နို့တိုက်မေမေဖျားနေလျှင်
နို့တိုက်မိခင်တွေ ဖျားတဲ့အခါ အမေးအများဆုံးမေးခွန်းတွေက:
“ဆရာမ ကျွန်မကလေးကို နို့တိုက်လို့ရလား?”
->အဖြေကတော့ တိုက်လို့ရပါတယ်။မိခင်ဖြစ်သူနေမကောင်းလို့ ကလေးကို နို့တိုက်လို့မရဘူးဆိုတဲ့ ရောဂါအခြေအနေမျိုးက အတော်ရှားပါတယ်။
ကလေးကို အဖျားကူးမှာလား?
->မိခင်နို့ရည်ကတစ်ဆင့် ကလေးဆီကို အဖျားမကူးပါဘူး။သင့်နို့ရည်ကတစ်ဆင့် သင့်ကလေးဆီ ကိုယ်ခံစွမ်းအားများ ပို့ဆောင်ပေးပါတယ်။ဒါကြောင့် သင့်ကလေးကိုယ်ခံစွမ်းအားပိုတက်လာပြီး အလွယ်တကူမဖျားတော့ပါဘူး။
->ဂရုစိုက်ရမယ့်အချက်ကတော့ မိခင်ဖျားနေချိန်တွင် ကလေးနဲ့မျက်နှာချင်းနီးနီးကပ်နေခြင်းရှောင်ကြဉ်ပါ၊ကလေးအနီးအနားတွင် ချောင်းဆိုးခြင်း၊နှာချေခြင်း ရှောင်ကြဉ်ပါ။လက်မကြာခဏဆေးကြောပါ။
အမေသောက်တဲ့ဆေးတွေကြောင့် ကလေးကို ထိခိုက်မှာလား?
->ဆေးရုံဆေးခန်းပြတဲ့အခါ ဆရာဝန်ဖြစ်သူအား မိမိမှာ နို့သို့ကလေးရှိကြောင်း ကြိုတင်အသိပေးထားပါ။ထိုအခါ ဆရာဝန်အနေနဲ့ ရောဂါအတွက် အသင့်လျော်ဆုံးနဲ့ ကလေးအတွက်ထိခိုက်မှုအနည်းဆုံးဆေးကို ရွေးချယ်ညွှန်ကြားပေးပါလိမ့်မယ်။
->မိမိသဘောနဲ့ ဆေးဆိုင်က ဝယ်သောက်ခြင်း၊စပ်ဆေးဝယ်သောက်ခြင်းသည် မိမိကိုယ်တိုင်ကိုသာမက နို့သို့ကလေးငယ်ကိုပါ ထိခိုက်နိုင်တာကြောင့် ပိုအန္တရာယ်များပါတယ်။
ဘယ်လိုမိခင်တွေက ဆေးသောက်တဲ့အခါ ပိုသတိထားသင့်သလဲ?
->လမစေ့ဘဲမွေးတဲ့ကလေးရဲ့ မိခင်တွေ
->ရေရှည်ဆေးစွဲသောက်ရမယ့် မိခင်တွေ အနေနဲ့သောက်ရမည့် ဆေးကို ဆရာဝန်နဲ့သေချာဆွေးနွေးတိုင်ပင်ပြီး ပိုသတိထားရပါမယ်။
ဘယ်လိုကလေးမျိုးက ဆေးဒဏ်သိပ်မခံရဘူးလဲ?
->အရွယ်အစားထွားတဲ့ကလေးတွေ
->မိခင်နို့အပြင် နို့ဘူး၊ဖြည့်စွက်စာ၊အစာမာ စားနေတဲ့ကလေးတွေက မိခင်သောက်တဲ့ ဆေးရဲ့ဒဏ်ကို ခံရနိုင်ချေပိုနည်းပါတယိ။
မေ (ဆေး ၂)
ႏို႔တိုက္ေမေမဖ်ားေနလ်ွင္
ႏို႔တိုက္မိခင္ေတြ ဖ်ားတဲ့အခါ အေမးအမ်ားဆံုးေမးခြန္းေတြက:
“ဆရာမ ကြၽန္မကေလးကို ႏို႔တိုက္လို႔ရလား?”
