြားတာေၾကာင့္ ေနာက္တခါဝင္ဖို႔လြယ္ကူၿပီး ခဏခဏ ဖ်ားနာတတ္ၾကပါတယ္။

၂။ နာတာ႐ွည္ေရာဂါ႐ွင္ ကေလးငယ္ေတြ

ေမြးရာပါေရာဂါအခ်ိဳ႕ဟာ ကေလးရဲႀကီးထြားဖြံ႔ၿဖိဳးမႈကိုအဟန္႔အတားျဖစ္ေစပါတယ္။ ဥပမာ ေမြးရာပါႏွလံုးမွာအေပါက္ပိုပါေနတဲ့ ကေလးေတြဟာ ခဏခဏ ဖ်ားနာတတ္ၿပီး ႀကီးထြားမႈလည္းေႏွးေကြးေစပါတယ္။ ဒါ့အျပင္ ေက်ာက္ကပ္ေရာဂါ႐ွင္ကေလးငယ္မ်ား၊ ေသြးေရာဂါ၊ သူငယ္နာေရာဂါအစ႐ွိတဲ့ နာတာ႐ွည္ေရာဂါမ်ားဟာလည္း မၾကာခဏ ဖ်ားနာေစတတ္တဲ့အ်ၾကာင္းရင္းေတြျဖစ္ပါတယ္။

၃။ ကေလးငယ္ရဲ႕ပတ္ဝန္းက်င္နဲ႔ေနထိုင္မႈ

ရာသီဥတုအလိုက္အျဖစ္မ်ားတဲ့ေရာဂါေတြဟာ မ်ားေသာအားျဖင့္ ကေလးငယ္ရဲ႕ေနထိုင္ပံုစံနစ္မွာ လိုအပ္ခ်က္႐ွိတဲ့အတြက္ ျဖစ္ပြားၾကတာမ်ားပါတယ္။ အကယ္၍မိုးရာသီမွာ မိုးဖြဲဖြဲထဲ အေဆာင္းမပါဘဲ သြားလာမိတာ၊ ေဆာင္းရာသီမွာ ေလတိုက္ထဲမွာၾကာၾကာေဆာ့မိတာ၊ ညအိပ္တျအခါ လံုလံုျခံဳျခံဳမအိပ္မိတဲ့အခါ ဂ႐ုမစိုက္မိတိုင္းမွာ ဖ်ားနာႏိုင္ပါတယ္။

၄။ အစားအေသာက္မွားျခင္း

အထူးသျဖင့္ ေဆာင္းရာသီကာလဟာ ဗိုင္းရပ္စ္ပိုးမ်ားေပါက္ပြားမႈ အားေကာင္းတဲ့အခ်ိန္ကာလတစ္ခုျဖစ္တဲ့အတြက္ ဝမ္းပ်က္ဝမ္းေလ်ွာေရာဂါမ်ား အလြန္အျဖစ္မ်ားပါတယ္။ ဒီအခ်ိန္မွာ လမ္းေဘးစာေတြ စားမိရင္ အခန္႔မသင့္တဲ့အခါ ဝမ္းေလ်ွာႏိုင္ပါတယ္။ ေရခဲေခ်ာင္း၊ အခ်ိဳရည္မ်ားဟာလည္း အာသီးေရာင္ရမ္းၿပီး ဖ်ားနာေခ်ာင္းဆိုးေစႏိုင္တာကိုသတိျပဳရပါမယ္။

၅။ မိသားစုဝင္ေရာဂါ႐ွင္မ်ား

ကေလးငယ္ရဲ႕ကိုယ္ခံအားစနစ္ဟာ အေတာ္အသင့္႐ွိေနေပမယ့္ မိသားစုဝင္ထဲမွာ တီဘီေဆးေသာက္သံုးမေနေသာ တီဘီေရာဂါသည္႐ွိေနျခင္း၊ သံေကာင္တုတ္ေကာင္ေရာဂါ႐ွိေနသူမ်ား၊ ေဆးလိပ္အလြန္အကြၽံေသာက္သူမ်ား အစ႐ွိတဲ့ ေဘးပေယာဂမ်ား႐ွိေနရင္လည္း မၾကာခဏ ေနမေကာင္းျဖစ္ေနႏိုင္ပါတယ္။

ဒါေၾကာင့္ သတိျပဳဆင္ျခင္ဖြယ္မ်ားကို ဂ႐ုစိုက္ေ႐ွာင္႐ွားၿပီး က်န္းမာေသာကေလးငယ္ဘဝကိုတည္ေဆာက္ေပးႏိုင္ၾကေစဖို႔ရာ တင္ျပလိုက္ပါတယ္။

ေမတၱာျဖင့္
စိုင္းျမတ္သူ

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…