မိခင်နို့အကြောင်း တစ်စေ့တစ်စောင်း
ဒီဘက်ခေတ်ကာလမှာ အချို့မိခင်တွေဟာ အလုပ်ထွက်လုပ်ကြရတာအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့တိုက်ကျွေးမှု လျော့ကျလာတဲ့အပြင် မိခင်နို့အစားထိုး နို့မှုန့်မျိုးစုံပေါ်ထွက်လာတာမို့ မိခင်နို့ရရှိသော ကလေးအရေအတွက် နည်းလာပေသည်။ မိခင်နို့ရည် တန်ဖိုးကိုလည်း လျော့တွက်လာကြသည်။ အမှန်စင်စစ် မိခင်နို့သည်သာ ကလေးအတွက် အကောင်းဆုံးအာဟာရဖြစ်ပေသည်။ ထပ်လောင်းပြောရမည်ဆိုလျှင် လမစေ့သောကလေးပင် ဖြစ်လင့်ကစား ထိုမိခင်၏ နို့သည်သာ အသင့်လျော်ဆုံးဖြစ်ပေသည်။
မိခင်နို့တိုက်ကျွေးခြင်းဖြင့် ကလေးသာ ကောင်းကျိုးများ ရရှိသည်မဟုတ်။ မိခင်ပါ သားအိမ်ကောင်းကောင်းဝပ်သဖြင့် မွေးပြီးသွေးသွန်ခြင်း၊ ရောဂါပိုးများဝင်ရောက်ခြင်းတို့ကို ကာကွယ်နိုင်ရုံမက ရင်သားကင်ဆာစသည့် ကင်ဆာရောဂါဖြစ်ပွားမှုကိုပါ လျော့ကျစေသည်။
ကလေးအတွက်မူ လိုအပ်သော အာဟာရများအပြင် ရောဂါကာကွယ်စေသော ပဋိဇီဝဓာတ်ကိုပါ ရရှိနိုင်သည့်အတွက် ကျန်းမာရောဂါကင်းစေမှာ အမှန်ပင်။
မိခင်နို့အတွင်းတွင်
- အစာချေရပိုလွယ်သော အသားဓာတ် (whey) သည် အသားဓာတ် (casein)ထက် ပိုမိုပါဝင်သဖြင့် ကလေးအတွက် ပိုကောင်းပါသည်။ ထို့ပြင် ရောဂါကာကွယ်စေသော Ig A, အူတွင်းရှိရောဂါပိုးမွှားများ အန္တရာယ်မှ ကာကွယ်ပေးသော Lysozyme, Lactoferrin, အူအကျိုးပြုပိုးမွှားများ ပေါက်ပွားမှုကို အားပေးသော bifidus factor တို့ပါ ပါဝင်ပေသည်။
- ကိုယ်ခန္ဓာ ကြီးထွားဖွံ့ဖြိုးမှုအတွက် ကာဗိုဟိုက်ဒရိတ်နှင့် အဆီများလည်း ပြည့်စုံ လုံလောက်စွာပါဝင်ပေသည်။
- သက်စောင့်ဓာတ်များအနေဖြင့် မိခင်စားသမျှ ဗီတာမင်အားလုံးပါဝင်နေပေသည်။ ထို့ကြောင့် မိခင်မှာ အစားများများနှင့် အာဟာရစုံလင်စွာ စားသုံးပေးဖို့လိုအပ်ပါသည်။ (သို့သော် အချို့သော မိခင်များမှာ မိမိစားသုံးသော အစားအစာများကြောင့် ကလေးထိခိုက်မှာ စိုးရိမ်တတ်ကြပေသည်။ ထိုအတွက် စိတ်မပူစေလိုပါ။ မိခင်နို့သည် အာဟာရဓာတ်များ သက်သက်သာ ပါဝင်သဖြင့် ဝမ်းလျောနေသောမိခင်၏ နို့သည် ကလေးဝမ်းလျောခြင်းကို မဖြစ်စေနိုင်ပါ။)
- ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဘီ ၁၂၊ ဖောလစ်အက်ဆစ်တို့ ပေါကြွယ်ဝစွာ ပါဝင်ပေသည်။
