အာရုံကြော အားဆေးဆိုတာ ဘာလဲ
ယနေ့ ကမ္ဘာ တဝန်းမှာ အားဆေးအမျိုးမျိုးဟာ တွင်ကျယ်လျက်ရှိပါတယ် အားဆေးအမျိုးမျိုး အဖုံအဖုံရှိသည်အနက် အားဆေးအများစုနဲ့ ပတ်သတ်သော သိပ္ပံနည်းကျ လေ့လါမှုတွေ စမ်းသပ်မှုတွေ ဘယ်လိုအကျိုးရှိတာလဲ စတာ တွေ ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။
အားဆေးဆိုတာ ဘာလဲ
အားဆေးတွေဟာ ဗီတာမင် ဓါတ်ပေါင်းစု နဲ့ သတ္ထုဓါတ်ပါတာ များပါတယ် တချို့ ဆေးဖက်ဝင်တွေ အာနိသင် ပစ္စည်းတွေကို လည်း ထည့်တတ်ကြပါတယ် ပုံစံလည်း အမျိုးမျိုးလာကြပါတယ် အရည် အခဲ ဖျော်ရတဲ့အမှုန့်စသည်ဖြင့် ရှိကြပါတယ် အာရုံကြောအားဆေး ထမင်းပိစြားတဲ့ဆေး စတဲ့ နံမည်တွေအမျိုးမျိုးရှိကြပေမယ့် ပါဝင်တာတွေကတော့ သိပ်မကွာကြပါဘူး
အားဆေးတွေထဲ မှာ ဘာတွေပါကြလဲ
အများအားဖြင့် ဗီတာမင် ၁၃မျိုးလောက်နှင့် သတ္ထုဓါတ်က အနည်းဆုံး ၁၆မျိုးလောက်ပါတတ်ပါတယ် တချို့တွေမှာဆို amino acid, fatty acid နှင့် တိုင်းရင်း ပစ္စည်းတွေပါ ပါဝင်ထည့်သွင်းလာကြပါတယ်
အားဆေး နှင့် နှလုံးရောဂါ
နှလုံးရောဂါဟာ ကမ္ဘာပေါ်မှာ လူသေစေနိုင်စွမ်းအများဆုံး ရောဂါပါ လူအများစုက အားဆေးတွေက ကာကွယ်တယ်လို့ယုံကြည်ကြပါတယ် ဒါပေမယ့် လေ့လာမှု အနည်းငယ်ကသာ နှလုံးရောဂါဖြစ်နိုင်စွမ်းအနည်းငယ်လျော့ချပေးတယ်လို့တွေ့ရပါတယ် အမျိုးသမီးတွေကိုလေ့လာထားတဲ့ လေ့လာမှု တခုမှာတော့ ဗီတာမင်အားဆေးသောက်ပေးခြင့်ဖြင့် ၃နှစ်အတွင်းနှလုံးကြောင့် သေဆုံးနှုန်းကို ၃၀ရာနှုန်းကျော်လေါက်လျော့ချနဲ့ဆက်နွယ်တယ် လို့ဆိုထားပါတယ်
အားဆေးနှင့် ကင်ဆာရောဂါ
လူပေါင်းလေးသောင်းကျော်ကို စမ်းသပ်ထားတဲ့ လေ့လာတွေ့ရှိချက်အရ အမျ်ုးတွေ ကင်ဆာဖြစ်နှုန်းကို လျော့ချပေးတယ်လို့ သိရပါတယ် နောက် ထပ် လုပ်တဲ့ လေ့လာမှုတွေ အရ ကျားမ မရွေးကင်ဆာကို အနည်းငယ်လျော့ချပေးနိုင်တယ် လို့ ဆိုထားပြန်ပါတယ် ဒါပေမယ့် ရလဒ်ကို အငြင်းပွားဆဲပါ။ ဦးနှောက်မှတ်ဉာဏ် နှင့် အာရုံကြောအားဆေး လေ့လာမှုတော်တော်များများက တော့ အသက်ကြီးသူတွေမှာ ဖြည့်စွက်အားဆေး တွေက မှတ်ဉာဏ်ပိုကောင်းစေနိုင်တယ် လို့ တွေ့ရှိရပါတယ်။ ဒါကြောင့် အဘိုးအဘွားတွေအတွက်တော့ အားဆေးတစ်ခုခုမှီဝဲတာအကောင်းဆုံးပါ။ အားဆေးကို သောက်သုံးသင့်သူတွေရှိပါတယ်။ အဲသူတွေကတော့
(၁) ကိုယ်ဝန်ဆောင်များ
(၂) သက်ကြီးရွယ်အိုများ
(၃) သက်သက်လွတ်သမားများ
(၄) နို့တိုက်မိခင်များတို့ဖြစ်ပါတယ်
အားဆေး ရဲ့ ဆိုးကျိုး
တချို့အားဆေး လေးတွေကို သောက်မယ်ဆို ဆရာဝန်ရဲ့ညွှန်ကြားချက်လိုပါတယ် ဘာလို့လဲဆိုတော့ မည်သည့်ဆေးပင်ဖြစ်ပါစေ မတည့်တာဆိုတာရှိပါတယ် ပြီး ဆေးလိပ်သောက်သူတွေမှာဆို ဗီတာမင် အေ အလွန်အကျူးပါသော အားဆေးမျိုးရှောင်သင့်ပါတယ် သံဓါတ်မချို့တဲ့ပဲ သံဓါတ်အါးဆေးသောက်တာမျိုးလည်း ရှောင်ကြဉ်သင့်ပါတယ် ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့လည်း လိုအက်ပါတယ်
ဒါကြောင့် အားဆေးအသုံးဝင်ပုံတွေကို သိရှိစေရန်my doctor မှစေတနာဖြင့်တင်ပြလိုက်ရပါတယ်
ဒေါက်တာလင်း မိသားစုကျန်းမာ