သားကြောဖြတ်ပြီးမှ ကလေးပြန်လိုချင်လျှင်

“ လူ့အလို နတ်မလိုက်နိုင် “ ဆိုတဲ့ စကားပုံက အလကားမဟုတ် …..

လူနာတွေဆိုသည်မှာလည်း လွယ်တဲ့အမျိုးတော့ မဟုတ်…..

သားကြောဖြတ်ချင်လွန်းလှပါချည့်ရဲ့ ဆိုတာလည်း သူတို့…..

သတ်မှတ်ချက်တွေနဲ့ မကိုက်ညီသေးလို့ သားကြောမဖြတ်ပေးလို့ စိတ်ဆိုးတာလည်း သူတို့…..
အဲ…..

သားကြောဖြတ်ပြီးမှ ကလေးပြန်လိုချင်ပါတယ်ဆိုတာလည်း သူတို့…..

သို့သော်လည်း …..ဒီလိုလူနာတွေရဲ့ ကျေးဇူးကြောင့်ပဲ နည်းပညာအသစ်အဆန်းတွေ တီထွင်ကြ ပေါ်လာကြတယ် ပြောရမယ်

ခုလည်း သားကြောဖြတ်ပြီးမှ ကလေးပြန်လိုချင်သူတွေအတွက် နည်းလမ်းအချို့ ပေါ်ထွက်လာပြီ – သားကြောပြန်ဆက်ခြင်း၊ ဖန်ပြွန်သန္ဓေနည်းအသုံးပြုခြင်း…..စတဲ့ နည်းလမ်းတွေနဲ့ အချို့ သားကြောဖြတ်ပြီးသား လူနာတွေမှာ ကလေးပြန်ယူလို့ ရနေပြီ။

ဒီကုသမှုနည်းလမ်းတွေမှာတော့ အခြားကုထုံးတွေလိုပဲ သက်ဆိုင်ရာ အားသာချက်၊အားနည်းချက်၊ပေါ်ပေါက်လာနိုင်တဲ့ အန္တရာယ် စတာတွေရှိတယ်။ဒီအချက်ကို ဘာလို့ထည့်ပြောရလဲဆိုရင် …..လူနာတွေအနေနဲ့….. “ ဟာ သားကြောဖြတ်ပြီးလည်း နောက်လိုချင်တဲ့အခါ ကလေးပြန်ယူလို့ရနေတာပ ဲ”လို့ လွယ်လွယ်တွေးပြီး သားကြောဖြတ်ဖို့ ဆုံးဖြတ်ချက် အလွယ်ချမိမှာစိုးလို့…..။

နောက်ပြီး….. ကလေးပြန်ရနိုင် မရနိုင်က ….. လူနာဟာ ဘယ်လိုအကြောင်းကြောင့် သားကြောဖြတ်ထားတာလဲ၊ဘယ်လိုနည်းနဲ့လဲ၊လူနာရဲ့ အသက်အရွယ်၊ လူနာရဲ့ မျိုးအောင်နိုင်မှု အခြေအနေ စတာတွေပေါ်တော့ မူတည်တယ်။

ကဲ ….. သားကြောဖြတ်ပြီးမှ ကလေးပြန်ယူဖို့ ကြိုးစားမယ်ဆိုရင် ပထမဆုံး စစ်ဆေးရမှာ ဘာလို့ထင်ပါသလဲ ?
သင့်အမျိုးသားရဲ့ သုတ်ပိုးအခြေအနေကို အရင်ဆုံးစစ်ဆေးရမှာပါ။သင့်အမျိုးသားဘက်က မျိုးအောင်နိုင်သေးကြောင်း သေချာမှသာ သင့်အနေနဲ့ လိုအပ်တဲ့ ကုသမှုတွေကို
ဆက်လက်လုပ်ဆောင်သင့်ပါတယ်။

(၁) သားကြောပြန်ဆက်ခြင်း

သင်ဟာ ပုံမှန်သားကြောဖြတ်နည်းနဲ့ပဲ သားကြောဖြတ်ထားတယ်ဆိုရင် ဒီနည်းသုံးပြီး ကလေးပြန်ရနိုင်ချေများပါတယ်။ ဆိုလိုတာက သင့်မှာ သားအိမ်ရှိတယ်၊သားဥအိမ်လည်းရှိတယ်…..ပြီးတော့ သင့်ကို ကလေးမရစေဖို့ သားဥပြွန်လေးတွေကို ထုံးပြီးသားကြောဖြတ်ထားတယ်ဆိုပါစို့။

သင်ကလေးပြန်လိုချင်တဲ့အခါ …..ခွဲစိတ်ခန်းပြန်ဝင်ပြိး သားဥပြွန်ထုံးတားတာလေးတွေကို ပြန်ဖြည်ပြီး နဂိုအတိုင်းပြန်ဆက်ပေးရပါတယ်။ပြီးရင်တော့ သင့်အနေနဲ့ သာမန်အမျိုးသမီးတွေလိုပဲ ကိုယ်ဝန်ရဖို့ ပြန်စောင့် ပြန်ကြိုးစားနိုင်ပါပြီ။

ဒီနည်းလမ်းဟာ အကုန်အကျသက်သာပြီး …..အသက် ၃၄နှစ်အောက် အမျိုးသမီးတွေမှာ အောင်မြင်နိုင်ချေ ၆၂% မှ ၇၄ % ထိရှိပြီး အသက် ၃၄နှစ်ကျော်သူတွေမှာတော့ ၄၆% ရှိတယ်လို့ ဆိုပါတယ်။

(၂) ဖန်ပြွန်သန္ဓေနည်းအသုံးပြုခြင်း

တကယ်လို့ သင်ဟာ သားအိမ်ပါထုတ်ပစ်လိုက်တယ်…..သားဥအိမ်တော့ တစ်ဖက် (သို့) နှစ်ဖက်လုံးကျန်သေးတယ်ဆိုရင် ခုပြောတဲ့ ဖန်ပြွန်သန္ဓေနည်းသုံးပြီး ကလေးရယူနိုင်ပါတယ်။သို့သော် သင့်မှာ ကိုယ်ဝန်ဆောင်ဖို့ရာ သားအိမ်မရှိတော့တဲ့အတွက် အငှားကိုယ်ဝန်ဆောင်ရဲ့အကူအညီ ရယူဖို့လိုပါလိမ့်မယ်။

သင့်ရဲ့ကျန်ရှိနေတယ့် သားဥအိမ်ထဲက သားဥကို ထုတ်ယူ …..သင့်အမျိုးသားဆီက သုတ်ပိုးကို ထုတ်ယူပြီး…..ဓာတ်ခွဲခန်းမှာ ပေါင်းစပ်သန္ဓေအောင်စေပါတယ်။သန္ဓေအောင်ပြီးနောက် ရလာတယ့် သန္ဓေသားလောင်းကို အငှားကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ သားအိမ်ထဲ ထည့်ပေးပြီး ကိုယ်ဝန်ဆောင်စေပါတယ်။

ဒီနည်းဟာ ငွေကုန်ကြေးကျများပေမယ့် မဖြစ်မနေကလေးပြန်လိုချင်ရင်တော့ ကြိုးစားကြည့်သင့်တယ့် နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။

(အငှားကိုယ်ဝန်ဆောင်အကြောင်း အသေးစိတ်ကို အောက်ပါ link တွင် လေ့လာဖတ်ရှုနိုင်ပါတယ် https://m.facebook.com/story.php?story_fbid=778290055882400&id=333998543644889 )

ပိုင်နီမေ

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…