4D အယ်လ်ထွာဆောင်းကနေ ဘာတွေသိနိုင်မလဲ ?
ဘယ်နှစ်ခါပဲ ကြုံတွေ့ဖူးပါစေ ကိုယ့်ရင်သွေးလေးကို အယ်လ်ထွာဆောင်းမျက်နှာပြင်မှာ ပထမဆုံးမြင်ရတဲ့မိဘတွေရဲ့ အပျော်လောက် လောကမှာ ဘယ်အရာမှ ပျော်ရွှင်မှုပေးနိုင်မှာ မဟုတ်ပါဘူး ။ ခပ်တိုးတိုးလေး ကြားရတဲ့ ကိုယ့်ရင်သွေးလေးရဲ့ ဒုတ် ဒုတ် ဆိုတဲ့ နှလုံးခုန်သံလေးကြားရတဲ့ အချိန် မိဘတွေရဲ့ မျက်နှာပေါ်က ပီတိဟာ ဖော်ပြလို့ မစွမ်းနိုင်တဲ့ မေတ္တာ တစ်ခုပါပဲ ။
မိဘတွေအတွက် အယ်လ်ထွာဆောင်းရိုက်ခြင်းဟာ ပျော်ရွှင်စိတ်လှုပ်ရှားစရာ အတွေ့အကြုံအဖြစ် မျှော်လင့်ကြပေမယ့် အယ်လ်ထွာဆောင်းရိုက်ရခြင်း တကယ့် အကြောင်းအရင်း အစစ်အမှန်မှာ ရင်သွေးငယ်လေး ကျန်းကျန်းမာမာရှိပြီး ပုံမှန်အတိုင်း ဖွံ့ဖြိုးနေရဲ့လားဆိုတာကို စစ်ဆေးခြင်းပဲ ဖြစ်ပါတယ် ။
နည်းပညာတိုးတက် ဖွံ့ဖြိုးလာမှုနဲ့အတူ တိုးတက်လာတဲ့ ခေတ်သစ် ဆေးပညာရပ်များနဲ့အတူ လေးဘက်မြင် အယ်လ်ထွာဆောင်း 4D ultrasound လိုမျိုးတွေ ရိုက်ကူးလာနိုင်ကြပြီ ဖြစ်ပြီး ဒီလို ရိုက်ကူးနိုင်မှုကြောင့် ရရှိလာတဲ့ အကျိုးကျေးဇူးတွေဟာ အများကြီးပါပဲ ။ အထူးသဖြင့် ရင်သွေးလေးတွေရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သတ်ပြီး စစ်ဆေးနိုင်မှုမှာ အံ့မခန်းတိုးတက်လာပါပြီ ။ နောက်ပြီး ကိုယ်ဝန်ဆောင် လအလိုက် တချို့ရောဂါအခြေအနေတွေအလိုက် ပြောင်းလဲနိုင်မှုတွေကိုပါ အသေးစိတ်ကျကျ ဆရာဝန်များ ကြည့်ရှုသိရှိနိုင်လာပါပြီ ။
အောက်ပါအချက်များကတော့ 4D ultrasound ရိုက်ခြင်းကနေ ရရှိလာမယ့်အကျိုးကျေးဇူးတွေနဲ့ ရင်သွေးလေးနဲ့ ပတ်သတ်ပြီး ရရှိနိုင်မယ့် သတင်းအချက်အလက်တွေပဲ ဖြစ်ပါတယ်
* ကိုယ်ဝန်ဆောင်ကာလကို တိတိကျကျသိရှိခြင်း
* မွေးမည့်ရက်ကို အနီးစပ် အတိကျဆုံးခန့်မှန်းနိုင်ခြင်း
* ရေမွှာရေ လုံလုံလောက်လောက် ရှိမရှိ သိရှိရခြင်း
* ကလေးခေါင်းအနေအထား ပုံမှန်ရှိမရှိသိရခြင်း
* ကလေး လှုပ်ရှားနေမှုများကို ဖမ်းယူနိုင်ခြင်း
