ကိုယ်ဝန်ဆောင်စဉ်ဖျားနာလျှင်

မိခင်လောင်းတို့ရေ။ ဝမ်းကြာတိုက်ထဲက သားသားမီးမီးလေးတွေကို လွယ်ထားရတဲ့အချိန်က ကိုးလဆယ်လတောင်ဆိုတော့ နွေ၊မိုး၊ဆောင်း ရာသီဥတုသုံးမျိုးလုံးကို ကိုယ်ဝန်လွယ်ရင်းဖြတ်သန်းရတဲ့အခါ တစ်ခါတစ်လေ ဖျားနာတတ်ကြတာပေါ့။ ဒီလိုဖျားနာခဲ့ရင် အားလုံးမေးတတ်ကြတာက ဘာဆေးသောက်ရမလဲ၊ ကိုယ်ဝန်နဲ့အဆင်ပြေပါ့မလားဆိုတဲ့ မေးခွန်းပါပဲ။ ဒီတော့ဘယ်ဆေးတွေက အန္တရာယ်ကင်းသလဲ၊ ဘယ်ဆေးကတော့မသောက်သင့်ဘူးလဲဆိုတာ အဖြေရှာကြည့်ကြရအောင်နော်။

ဘယ်အဖျားကျဆေးကိုသောက်သင့်သလဲ?

ကိုယ်ဝန်ဆောင်စဉ်ဖျားနာရင် စိတ်အချရဆုံးအဖျားကျဆေးကတော့ ပါရာစီတမော(Paracetamol)ပါပဲ။ အစီတာမိုင်နိုဖန်(Acetaminophen) ဆိုတာကိုလဲကြားဖူးကြမယ်ထင်ပါတယ်။ တကယ်တော့ ပါရာစီတမောနဲ့ အစီတာမိုင်နိုဖန်ဆိုတာအတူတူပါပဲ။ Paracetamol ကိုလကိုယ်ဝန်လနုလရင့်မရွေး စိတ်ချစွာသုံးနိုင်ပါတယ်။ နိုင်ငံတကာလေ့လာဆန်းစစ်ချက်တွေအရ ပါရစီတမောဟာ မိခင်အတွက်ရောကလေးအတွက်ပါ ထိခိုက်မှုမရှိဘူးလို့ အဖြေတွေ့ရှိထားပါတယ်။

ဒါဆို ပါရာစီတမော တစ်မျိုးပဲသောက်ရတော့မှာလား?

ပါရာစီတမောအပြင် လူတွေအသုံးများတဲ့ဆေးတွေကတော့ Ibuprofen ၊ Mefenamic Acid နဲ့ Diclofenacတို့ပါပဲ။ ဒီဆေးတွေက NSAID (Non Steroidal Anti Inflammatory Drugs) ဆိုတဲ့ဆေးအုပ်စုဝင်တွေဖြစ်ပါတယ်။ Ibuprofenကိုတော့ သာမာန်ဖျားနာကိုက်ခဲရင်သုံးကြပြီး Diclofenacကိုတော့ ဖျားနာတာထက် နာကျင်ကိုက်ခဲရင်ပိုသုံးကြပါတယ်။ Mefenamic Acidကတော့ အမျိုးသမီးတွေ ရာသီသွေးဆင်းခြင်းကြောင့်ကိုက်ခဲရင်သုံးကြပါတယ်။ ဒီဆေးသုံးမျိုးလုံးကို သာမာန်အချိန်မှာ အဖျားပျောက်ဆေးအနေနဲ့လဲ သုံးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ကာလမှာတော့ ကိုယ်ဝန်လနုစဉ်မှာ ဆရာဝန်ညွှန်ကြားချက်နဲ့သုံးနိုင်ပေမယ့် ကိုယ်ဝန်တတိယသုံးလပတ်မှာတော့ ရေမွှာရည်နည်းခြင်း၊ ကလေးရဲ့နှလုံးသွေးလည်ပတ်မှုလမ်းကြောင်းကို ထိခိုက်နိုင်ခြင်းတို့ကြောင့် တားမြစ်ထားပါတယ်။ Aspirin( အက်စပရင်) သည်လည်းထို့အတူပါပဲ။ ကိုယ်ဝန်တတိယသုံးလပတ်မှာ အသုံးပြုမိရင် မီးဖွားတဲ့အခါ မိခင်အတွက်သွေးဆုံးရှုံးမှုကို ပိုများစေပြီး ကလေးမှာလည်း Haemolytic Disease of Newbornလို့ခေါ်တဲ့ သွေးနီဥတွေပေါက်ကွဲစေတဲ့ရောဂါရနိုင်ပါတယ်။
ဒါကြောင့် ပါရာစီတမောသည်သာစိတ်အချရဆုံးလို့ပြောချင်ပါတယ်။ နှာစေးချောင်းဆိုးပျောက်ဆေးများကိုလည်း ဆရာဝန်ညွှန်ကြားချက်အတိုင်းသောက်သုံးနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ်ဖျားနာလျှင် ပိုးသတ်ဆေးသောက်သင့်သလား?

အချို့သောဖျားနာခြင်းတွေဟာ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တတ်တဲ့အတွက် ပိုးသတ်ဆေးသောက်ဖို့လိုအပ်ပါတယ်။ ဒါပေမယ့်ပိုးသတ်ဆေးတိုင်းဟာ အန္တရာယ်ကင်းတယ်လို့တော့ ယူဆလို့မရပါဘူး။

ပင်နယ်စလင်အုပ်စုဝင်ဖြစ်တဲ့ အမောက်စီစလင်(Amoxicillin) အစရှိတဲ့ပိုးသတ်ဆေးတွေနဲ့ Cephalosporinအုပ်စုပိုးသတ်ဆေးတွေဟာ ကိုယ်ဝန်ကိုမထိခိုက်နိုင်တဲ့အတွက် ဆရာဝန်ညွှန်ကြားမှုနဲ့အတူ သုံးစွဲနိုင်ပါတယ်။ အခြားပိုးသတ်ဆေးတွေအနေနဲ့ Erythromycin ၊ Clindamycin တို့ကိုလဲသုံးနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ်မှာ မသုံးစွဲသင့်သော လူသိများတဲ့ဆေးတွေကတော့

  • Tetracycline (တက်တရာဆိုင်ကလင်း)
  • Chloramphenicol (ကလိုရမ်ဖန်နီကော)
  • ငှက်ဖျားပိုးသတ်ဆေးအချို့ (Quinine ၊ Chloroquine)
  • Norfloxacin ၊ Cirofloxacin (စီဖရန်) အစရှိတဲ့ Quinolone အုပ်စုဝက်ဆေးများ
  • တီဘီရောဂါပိုးသတ်ဆေး Isoniazid ၊ Rifampicin (သတိပြုသုံးစွဲရန်) တို့ပဲဖြစ်ပါတယ်။

ကဲ အခုလောက်ဆို မိခင်လောင်းတို့ ဘယ်ဆေးတွေကို ရွေးချယ်သောက်သုံးသင့်လဲ သိရပြီပေါ့နော်။

မေတ္တာဖြင့်
စိုင်းမြတ်သူ

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…

Leave a Reply

Your email address will not be published. Required fields are marked *