All Articlesအလှအပအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

အမာရွတ်တွေကိုပိုဆိုးစေနိုင်သောနည်းများ

1 Mins read

အမာရွတ်တွေကိုပိုဆိုးစေနိုင်သောနည်းများ

ထိခိုက်ရှနာက လူတိုင်းလိုလိုဖြစ်တတ်ကြပါတယ် ဝက်ခြံအမာရွတ်တွေ ကြောင့် အလှပျက်နေသူတွေ ဗိုက်ခွဲဒဏ်ရာတွေ ပေါင်တွေ လက်မောင်းတွေက အမာရွတ်တွေကြောင့် အဝတ်အစား တိုတာတွေ မဝတ်ရဲဖြစ်နေသူတွေ များစွာရှိနေပါတယ် ဒါကြောင့် သင့်မှာဖြစ်နေ သော အမာရွတ်တွေ ကနေ ပုံမမှန် ရုပ်ဆိုးအမာရွတ်တွေမဖြစ်စေဖို့ ရှောင်ကြဉ်သင့်သောအမာရွတ်တွေ ဖြစ်စေ ပိုဆိုးစေ နိုင်သော အကျင့်ဆိုးများကို တင်ပြပေးလိုက်ပါတယ်။

၁ ဝက်ခြံကနေ အမာရွတ်ဖြစ်ခြင်း

အပျိုဖော် လူပျိုဖော်ဝင်စကတည်းက ဝက်ခြံပေါက်လာကြပါတယ် အမာရွတ်တွေချိုင့်ခွက်တွေ ကျန်နေတာက ပေါက်တာ အနည်းအများပေါ် ကို မမူတည်ပါဘူး ပေါက်နေတဲ့ဝက်ခြံကို မသန့်တဲ့လက်နဲ့ကိုင်တွယ်တာ ညွစ်တာ အမာရွတ်လေးကိုဖဲ့တာ စတဲ့ အသေးအမွှားလေး လို့ သင် ထင်တာတွေက သာ အမာရွတ်တွေ ကျန်စေနိုင်တာပါ ဝက်ခြံပေါက်နေစဉ် နေပူပူထဲ အမိုးအကာမပါထွက်ခြင်း ဝက်ခြံညှစ် သတ္ထုပစ္စည်းများသုံးပြုခြင်းစတာတွေက လည်း အမာရွတ်ဖြစ်လာစေပါတယ် ဝက်ခြံပေါက်နေစဉ် မိတ်ကပ်ပစ္စည်းများကို လည်း ရွေးချယ်အသုံးပြုသင့်သလို သင့်မျက်နှာကို မသန့်သော လက်နဲ့ ကိုင်တွယ်ခြင်းကို လည်း အထူးတလည် ရှောင်ကြဉ်သင့်ပါတယ် ဒါကြောင့် ဝက်ခြံပေါက်နေစဉ် ဝက်ခြံကို ညှစ်ခြင်တဲ့စိတ်ကို ထိမ်းပါ အဲလို အကျင့်လေးတစ်ခုကြောင့် သင်ရုပ် မဆိုးသင့်ပါ။

၂ ခွဲစိတ် ဒဏ်ရာ နှင့် ထိခိုက်ရှနာ အမာရွတ်များ

ခွဲစိတ်ဒဏ်ရာထဲ အထူး တလည်တွေ့ရတာ ဗိုက်ခွဲ ကလေးမွေးထားသူတွေပါ နောက်ပိုင်း ခွဲစိတ်မှုများလာတာနှင့်အမျှ ချုပ်ရိုးပျောက်ချုပ်လာကြပါတယ် အဲလို ဒဏ်ရာတွေဟာ ပုံမှန်အားဖြင့် ပိုးသန့်စင် ဒဏ်ရာတွေဖြစ်ကြပါတယ် အနာကို သေချာ သန့်ရှင်းရေးမလုပ်တာ ဝိတ် တတ်တာ တကိုယ်ရည်သန့်ရှင်းမှု အားနည်းတာတွေ က အနာကို ပိုးဝင်စေကာ အမာရွတ်တွေပေါ်လာစေနိုင်ပါတယ် ဒါကြောင့် သင့်မှာ ဒဏ်ရာတစ်ခုခုရနေပြီဆိုရင် တတ်နိုင်သမျှ သန့်ရှင်းရေးအထူးဂရုစိုက်ပါ။

ဇင့်ဓါတ်ပါသော အသီးအနှံမစားတာ အချဉ်ပါသော အသီးတွေ မစားတာ တွေကလည်း အနာကို အကျက်နှေးစေကာ အမာရွတ်ဖြစ်စေနိုင်ပါတယ် ဒါကြောင့် ဒီလိုအလေ့အထမျိုးမလုပ်မိအောင်ဂရုစိုက်သင့်ပါတယ်

