All Articlesအခြားရောဂါများအထွေထွေရောဂါများ

ဆီးကြိတ်ဘာကြောင့် ရောင်ရတယ်

1 Mins read

ဆီးကြိတ်ဘာကြောင့် ရောင်ရတယ်

ဆီးကြိတ်ရောင်တယ်ဆိုတာ ယောကျာ်းလေးတွေမှာပဲ ဖြစ်တတ်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ဆီးကြိတ်ဆိုတဲ့ Prostate Gland က ယောကျ်ားလေးတွေမှာပဲ ရှိတာမို့ပါ။ဒီတော့ ဘာကြောင့်ဆီးကြိတ်ရောင်ရလဲဆိုရင် နံပါတ်တစ်အချက်က ယောကျ်ားလေးဖြစ်နေလို့ပဲလို့ ရယ်စရာဆိုရမှာပါပဲ။

?ဆီးကြိတ်ရောင်တာနှစ်မျိုးရှိပါတယ်။

(၁) ဆီးလမ်းကြောင်းက ရောဂါပိုးမွှားတွေ ဆီးကြိတ်ထဲ ဝင်ရောက်လာလို့ ဖြစ်တဲ့ ‘ရုတ်တရက် ဆီးကြိတ်ရောင်ခြင်း(acute prostatitis)’

(၂)အရှင်းမပျောက်နိုင်ဘဲ ဖြစ်နေတတ်တဲ့ နာတာရှည်ဆီးကြိတ်ရောင်ခြင်း(chronic prostatitis)

လို့ ခွဲထားပါတယ်။

✔ရုတ်တရက် ဆီးကြိတ်ရောင်စေနိုင်တဲ့ အကြောင်းရင်းများ

▪လတ်တလော ဆီးလမ်းကြောင်းပိုးဝင်ခြင်း

▪ဆီးပိုက်ထည့်ထားရခြင်း

▪ဆီးကြိတ်မှ အသားစ(Biopsy)ယူခြင်း

▪HIV/AIDS သို့မဟုတ် လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါတစ်ခုခုရှိနေခြင်း

▪စအိုနှင့် လိင်ဆက်ဆံခြင်း

▪ဆီးလမ်းကြောင်း နှင့် ဆီးခုံပိုင်း ထိခိုက်ဖူးခြင်း

စတာတွေကြောင့် ရုတ်တရက် ဆီးကြိတ်ရောင်တာ ပိုဖြစ်စေနိုင်ပါတယ်။

✔နာတာရှည် ဆီးကြိတ်ရောင်စေနိုင်တဲ့ အကြောင်းရင်းများ

▪သက်လတ်ပိုင်း (အသက် ၃၀ မှ ၅၀ အတွင်း)

▪အရင်က ဆီးကြိတ်ရောင်ဖူးရင်

▪မကြာခဏ ဗိုက်နာတတ်တဲ့ ရောဂါတစ်ခုခုရှိနေရင် (ဥပမာ irritable bowel syndrome )

▪လိင်ပိုင်းဆိုင်ရာ ပြဿနာရှိရင်(အထူးသဖြင့် အနိုင်အထက်ပြုကျင့်ခံရရင်)

ဒီအချက်တွေကြောင့် နာတာရှည် ဆီးကြိတ်ရောင်တာ ပိုဖြစ်စေနိုင်ပါတယ်။

ဆီးကြိတ်ရောင်ခြင်း ကင်းကြပါစေ

Dr ဖြိုးဝေလင်း
(20.8.19)

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…