* အချင်းအတွင်း သွေးစီးဆင်းမှု အခြေအနေကို လေ့လာနိုင်ခြင်း
အစရှိသည်တို့ပဲ ဖြစ်ပါတယ် ။
ဒါ့အပြင် မိဘများအတွက်ဆိုလျှင်လဲ မမွေးဖွားမီ မိမိရင်သွေးကလေး၏ မျက်နှာပြင်အနေအထား ၊ မျက်နှာကျ အသေးစိတ်တွေသာ မက ဗိုက်ထဲရှိ ရင်သွေးလေး အိပ်နေပုံ ၊ လက်မစုပ်နေပုံ အစရှိသည့် လှုပ်ရှားနေမှု ပုံစံအနေအထားများကိုပါ ကြည့်ရှုနိုင်တာပဲ ဖြစ်ပါတယ် ။ ဒီလို ကြည့်ရှုနိုင်မှုဟာ မိမိနဲ့မိမိရင်သွေးကြား နှောင်ဖွဲ့ခြင်း မေတ္တာတရားကို အစောကြီးဖြစ်ပေါ်စေရုံမျှမက ကျန်းမာတက်ကြွ လှုပ်ရှားနေသည့် မိမိရင်သွေးကို မြင်ရခြင်းဟာ စိတ်ရဲ့အေးချမ်းမှုကိုလဲ ဖြစ်ပေါ်စေပါတယ် ။
ဒီလို စိတ်လှုပ်ရှားစရာကောင်းလှတဲ့ အချက်အလက်တွေရှိပေမယ့် မိဘတွေအနေနဲ့ 4D ultrasounds ရိုက်ရန် လိုမလိုကို သက်ဆိုင်ရာ ဆရာဝန်များနဲ့ မေးမြန်းတိုင်ပင်သင့်ပါတယ် ။ မလိုအပ်ဘူးဆိုလျှင် အတတ်နိုင်ဆုံး မရိုက်သင့်ဘဲ ဆရာဝန်ညွှန်ကြားသည့်အတိုင်း လိုက်နာရန် တိုက်တွန်းလိုက်ရပါတယ် ။
အားလုံးကျန်းမာကြပါစေ
ဒေါက်ပီ
4D အယ္လ္ထြာေဆာင္းကေန ဘာေတြသိႏိုင္မလဲ ?
ဘယ္ႏွစ္ခါပဲ ၾကဳံေတြ႕ဖူးပါေစ ကိုယ့္ရင္ေသြးေလးကို အယ္လ္ထြာေဆာင္းမ်က္ႏွာျပင္မွာ ပထမဆုံးျမင္ရတ့ဲမိဘေတြရဲ႕ အေပ်ာ္ေလာက္ ေလာကမွာ ဘယ္အရာမွ ေပ်ာ္ရႊင္မႈေပးႏိုင္မွာ မဟုတ္ပါဘူး ။ ခပ္တိုးတိုးေလး ၾကားရတ့ဲ ကိုယ့္ရင္ေသြးေလးရဲ႕ ဒုတ္ ဒုတ္ ဆိုတ့ဲ ႏွလုံုးခုန္သံေလးၾကားရတ့ဲ အခ်ိန္ မိဘေတြရဲ႕ မ်က္ႏွာေပၚက ပီတိဟာ ေဖာ္ျပလို႔ မစြမ္းႏိုင္တ့ဲ ေမတၱာ တစ္ခုပါပဲ ။
မိဘေတြအတြက္ အယ္လ္ထြာေဆာင္း႐ိုက္ျခင္းဟာ ေပ်ာ္ရႊင္စိတ္လႈပ္ရွားစရာ အေတြ႕အၾကဳံအျဖစ္ ေမွ်ာ္လင့္ၾကေပမယ့္ အယ္လ္ထြာေဆာင္း႐ိုက္ရျခင္း တကယ့္ အေၾကာင္းအရင္း အစစ္အမွန္မွာ ရင္ေသြးငယ္ေလး က်န္းက်န္းမာမာရွိၿပီး ပုံမွန္အတိုင္း ဖြံ႕ၿဖိဳးေနရဲ႕လားဆိုတာကို စစ္ေဆးျခင္းပဲ ျဖစ္ပါတယ္ ။