အမာရွတ်ပိုဆိုးစေနိုင်သော တခြားအချက်များ

အမာရွတ်ဖြစ်ဖို့ နှင့် ဖြစ်လာသော အမာရွတ်ပိုဆိုးစေဖို့ အဓိကတွန်းအားပေးတာက ဆေးလိပ်သောက်ခြင်း ပါ ဆေးလိပ်ကို ဖြတ်ရပါမယ် အကယ်၍ အရင်တုန်းက သင့်မှာ အမာရွတ်ကြီးကြီး ရုပ်ဆိုးဆိုးတွေဖြစ်ဖူးတယ် ဆိုရင် အဲလို ပြန်ဖြစ်နိုင်တာမို့ တတ်နိုင်သမျှမထ်ခိုက်မိအောင်နေထိုင်သင့်ပါတယ် ထိခိုက်မိပြီဆိုကလည်း သေချာ ဆေးထည့် အနာကို သန့်သန့်ရှင်းရှင်းထားရပါမယ် သင့်မှာရှိသော ရောဂါတွေကိုလည်းသေချာ ကုသရပါမယ် ဥပမာ ဆီးချို ရောဂါ ပြင်းထန်သောနှလုံးရောဂါ စသည် နောက်ဆုံး သင်ဟာ အသီးအရွက် အသားငါးမျှမျှတတ အစား ရေသောက်နည်း နေရင်လည်း အသားရည် စိုပြေ တင်းရင်း မှု ကို ကျစေတဲ့အပြင် အမာရွတ်ပိုဖြစ်စေတာမို့ အထူးဂရုစိုက် စားသုံးသင့်ပါတယ်။

သဘာဝ အိမ်တွင်းကုသနည်း

သဘာဝနည်းကတော့ ပျားရည်လူးပေးတာ ရှားစောင်းလတ်ပတ် ကပ်တာတွေပါ တည့်သူ ရှိသလို မတည့်သူလည်းရှိတတ်ပါတယ်။

အမာရွတ်ကု ထုံးများ

အမာရွတ်ကို ကုသဖို့နည်းအမျိုးမျိုးရှိပါတယ် Pressure garments and scar massageနည်းတွေ အမာရွတ်ပျောက်ဆေးGels and ointmentsလူးတာတွေ Intralesional injections ထိုးတာတွေက မခွဲမစိတ်ပဲ ကုသနည်းတွေ ပါ နောက်ပိုင်း ခေတ်စားလာတဲ့ Laser therapyနည်းက ထိရောက်မှုများကာ ပြန် အမာရွတ်မဖြစ်အေါင်ကိုလည်း အထ်ုက်အလျောက်ကာကွယ်ပေးစေပါတယ် chemical peels လို နည်းတွေကိုလည်း အသားရည်ပြန်လည် ကောင်းမွန်စေဖို့ သုံးပြုလာကြပါတယ် အက်စစ်တွေ နဲ့ ဆေးကြောတဲ့ သဘောတရားရှိတာမို့ ကုသမှု ရလာဒ်တွေအနေနှင့် တအားထိရောက်ပါတယ် နောက်ဆုံးကတော့ ပြန်လည် ခွဲစိတ် တာပါ ရုပ်ဆိုးအမာရွတ်တွေကို လှီးထုတ်ပစ်တာပါ။

ဟိုးအရင်က နိုင်ငံခြားမှာသာ သေချာ ရှိပေမယ့် အခုနောက်ပိုင်း မြန်မာပြည်က အလှအပဆိုင်ရာ ဆေးခန်း ဆေးရုံတွေမှာ စနစ်တကျ ကုသလို့ ရပါတယ်နော်။ဒါလေးတွေက ရှောင်ကြဉ်သင့်တဲ့ အမာရွတ်ကို ပိုရုပ်ဆ်ုးစေနိုင်သောနည်းလေးတွေနှင့် ကုသနည်း တစေ့တစောင်းတို့ ဖြစ်ပါတယ်နော်။

ကျန်းမာချမ်းသာကြပါစေ

ဒေါက်တာ လင်း မိသားစုကျန်းမာ

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

The most common form of depression

1 Mins read
လူပြောများနေသော စိတ်ကျရောဂါ ဒီနေ့ ပတ်ဝန်းကျင်မှာ အမြဲကြားနေကျ စကားတခုကတော့ “ ငါ Depression ဝင်နေတယ်ကွာ” ဆိုတာပါ။ ကိုယ်ချစ်တဲ့သူတစ်ယောက် ဆုံးရှုံးသွားတဲ့အခါ၊ အလုပ်ပြုတ်သွားတဲ့အခါ၊ အိမ်ထောင်ပြတ်ဆဲသွား တဲ့အခါ စိတ်ဝမ်းနည်းပူဆွေးတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပါ။ဒါဟာ depression မဟုတ်ပါဘူး။ Depression…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Depression

1 Mins read
သဝန်တိုစိတ်လွန် စိတ်ရောဂါ သဝန်တိုစိတ်ဆိုတာ မြင်လိုက်တာနဲ့ ကိုယ့်ကောင်လေး/ကောင်မလေး ပြေးမြင်လိုက်ပြီဆို စိတ်မကောင်းပါဘူး သဝန်မတိုရအောင် နေနေရတဲ့ ဘဝကို စာနာပါတယ် …ဟုတ်ပါတယ်…သဝန်တိုစိတ်ဆိုတာ လူတိုင်းဆီမှာ ရှိတတ်တဲ့ စိတ်ခံစားချက်ပါ…ထပ်ပြောရရင် ချစ်တတ်တဲ့သူတွေဆီမှာ အများဆုံးရှိတတ်တဲ့ အရာတစ်ခု ဆိုရင်လည်း မမှားပါဘူး….FA တွေကတော့ ကံကောင်းပါတယ်…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *