အိပ်မက်ထဲက သူယောင်မယ်လေးနဲ့တစ်ညတာ

ကျန်းမာရေးဆိုင်ရာကိစ္စအချို့ဟာ အရှက်အကြောက်ထားပြီးချန်လှန်ထားခဲ့ရင် ဗဟုသုတမရှိတဲ့အတွက် စိုးရိမ်စရာလား သဘာဝလား မသိဘဲစိတ်ပူရတတ်ပါတယ်။ ဒီတစ်ခါမှာ အိပ်မက်မက်ရင်းသုက်လွှတ်မိခြင်းအကြောင်းကိုတင်ပြပါမယ်။

အိပ်မက်မက်ရင်းသုက်လွှတ်ခြင်းဟာ ဆယ်ကျော်သက်အရွယ်မှာအဖြစ်များပါတယ်။ ဆယ်ကျော်သက် လူပျိုများမှာပဲဖြစ်တာမဟုတ်ဘဲ လူလတ်ပိုင်းအိမ်ထောင်သည်များလည်းဖြစ်နိုင်ပါတယ်။ ဒါကို Nocturnal Emission သို့မဟုတ် Wet Dream (Sex dream)လို့ ခေါ်ပါတယ်။

လေ့လာမှုများအရ ၈ရာခိုင်နှုန်းသော အိပ်မက်များဟာ လိင်မှုဆိုင်ရာ သို့မဟုတ်ချစ်တင်းနှောခြင်းများကိုမြင်မက်တတ်တယ်လို့ဆိုပါတယ်။ ဒီအထဲကမှ ထက်ဝက်ခန့်သောအိပ်မက်များမှာ လိင်စိတ်အထွဋ်အထိပ်ရောက်စေပြီး သုက်လွှတ်မိနိုင်တယ်လို့ဆိုပါတယ်။ ဒီလိုသုက်လွှတ်မိတဲ့အခါ အိပ်ပျော်နေသူအမျိုးသားဟာ ဘာမှမသိလိုက်ဘဲဆက်လက်အိပ်ပျော်သွားနိုင်သလို သုက်လွှတ်ခြင်းကိုသတိပြုမိပြီး နိုးလာတာမျိုးလည်းရှိပါတယ်။ လိင်ဆက်ဆံမှုမပြုဘဲ တစ်ပတ်နှစ်ပတ်ခန့်နေမယ်ဆိုရင်လည်း အိပ်ပျော်စဉ်သုက်လွှတ်မိနိုင်ပါတယ်။

အိပ်ပျော်နေစဉ်သုက်လွှတ်မိခြင်းဟာ ကျန်းမာရေးအရစိုးရိမ်စရာမရှိတဲ့ သာမန်ဇီဝကမ္မဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။ ဒါဟာရှက်စရာကိစ္စမဟုတ်သလို မိမိရဲ့သားငယ် ဒီလိုဖြသ်ခဲ့ရင်လည်း သဘာဝလို့နားလည်ပေးပြီး ဆူပူကြိမ်းမောင်းခြင်းမပြုလုပ်ဖို့လိုအပ်ပါတယ်။

အမျိုးသမီးများမှာလည်း အိပ်ပျော်နေစဉ် ဆန္ဒအထွဋ်အထိပ်ရောက်ကာပြီးမြောက်သွားခြင်းကိုခံစားရနိုင်ပါတယ်။ မိန်းကလေးများမှာတော့ စိုစွတ်ရုံဖြစ်သွားပြီး ဆက်လက်အိပ်ပျော်နေမယ်ဆိုရင် Wet dreamလို့မသတ်မှတ်ဘဲ ဆန္ဒပြီးမြောက်သွားတဲ့အခါမှာ နိုးလာပြီး ဒါကိုသိသွားမှသာ Wet dreamလို့သတ်မှတ်ပါတယ်တဲ့။

ဒါကြောင့် အိပ်ပျော်စဉ်သုက်လွှတ်ခြင်းဟာ ရှက်စရာ၊ ဒေါသထွက်စရာကိစ္စမဟုတ်ဘဲ သဘာဝဖြစ်စဉ်ဖြစ်ကြောင်း သိထားပြီး မိမိရဲ့ သားငယ်၊အမျိုးသားအပေါ်နားလည်မှုထားနိုင်ဖို့ရာ တင်ပြလိုက်ပါတယ်။

မေတ္တာဖြင့်

စိုင်းမြတ်သူ

အိပ္မက္ထဲက သူေယာင္မယ္ေလးနဲ႔တစ္ညတာ

က်န္းမာေရးဆိုင္ရာကိစၥအခ်ိဳ႕ဟာ အ႐ွက္အေၾကာက္ထားၿပီးခ်န္လွန္ထားခဲ့ရင္ ဗဟုသုတမ႐ွိတဲ့အတြက္ စိုးရိမ္စရာလား သဘာဝလား မသိဘဲစိတ္ပူရတတ္ပါတယ္။ ဒီတစ္ခါမွာ အိပ္မက္မက္ရင္းသုက္လႊတ္မိျခင္းအေၾကာင္းကိုတင္ျပပါမယ္။

အိပ္မက္မက္ရင္းသုက္လႊတ္ျခင္းဟာ ဆယ္ေက်ာ္သက္အရြယ္မွာအျဖစ္မ်ားပါတယ္။ ဆယ္ေက်ာ္သက္ လူပ်ိဳမ်ားမွာပဲျဖစ္တာမဟုတ္ဘဲ လူလတ္ပိုင္းအိမ္ေထာင္သည္မ်ားလည္းျဖစ္ႏိုင္ပါတယ္။ ဒါကို Nocturnal Emission သို႔မဟုတ္ Wet Dream (Sex dream)လို႔ ေခၚပါတယ္။

ေလ့လာမႈမ်ားအရ ၈ရာခိုင္ႏႈန္းေသာ အိပ္မက္မ်ားဟာ လိင္မႈဆိုင္ရာ သို႔မဟုတ္ခ်စ္တင္းေႏွာျခင္းမ်ားကိုျမင္မက္တတ္တယ္လို႔ဆိုပါတယ္။ ဒီအထဲကမွ ထက္ဝက္ခန္႔ေသာအိပ္မက္မ်ားမွာ လိင္စိတ္အထြဋ္အထိပ္ေရာက္ေစၿပီး သုက္လႊတ္မိႏိုင္တယ္လို႔ဆိုပါတယ္။ ဒီလိုသုက္လႊတ္မိတဲ့အခါ အိပ္ေပ်ာ္ေနသူအမ်ိဳးသားဟာ ဘာမွမသိလိုက္ဘဲဆက္လက္အိပ္ေပ်ာ္သြားႏိုင္သလို သုက္လႊတ္ျခင္းကိုသတိျပဳမိၿပီး ႏိုးလာတာမ်ိဳးလည္း႐ွိပါတယ္။ လိင္ဆက္ဆံမႈမျပဳဘဲ တစ္ပတ္ႏွစ္ပတ္ခန္႔ေနမယ္ဆိုရင္လည္း အိပ္ေပ်ာ္စဥ္သုက္လႊတ္မိႏိုင္ပါတယ္။

အိပ္ေပ်ာ္ေနစဥ္သုက္လႊတ္မိျခင္းဟာ က်န္းမာေရးအရစိုးရိမ္စရာမ႐ွိတဲ့ သာမန္ဇီဝကမၼျဖစ္စဥ္တစ္ခုပဲျဖစ္ပါတယ္။ ဒါဟာ႐ွက္စရာကိစၥမဟုတ္သလို မိမိရဲ႕သားငယ္ ဒီလိုျဖသ္ခဲ့ရင္လည္း သဘာဝလို႔နားလည္ေပးၿပီး ဆူပူႀကိမ္းေမာင္းျခင္းမျပဳလုပ္ဖို႔လိုအပ္ပါတယ္။

အမ်ိဳးသမီးမ်ားမွာလည္း အိပ္ေပ်ာ္ေနစဥ္ ဆႏၵအထြဋ္အထိပ္ေရာက္ကာၿပီးေျမာက္သြားျခင္းကိုခံစားရႏိုင္ပါတယ္။ မိန္းကေလးမ်ားမွာေတာ့ စိုစြတ္ရံုျဖစ္သြားၿပီး ဆက္လက္အိပ္ေပ်ာ္ေနမယ္ဆိုရင္ Wet dreamလို႔မသတ္မွတ္ဘဲ ဆႏၵၿပီးေျမာက္သြားတဲ့အခါမွာ ႏိုးလာၿပီး ဒါကိုသိသြားမွသာ Wet dreamလို႔သတ္မွတ္ပါတယ္တဲ့။

ဒါေၾကာင့္ အိပ္ေပ်ာ္စဥ္သုက္လႊတ္ျခင္းဟာ ႐ွက္စရာ၊ ေဒါသထြက္စရာကိစၥမဟုတ္ဘဲ သဘာဝျဖစ္စဥ္ျဖစ္ေၾကာင္း သိထားၿပီး မိမိရဲ႕ သားငယ္၊အမ်ိဳးသားအေပၚနားလည္မႈထားႏိုင္ဖို႔ရာ တင္ျပလိုက္ပါတယ္။

ေမတၱာျဖင့္

စိုင္းျမတ္သူ

MyDoctor Telemedicine Application
Related posts
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများအထွေထွေ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါ

သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်

1 Mins read
သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်… ဆီးချိုရောဂါရှည်ကြာလာတဲ့အခါမှာ ခန္တာကိုယ်တွင်း ကျောက်ကပ်ရဲ့ အညစ်အကြေးတွေအရည်တွေကို စွန့်ထုတ်ပေးတဲ့ လုပ်ဆောင်မှုဟာ ကျဆင်းလာပါတယ်။ ဒီလိုလုပ်ဆောင်မှုကျဆင်းတာကနေ ကျောက်ကပ်လုံးဝမလုပ်မလုပ်တော့တဲ့အခြေအနေထိဖြစ်နိုင်ပြီး ကျောက်ကပ်ဆေးရတာ၊ ကျောက်ကပ်အစားထိုးရတာ တွေထိဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဆီးချိုကို သေချာထိန်းသိမ်းပြီး ကုသမှုခံယူဖို့လိုပါလိမ့်မယ်။ ဆီးချိုရောဂါမှာ ကျောက်ကပ်ထိခိုက်နေပြီဆိုရင် စစချင်းမှာ လက္ခဏာသိပ်မပြတတ်ပေမယ့်…

Leave a Reply

Your email address will not be published. Required fields are marked *