- ဗီတာမင် ဘီ ၃၊ ဘီ ၅၊ ဘီ ၆၊ ဗီတာမင် စီ တို့သည်လည်း အနည်းငယ်ပါဝင်ပေသည်။
- ဗီတာမင် ကေ မှာ မိခင်နို့တွင် ပါဝင်မှုနည်းသဖြင့် မွေးစ အတွင်းမှာပင် ဗီတာမင်ကေ ထိုးပေးရန် လိုအပ်ပေသည်။
- ဗီတာမင် ဒီမှာလည်း ပါဝင်မှုနည်းတတ်သဖြင့် လိုအပ်ပါက ဖြည့်စွက်တိုက်ကျွေးရန် လိုအပ်တတ်ပါသည်။
- သတ္တုဓာတ်များလည်း ပါဝင်နေပါသေးသည်။
- ကယ်လ်ဆီယမ်၊ ဇင့်၊ ပိုတက်ဆီယမ်၊ မက်နီဆီယမ်၊ ဖော့စဖိတ်၊ စလီနီယမ်တို့ များစွာပါဝင်၏။
- သံဓာတ်မှာမူ ကလေးအသက် ၆လ အထိ လုံလောက်သော ပမာဏ ပါဝင်၍ ၆လ ကျော်သွားပါက မိခင်နို့တစ်မျိုးတည်းနှင့် မလုံလောက်နိုင်တော့ပေ။ ထို့ကြောင့် အသက် ၆လ ပြည့်မှ စ၍ ဖြည့်စွက်စာ ကျွေးရန် အရေးကြီးပါသည်။
- ဆိုဒီယမ်၊ ကော့ပါး၊ မန်းဂနိ စသော သတ္တုဓာတ်များလည်း အနည်းငယ်ပါဝင်ပေသည်။
ထိုသို့ ကလေးတစ်ဦးအတွက် လိုအပ်သော အာဟာရအပြင် ဖွံ့ဖြိုးမှုနှင့်အညီ အချိုးကျပါဝင်သဖြင့် မိခင်နို့ တစ်မျိုးတည်းကိုသာ အသက် ၆လထိ တိုက်ကျွေးပြီး အသက် ၂နှစ်ထိ မိခင်နို့ကို ဆက်လက်တိုက်ကျွေးပေးရန် လိုအပ်ပါသည်။
ဒေါက်တာချို(ဆေး ၁)
မိခင္နို႔အေၾကာင္း တစ္ေစ့တစ္ေစာင္း
ဒီဘက္ေခတ္ကာလမွာ အခ်ိဳ႕မိခင္ေတြဟာ အလုပ္ထြက္လုပ္ၾကရတာအပါအဝင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မိခင္နို႔တိုက္ေကၽြးမႈ ေလ်ာ့က်လာတဲ့အျပင္ မိခင္နို႔အစားထိုး နို႔မႈန္႔မ်ိဳးစံုေပၚထြက္လာတာမို႔ မိခင္နို႔ရရွိေသာ ကေလးအေရအတြက္ နည္းလာေပသည္။ မိခင္နို႔ရည္ တန္ဖိုးကိုလည္း ေလ်ာ့တြက္လာၾကသည္။ အမွန္စင္စစ္ မိခင္နို႔သည္သာ ကေလးအတြက္ အေကာင္းဆံုးအာဟာရျဖစ္ေပသည္။ ထပ္ေလာင္းေျပာရမည္ဆိုလွ်င္ လမေစ့ေသာကေလးပင္ ျဖစ္လင့္ကစား ထိုမိခင္၏ နို႔သည္သာ အသင့္ေလ်ာ္ဆံုးျဖစ္ေပသည္။
မိခင္နို႔တုိက္ေကၽြးျခင္းျဖင့္ ကေလးသာ ေကာင္းက်ိဳးမ်ား ရရွိသည္မဟုတ္။ မိခင္ပါ သားအိမ္ေကာင္းေကာင္းဝပ္သျဖင့္ ေမြးျပီးေသြးသြန္ျခင္း၊ ေရာဂါပိုးမ်ားဝင္ေရာက္ျခင္းတို႔ကို ကာကြယ္နိုင္ရံုမက ရင္သားကင္ဆာစသည့္ ကင္ဆာေရာဂါျဖစ္ပြားမႈကိုပါ ေလ်ာ့က်ေစသည္။
ကေလးအတြက္မူ လိုအပ္ေသာ အာဟာရမ်ားအျပင္ ေရာဂါကာကြယ္ေစေသာ ပဋိဇီဝဓာတ္ကိုပါ ရရွိနို္င္သည့္အတြက္ က်န္းမာေရာဂါကင္းေစမွာ အမွန္ပင္။
မိခင္နို႔အတြင္းတြင္
