All Articlesမျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

မတူကွဲပြား ကျားအင်္ဂါများ

1 Mins read

မတူကွဲပြား ကျားအင်္ဂါများ

များစွာသော ရောဂါ အခြေအနေ အကြောင်းအရင်းများကြောင့် ကျားလိင်အင်္ဂါသည် မူမမှန်ဖြစ်နေခြင်း စောင်းနေခြင်း စသည့်ပုံစံများ ဖြစ်လာပါတယ် ။ မွေးရာပါ ချို့ယွင်းမှုများစွာကို ဖယ်လိုက်လှင် အများစုသော အခြေအနေများကို ကုသ၍ ရနိုင်ပြီး ပုံမှန် ကျားအင်္ဂါတစ်ခုကဲ့သို့ ဆောင်ရွက်နိုင်ပါတယ် ။ အောက်ဖော်ပြပါ အချက်တွေကတော့ သင့် ကျားလိင်အင်္ဂါကို နာကျင်စေမယ့် အဆင်မပြေစေမယ့် ပြသနာတွေပါပဲ ။

– လိင်တံကျိုးပဲ့ခြင်း

လိင်တံကျိုးပဲ့ခြင်းဟာ လိင်တံတောင်မတ်နေစဉ်အတွင်း လိင်တံကို အနေအထားတစ်ခုထက် ကျော်လွန်အောင် ကွေးမိသောအခါ ဖြစ်စေနိုင်ပါတယ် ။ အလွန်အမင်းကွေးညွှတ်ခံလိုက်ရသော အမျိုးသားတန်ဆာအတွင်းရှိ ရေမြှုပ်ဆန်တဲ့ တစ်ရှူးပလွှာကိုဖုံးအုပ်ထားသည့် tunica albuginea ဆိုသည့် အမြှေးပါးလေးသည် ပေါက်ပြဲစုတ်ပြတ်သွားပြီး နာကျင်ချင်း အနာတရဖြစ်ခြင်းတို့ကိုဖြစ်စေပါတယ် ။ သည်အမြှေးပါးလေးဟာ လိင်တံတောင်မတ်စေရန် အဓိကကူညီပေးပြီး တောင်မတ်နေစဉ် သွေးများစီးဆင်းနေစေပါတယ် ။ လိင်ဆက်ဆံရင်း စုတ်ပြဲသွားသည့်အချိန်တွင် ဖောက်ခနဲ ဆိုသည့် အသံနှင့်အတူ နာကျင်မှုကိုပါ ခံစားရနိုင်ပါတယ် ။

အခြေအနေဆိုးဝါးပါက ခွဲစိတ်ကုသရပြီး ချက်ချင်းကုသရန် လိုအပ်ပါတယ် ။ မကုဘဲထားပါက ကွေးညွှတ်နေခြင်း စောင်းနေခြင်းဟာ ပြန်ပြင်မရတော့သည်အထိ ဖြစ်လာပြီး လိင်အင်္ဂါ မတောင်မတ်နိုင်တော့ခြင်း သုတ်လွှတ်စော ရောဂါဖြစ်ခြင်းတို့ ဖြစ်လာနိုင်ပါတယ် ။

– လိင်အင်္ဂါဖုံး အရေပြားရှည်လျားနေခြင်း ယောင်ယမ်းနေခြင်း

ကျားလိင်အင်္ဂါထိပ်တွင်ဖုံးပြီး ငုံထားသည့်အရေပြားရှည်လျားနေခြင်းကို ပန်းငုံခြင်းဟုခေါ်ဆိုလေ့ရှိပြီး အများအားဖြင့် အရွယ်မရောက်ခင် ယောက်ျားလေးများတွင် တွေ့လေ့ရှိသည် ။ လူပျိုဖော်ဝင်လျှင် ပျောက်သွားလေ့ရှိသော်လည်း ဆက်လက်ပြီး ငုံပြီးရှည်လျားနေပါက ပြသနာဖြစ်လာပါတယ် ။

ပန်းငုံခြင်းရဲ့အဓိကပြသနာမှာ ကျားလိင်အင်္ဂါကိုဖုံးထားသည့် အရေးပြာအဝကျဉ်းလွန်းသည့်အတွက် လိက်အင်္ဂါထိပ်ဖူးကို ဆွဲထုတ်ရန် ခက်ခဲလာပါတယ် ။ ဒါ့အတွက် ဆီးသွားရာ လိင်ဆက်ဆံရာမှာ အခက်အခဲတွေကြုံတွေ့လာရပါတယ် ။

နောက်ထပ်အခြေအနေတစ်ခုအနဖြင့် ဆွဲလှန်ထားသော လိင်အင်္ဂါဖုံးအရေပြားဟာ ကျားလိင်အင်္ဂါ ထိပ်ဖူးအရင်းနားတွင်ယောင်ယမ်းလာပြီး နဂိုအနေအထားသို့ပြန်မရောက်ခြင်းဖြစ်ပါတယ် ။ ထိုကဲ့သို့ကြာရှည်စွားထားပါက ကျားလိင်အင်္ဂါဟာ ယောင်ယမ်းလာပြီး ညှစ်ထားသကဲ့သို့ဖြစ်ကာ သွေးမလျှောက်နိုင်ဖြစ်လာပါတယ် ။

လိင်အင်္ဂါဖုံးအရေပြား ရှည်ခြင်း ၊ ညှစ်ထားခြင်းတို့ကြောင့် အချိန်ကြာလာသောအခါ မူမမှန်သောပုံသဏ္ဍန် စောင်းနေခြင်း တို့ဖြစ်ပွားလာပါတယ် ။

– ဂေါ်လီထည့်ခြင်း ဆီလီကွန်ထိုးခြင်း

ကျားတို့သဘောသဘာဝအရ လိင်အင်္ဂါ ကြီးထွားစေခြင်းကို ယောက်ျားပီသသသည်ဆိုသည့် လွဲမှားသော အယူအဆများအရ ဂေါ်လီထည့်ခြင်း ၊ ဆီလီကွန်ထည့်ခြင်းတို့ကို လုပ်ဆောင်ကြသည် ။ မမှန်ကန်သော နည်းစနစ်များ နည်းလမ်းများကြောင့် ဒဏ်ရာရခြင်း ၊ ခဲသွားခြင်း ၊ အမာရွတ်များဖြစ်ခြင်းကြောင့် ကျားလိင်အင်္ဂါဟာ မူမမှန်သော ပုံစံဖြစ်သွားနိုင်ပါတယ် ။

ဒါကြောင့် မိမိကျားလိင်အင်္ဂါကို မူမမှန်သည်ဟု ခံစားရခြင်း ၊ လိင်ဆက်ဆံမှုတွင်အခက်အခဲရှိခြင်း အစရှိသည်တို့ကိုကြုံတွေ့လာရပါက ဆရာဝန်နှင့်ပြသတိုင်ပင်ပြီး ကုသခြင်းဖြင့် ပျောက်ကင်းနိုင်ပါတယ် ။

အားလုံးကျန်းမာကြပါစေ

ဒေါက်ပီ

မတူကြဲျပား က်ားအဂၤါမ်ား

မ်ားစြာေသာ ေရာဂါ အေျခအေန အေၾကာင္းအရင္းမ်ားေၾကာင့္ က်ားလိင္အဂၤါသည္ မူမမွန္ျဖစ္ေနျခင္း ေစာင္းေနျခင္း စသည့္ပံုစံမ်ား ျဖစ္လာပါတယ္ ။ ေမြးရာပါ ခ်ဳိ့ယြင္းမႈမ်ားစြာကို ဖယ္လိုက္လွင္ အမ်ားစုေသာ အေျခအေနမ်ားကို ကုသ၍ ရႏိုင္ၿပီး ပံုမွန္ က်ားအဂၤါတစ္ခုက့ဲသို႔ ေဆာင္ရြက္ႏိုင္ပါတယ္ ။ ေအာက္ေဖာ္ျပပါ အခ်က္ေတြကေတာ့ သင့္ က်ားလိင္အဂၤါကို နာက်င္ေစမယ့္ အဆင္မေျပေစမယ့္ ျပသနာေတြပါပဲ ။

– လိင္တံက်ဳိးပ့ဲျခင္း

လိင္တံက်ဳိးပ့ဲျခင္းဟာ လိင္တံေတာင္မတ္ေနစဥ္အတြင္း လိင္တံကို အေနအထားတစ္ခုထက္ ေက်ာ္လြန္ေအာင္ ေကြးမိေသာအခါ ျဖစ္ေစႏိုင္ပါတယ္ ။ အလြန္အမင္းေကြးၫႊတ္ခံလိုက္ရေသာ အမ်ဳိးသားတန္ဆာအတြင္းရွိ ေရျမႇုပ္ဆန္တ့ဲ တစ္႐ွဴးပလႊာကိုဖံုးအုပ္ထားသည့္ tunica albuginea ဆိုသည့္ အေျမွးပါးေလးသည္ ေပါက္ၿပဲစုတ္ျပတ္သြားၿပီး နာက်င္ခ်င္း အနာတရျဖစ္ျခင္းတို႔ကိုျဖစ္ေစပါတယ္ ။ သည္အေျမႇးပါးေလးဟာ လိင္တံေတာင္မတ္ေစရန္ အဓိကကူညီေပးၿပီး ေတာင္မတ္ေနစဥ္ ေသြးမ်ားစီးဆင္းေနေစပါတယ္ ။ လိင္ဆက္ဆံရင္း စုတ္ၿပဲသြားသည့္အခ်ိန္တြင္ ေဖာက္ခနဲ ဆိုသည့္ အသံႏွင့္အတူ နာက်င္မႈကိုပါ ခံစားရႏိုင္ပါတယ္ ။

အေျခအေနဆိုးဝါးပါက ခြဲစိတ္ကုသရၿပီး ခ်က္ခ်င္းကုသရန္ လိုအပ္ပါတယ္ ။ မကုဘဲထားပါက ေကြးၫႊတ္ေနျခင္း ေစာင္းေနျခင္းဟာ ျပန္ျပင္မရေတာ့သည္အထိ ျဖစ္လာၿပီး လိင္အဂၤါ မေတာင္မတ္ႏိုင္ေတာ့ျခင္း သုတ္လႊတ္ေစာ ေရာဂါျဖစ္ျခင္းတို႔ ျဖစ္လာႏိုင္ပါတယ္ ။

– လိင္အဂၤါဖံုး အေရျပားရွည္လ်ားေနျခင္း ေယာင္ယမ္းေနျခင္း

က်ားလိင္အဂၤါထိပ္တြင္ဖံုးၿပီး ငံုထားသည့္အေရျပားရွည္လ်ားေနျခင္းကို ပန္းငံုျခင္းဟုေခၚဆိုေလ့ရွိၿပီး အမ်ားအားျဖင့္ အရြယ္မေရာက္ခင္ ေယာက္်ားေလးမ်ားတြင္ ေတြ႕ေလ့ရွိသည္ ။ လူပ်ဳိေဖာ္ဝင္လွ်င္ ေပ်ာက္သြားေလ့ရွိေသာ္လည္း ဆက္လက္ၿပီး ငံုၿပီးရွည္လ်ားေနပါက ျပသနာျဖစ္လာပါတယ္ ။

ပန္းငံုျခင္းရဲ႕အဓိကျပသနာမွာ က်ားလိင္အဂၤါကိုဖံုးထားသည့္ အေရးျပာအဝက်ဥ္းလြန္းသည့္အတြက္ လိက္အဂၤါထိပ္ဖူးကို ဆြဲထုတ္ရန္ ခက္ခဲလာပါတယ္ ။ ဒါ့အတြက္ ဆီးသြားရာ လိင္ဆက္ဆံရာမွာ အခက္အခဲေတြၾကံဳေတြ႕လာရပါတယ္ ။