->အေျဖကေတာ့ တိုက္လို႔ရပါတယ္။မိခင္ျဖစ္သူေနမေကာင္းလို႔ ကေလးကို ႏို႔တိုက္လို႔မရဘူးဆိုတဲ့ ေရာဂါအေျခအေနမ်ိဳးက အေတာ္႐ွားပါတယ္။
ကေလးကို အဖ်ားကူးမွာလား?
->မိခင္နို့ရည္ကတစ္ဆင့္ ကေလးဆီကို အဖ်ားမကူးပါဘူး။သင့္ႏို႔ရည္ကတစ္ဆင့္ သင့္ကေလးဆီ ကိုယ္ခံစြမ္းအားမ်ား ပို႔ေဆာင္ေပးပါတယ္။ဒါေၾကာင့္ သင့္ကေလးကိုယ္ခံစြမ္းအားပိုတက္လာၿပီး အလြယ္တကူမဖ်ားေတာ့ပါဘူး။
->ဂ႐ုစိုက္ရမယ့္အခ်က္ကေတာ့ မိခင္ဖ်ားေနခ်ိန္တြင္ ကေလးနဲ႔မ်က္ႏွာခ်င္းနီးနီးကပ္ေနျခင္းေ႐ွာင္ၾကဥ္ပါ၊ကေလးအနီးအနားတြင္ ေခ်ာင္းဆိုးျခင္း၊ႏွာေခ်ျခင္း ေ႐ွာင္ၾကဥ္ပါ။လက္မၾကာခဏေဆးေၾကာပါ။
အေမေသာက္တဲ့ေဆးေတြေၾကာင့္ ကေလးကို ထိခိုက္မွာလား?
->ေဆးရံုေဆးခန္းျပတဲ့အခါ ဆရာဝန္ျဖစ္သူအား မိမိမွာ ႏို႔သို႔ကေလး႐ွိေၾကာင္း ႀကိဳတင္အသိေပးထားပါ။ထိုအခါ ဆရာဝန္အေနနဲ႔ ေရာဂါအတြက္ အသင္႔ေလ်ာ္ဆံုးနဲ႔ ကေလးအတြက္ထိခိုက္မႈအနည္းဆံုးေဆးကို ေရြးခ်ယ္ၫႊန္ၾကားေပးပါလိမ့္မယ္။
->မိမိသေဘာနဲ႔ ေဆးဆိုင္က ဝယ္ေသာက္ျခင္း၊စပ္ေဆးဝယ္ေသာက္ျခင္းသည္ မိမိကိုယ္တိုင္ကိုသာမက ႏို႔သို႔ကေလးငယ္ကိုပါ ထိခိုက္ႏိုင္တာေၾကာင့္ ပိုအႏၱရာယ္မ်ားပါတယ္။
ဘယ္လိုမိခင္ေတြက ေဆးေသာက္တဲ့အခါ ပိုသတိထားသင့္သလဲ?
->လမေစ့ဘဲေမြးတဲ့ကေလးရဲ႕ မိခင္ေတြ
->ေရ႐ွည္ေဆးစြဲေသာက္ရမယ့္ မိခင္ေတြ အေနနဲ႔ေသာက္္ရမည့္ ေဆးကို ဆရာဝန္နဲ႔ေသခ်ာေဆြးေႏြးတိုင္ပင္ၿပီး ပိုသတိထားရပါမယ္။
ဘယ္လိုကေလးမ်ိဳးက ေဆးဒဏ္သိပ္မခံရဘူးလဲ?
->အရြယ္အစားထြားတဲ့ကေလးေတြ
->မိခင္ႏို႔အျပင္ ႏို႔ဘူး၊ျဖည့္စြက္စာ၊အစာမာ စားေနတဲ့ကေလးေတြက မိခင္ေသာက္တဲ့ ေဆးရဲ႕ဒဏ္ကို ခံရႏိုင္ေခ်ပိုနည္းပါတယိ။
ေမ (ေဆး ၂)