နည္းပညာတိုးတက္ ဖြံ႕ၿဖိဳးလာမႈနဲ႔အတူ တိုးတက္လာတ့ဲ ေခတ္သစ္ ေဆးပညာရပ္မ်ားနဲ႔အတူ ေလးဘက္ျမင္ အယ္လ္ထြာေဆာင္း 4D ultrasound လိုမ်ဳိးေတြ ႐ိုက္ကူးလာႏိုင္ၾကၿပီ ျဖစ္ၿပီး ဒီလို ႐ိုက္ကူးႏိုင္မႈေၾကာင့္ ရရွိလာတ့ဲ အက်ဳိးေက်းဇူးေတြဟာ အမ်ားႀကီးပါပဲ ။ အထူးသျဖင့္ ရင္ေသြးေလးေတြရဲ႕ က်န္းမာေရးအေျခအေနနဲ႔ ပတ္သတ္ၿပီး စစ္ေဆးႏိုင္မႈမွာ အံ့မခန္းတိုးတက္လာပါၿပီ ။ ေနာက္ၿပီး ကိုယ္ဝန္ေဆာင္ လအလိုက္ တခ်ဳိ႕ေရာဂါအေျခအေနေတြအလိုက္ ေျပာင္းလဲႏိုင္မႈေတြကိုပါ အေသးစိတ္က်က် ဆရာဝန္မ်ား ၾကည့္႐ွဳသိရွိႏိုင္လာပါၿပီ ။
ေအာက္ပါအခ်က္မ်ားကေတာ့ 4D ultrasound ႐ိုက္ျခင္းကေန ရရွိလာမယ့္အက်ဳိးေက်းဇူးေတြနဲ႔ ရင္ေသြးေလးနဲ႔ ပတ္သတ္ၿပီး ရရွိႏိုင္မယ့္ သတင္းအခ်က္အလက္ေတြပဲ ျဖစ္ပါတယ္
* ကိုယ္ဝန္ေဆာင္ကာလကို တိတိက်က်သိရွိျခင္း
* ေမြးမည့္ရက္ကို အနီးစပ္ အတိက်ဆုံုးခန္႔မွန္းႏိုင္ျခင္း
* ေရမႊာေရ လုံလုံေလာက္ေလာက္ ရွိမရွိ သိရွိရျခင္း
* ကေလးေခါင္းအေနအထား ပုံမွန္ရွိမရွိသိရျခင္း
* ကေလး လႈပ္ရွားေနမႈမ်ားကို ဖမ္းယူႏိုင္ျခင္း
* အခ်င္းအတြင္း ေသြးစီးဆင္းမႈ အေျခအေနကို ေလ့လာႏိုင္ျခင္း
အစရွိသည္တို႔ပဲ ျဖစ္ပါတယ္ ။
ဒါ့အျပင္ မိဘမ်ားအတြက္ဆိုလွ်င္လဲ မေမြးဖြားမီ မိမိရင္ေသြးကေလး၏ မ်က္ႏွာျပင္အေနအထား ၊ မ်က္ႏွာက် အေသးစိတ္ေတြသာ မက ဗိုက္ထဲရွိ ရင္ေသြးေလး အိပ္ေနပုံ ၊ လက္မစုပ္ေနပုံ အစရွိသည့္ လႈပ္ရွားေနမႈ ပုံစံအေနအထားမ်ားကိုပါ ၾကည့္႐ွဳႏိုင္တာပဲ ျဖစ္ပါတယ္ ။ ဒီလို ၾကည့္႐ွဳႏိုင္မႈဟာ မိမိနဲ႔မိမိရင္ေသြးၾကား ေႏွာင္ဖြဲ႕ျခင္း ေမတၱာတရားကို အေစာႀကီးျဖစ္ေပၚေစ႐ုံမွ်မက က်န္းမာတက္ႂကြ လႈပ္ရွားေနသည့္ မိမိရင္ေသြးကို ျမင္ရျခင္းဟာ စိတ္ရဲ႕ေအးခ်မ္းမႈကိုလဲ ျဖစ္ေပၚေစပါတယ္ ။
ဒီလို စိတ္လႈပ္ရွားစရာေကာင္းလွတ့ဲ အခ်က္အလက္ေတြရွိေပမယ့္ မိဘေတြအေနနဲ႔ 4D ultrasounds ႐ိုက္ရန္ လိုမလိုကို သက္ဆိုင္ရာ ဆရာဝန္မ်ားနဲ႔ ေမးျမန္းတိုင္ပင္သင့္ပါတယ္ ။ မလိုအပ္ဘူးဆိုလွ်င္ အတတ္ႏိုင္ဆုံး မ႐ိုက္သင့္ဘဲ ဆရာဝန္ၫႊန္ၾကားသည့္အတိုင္း လိုက္နာရန္ တိုက္တြန္းလိုက္ရပါတယ္ ။
အားလုံးက်န္းမာၾကပါေစ
ေဒါက္ပီ