ေနာက္ထပ္အေျခအေနတစ္ခုအနျဖင့္ ဆြဲလွန္ထားေသာ လိင္အဂၤါဖံုးအေရျပားဟာ က်ားလိင္အဂၤါ ထိပ္ဖူးအရင္းနားတြင္ေယာင္ယမ္းလာၿပီး နဂိုအေနအထားသို႔ျပန္မေရာက္ျခင္းျဖစ္ပါတယ္ ။ ထိုက့ဲသို႔ၾကာရွည္စြားထားပါက က်ားလိင္အဂၤါဟာ ေယာင္ယမ္းလာၿပီး ညႇစ္ထားသက့ဲသို႔ျဖစ္ကာ ေသြးမေလွ်ာက္ႏိုင္ျဖစ္လာပါတယ္ ။

လိင္အဂၤါဖံုးအေရျပား ရွည္ျခင္း ၊ ညႇစ္ထားျခင္းတို႔ေၾကာင့္ အခ်ိန္ၾကာလာေသာအခါ မူမမွန္ေသာပံုသ႑န္ ေစာင္းေနျခင္း တို႔ျဖစ္ပြားလာပါတယ္ ။

– ေဂၚလီထည့္ျခင္း ဆီလီကြန္ထိုးျခင္း

က်ားတို႔သေဘာသဘာဝအရ လိင္အဂၤါ ႀကီးထြားေစျခင္းကို ေယာက္်ားပီသသသည္ဆိုသည့္ လြဲမွားေသာ အယူအဆမ်ားအရ ေဂၚလီထည့္ျခင္း ၊ ဆီလီကြန္ထည့္ျခင္းတို႔ကို လုပ္ေဆာင္ၾကသည္ ။ မမွန္ကန္ေသာ နည္းစနစ္မ်ား နည္းလမ္းမ်ားေၾကာင့္ ဒဏ္ရာရျခင္း ၊ ခဲသြားျခင္း ၊ အမာရြတ္မ်ားျဖစ္ျခင္းေၾကာင့္ က်ားလိင္အဂၤါဟာ မူမမွန္ေသာ ပံုစံျဖစ္သြားႏိုင္ပါတယ္ ။

ဒါေၾကာင့္ မိမိက်ားလိင္အဂၤါကို မူမမွန္သည္ဟု ခံစားရျခင္း ၊ လိင္ဆက္ဆံမႈတြင္အခက္အခဲရွိျခင္း အစရွိသည္တို႔ကိုၾကံဳေတြ႕လာရပါက ဆရာဝန္ႏွင့္ျပသတိုင္ပင္ၿပီး ကုသျခင္းျဖင့္ ေပ်ာက္ကင္းႏိုင္ပါတယ္ ။

အားလံုးက်န္းမာၾကပါေစ

ေဒါက္ပီ

Related posts
အမျိုးသား ကျန်းမာရေး

အမျိုးသားလိင်အင်္ဂါ ထိပ်ဖူးမပွင့်ခြင်း ဆိုတာ

1 Mins read
လူပျိုဖော်ဝင်စအချိန်မှာ သဘာဝအလျောက် အမျိုးသားလိင်အင်္ဂါ ထိပ်ဖူးဟာ ပွင့်လာတတ်ပါတယ်။ ဒါပေမယ့် အချို့မှာတော့ လိင်တံထိပ်ဖူးဟာ လူပျိုပေါက်အရွယ်ကျော်လွန်ပြီးတာတောင် ငုံနေဆဲအခြေအနေမျိုး(Phimosis)ကြုံနေရသူတွေလည်းရှိပါတယ်။ ဒီလိုလိင်တံထိပ်ဖူးငုံနေခြင်းဟာ အညစ်အကြေးနှင့်ဘက်တီးရီးယားများ စုပုံနေတတ်လို့ လိင်တံထိပ်ဖျားရောင်ရမ်းခြင်း များဖြစ်တတ်ပါတယ်။ အထူးသဖြင့်ဆီးသွားရာ၊ လိင်ဆက်ဆံရာမှာ ဖုံးအုပ်နေတဲ့ အရေပြားရဲ့ တင်းကျပ်မှုကြောင့် အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့်…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)

1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…

Leave a Reply

Your email address will not be published. Required fields are marked *