- အစာေခ်ရပိုလြယ္ေသာ အသားဓာတ္ (whey) သည္ အသားဓာတ္ (casein)ထက္ ပိုမိုပါဝင္သျဖင့္ ကေလးအတြက္ ပိုေကာင္းပါသည္။ ထို႔ုုျပင္ ေရာဂါကာကြယ္ေစေသာ Ig A, အူတြင္းရွိေရာဂါပိုးမႊားမ်ား အႏၱရာယ္မွ ကာကြယ္ေပးေသာ Lysozyme, Lactoferrin, အူအက်ိဳးျပဳပိုးမႊားမ်ား ေပါက္ပြားမႈကို အားေပးေသာ bifidus factor တုိ႔ပါ ပါဝင္ေပသည္။
- ကိုယ္ခႏၶာ ၾကီးထြားဖြံ႔ျဖိဳးမႈအတြက္ ကာဗိုဟိုက္ဒရိတ္ႏွင့္ အဆီမ်ားလည္း ျပည့္စံု လံုေလာက္စြာပါဝင္ေပသည္။
- သက္ေစာင့္ဓာတ္မ်ားအေနျဖင့္ မိခင္စားသမွ် ဗီတာမင္အားလံုးပါဝင္ေနေပသည္။ ထို႔ေၾကာင့္ မိခင္မွာ အစားမ်ားမ်ားနွင့္ အာဟာရစံုလင္စြာ စားသံုးေပးဖို႔လိုအပ္ပါသည္။ (သို႔ေသာ္ အခ်ိဳ႕ေသာ မိခင္မ်ားမွာ မိမိစားသံုးေသာ အစားအစာမ်ားေၾကာင့္ ကေလးထိခိုက္မွာ စိုးရိမ္တတ္ၾကေပသည္။ ထိုအတြက္ စိတ္မပူေစလုိပါ။ မိခင္နို႔သည္ အာဟာရဓာတ္မ်ား သက္သက္သာ ပါဝင္သျဖင့္ ဝမ္းေလ်ာေနေသာမိခင္၏ နို႔သည္ ကေလးဝမ္းေလ်ာျခင္းကို မျဖစ္ေစနိုင္ပါ။)
- ဗီတာမင္ ေအ၊ ဗီတာမင္ ဘီဝမ္း၊ ဘီတူး၊ ဘီ ၁၂၊ ေဖာလစ္အက္ဆစ္တို႔ ေပါၾကြယ္ဝစြာ ပါဝင္ေပသည္။
- ဗီတာမင္ ဘီ ၃၊ ဘီ ၅၊ ဘီ ၆၊ ဗီတာမင္ စီ တို႔သည္လည္း အနည္းငယ္ပါဝင္ေပသည္။
- ဗီတာမင္ ေက မွာ မိခင္နို႔တြင္ ပါဝင္မႈနည္းသျဖင့္ ေမြးစ အတြင္းမွာပင္ ဗီတာမင္ေက ထိုးေပးရန္ လိုအပ္ေပသည္။
- ဗီတာမင္ ဒီမွာလည္း ပါဝင္မႈနည္းတတ္သျဖင့္ လိုအပ္ပါက ျဖည့္စြက္တိုက္ေကၽြးရန္ လိုအပ္တတ္ပါသည္။
- သတၱဳဓာတ္မ်ားလည္း ပါဝင္ေနပါေသးသည္။
- ကယ္လ္ဆီယမ္၊ ဇင့္၊ ပိုတက္ဆီယမ္၊ မက္နီဆီယမ္၊ ေဖာ့စဖိတ္၊ စလီနီယမ္တို႔ မ်ားစြာပါဝင္၏။
- သံဓာတ္မွာမူ ကေလးအသက္ ၆လ အထိ လံုေလာက္ေသာ ပမာဏ ပါဝင္၍ ၆လ ေက်ာ္သြားပါက မိခင္နို႔တစ္မ်ိဳးတည္းနွင့္ မလံုေလာက္နိုင္ေတာ့ေပ။ ထို႔ေၾကာင့္ အသက္ ၆လ ျပည့္မွ စ၍ ျဖည့္စြက္စာ ေကၽြးရန္ အေရးၾကီးပါသည္။
- ဆိုဒီယမ္၊ ေကာ့ပါး၊ မန္းဂနိ စေသာ သတၱဳဓာတ္မ်ားလည္း အနည္းငယ္ပါဝင္ေပသည္။
ထိုသို႔ ကေလးတစ္ဦးအတြက္ လိုအပ္ေသာ အာဟာရအျပင္ ဖြံ႔ျဖိဳးမႈႏွင့္အညီ အခ်ိဳးက်ပါဝင္သျဖင့္ မိခင္နို႔ တစ္မ်ိဳးတည္းကိုသာ အသက္ ၆လထိ တိုက္ေကၽြးျပီး အသက္ ၂ႏွစ္ထိ မိခင္နို႔ကို ဆက္လက္တိုက္ေကၽြးေပးရန္ လိုအပ္ပါသည္။
ေဒါက္တာခ်ိဳ(ေဆး ၁)