အလှကြိုက်သူမေမေ (၂)
ကိုယ်ဝန်ဆောင်နဲ့မီးတွင်းကာလမှာ မိတ်ကပ်လိမ်း အလှပြင်လို့ ရမရ?
မေမေဟာ မိတ်ကပ်ပြင်ရတာသိပ်ကိုနှစ်ခြိုက်ပြီး ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်လည်းဖြစ်နေမယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ဖို့အချိန်အနည်းငယ်ပေးသင့်ပါတယ်။ လှပတဲ့မိခင်တစ်ယောက်လည်းဖြစ်ချင်တယ်…ဒါပေမယ့်ကိုယ့်ရဲ့သန္ဓေသားကိုလည်း မိမိရဲ့အလှအပကြိုက်မှုကြောင့် ဆိုးကျိုးတစ်စုံတစ်ရာ မဖြစ်စေချင်ဘူးဆိုတဲ့ မိခင်တွေအတွက် ရေးသားဖော်ပြလိုက်ရပါတယ်။
ကိုယ်ဝန်ဆောင်ကာလမှာ မေမေတို့ရဲ့ အရေပြားဟာ ပြောင်းလဲတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဟော်မုန်းဓာတ်၊ ဇီဝရုပ်ဖြစ်ပျက်ပြောင်းလဲမှု၊ သွေးသားနဲ့ ခုခံအားဆိုင်ရာပြောင်းလဲမှုတွေကြောင့်ပဲဖြစ်ပါတယ်။ အဲဒီအခါမှာ ကိုယ့်ရဲ့အရေပြားဟာ အရင်လိုမဟုတ်ဘဲ လှပမှုနည်းလာတယ်လို့ထင်နိုင်ပါတယ်။ ပြီးတော့ မျိုးပွားအင်္ဂါနားမှာလည်း အရေပြား ယားနာတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့စိတ်ချမ်းသာမှုအတွက်ရော၊ အလှအပအတွက်ရော၊ မိမိကိုယ်မိမိယုံကြည်မှုအတွက်ပါ မိတ်ကပ်လိမ်း အလှပြင်ရပါတယ်။ ဒါဟာ မိန်းမသားတို့အတွက် ဖြစ်သင့်တဲ့ကိစ္စတစ်ခုပါ။
သတိပြုစရာအချက်များ
ဒဲိနေရာမှာ အငြင်းပွားစရာကိစ္စရပ်တွေကလည်းရှိနေပါတယ်။ ကိုယ်အသုံးပြုတဲ့ မိတ်ကပ်ပစ္စည်းထဲမှာပါဝင်တဲ့ chemical ဟာ ရင်သွေးအတွက် စိတ်ချရရဲ့လားဆိုတာပါ။
ဥပမာပြောရရင်- Hydroquinone ဟာ အရေပြားကို ဖြူဝင်းတောက်ပစေပါတယ်။ သူဟာ သန္ဓေသားကို ပျက်စီးစေတဲ့သက်ရောက်မှုလုံးဝမရှိပါဘူး။ ဒါပေမယ့်သူ့ကို သွေးကြောကနေစုပ်ယူမှုကတော့ သိပ်ကောင်းတဲ့ပစ္စည်းပါ။ ဒီတော့ ကိုယ်ဝန်ဆောင်နဲ့မီးတွင်းကာလမှာ ဒီဓာတုပစ္စည်းကို ရှောင်နိုင်သမျှရှောင် နည်းနိုင်သမျှနည်းမယ်ဆိုရင်တော့ ပိုစိတ်ချရတဲ့သဘောပဲဖြစ်ပါတယ်။
မိတ်ကပ်ပစ္စည်းအများစုမှာပါတဲ့ ဓာတုပစ္စည်းတွေဟာ သန္ဓေသားကို ဆိုးကျိုးဖြစ်စေ( Teratogenic Effect )တာမျိုးတော့ နည်းပါတယ်။ သို့သော် ဒီမိတ်ကပ်ပစ္စည်းတွေမှာ ဘာပါတယ်ဆိုတဲ့ Ingredients (ပါဝင်ပစ္စည်းစာရင်း)ကရော စိတ်ချယုံကြည်ရရဲ့လားဆိုတာတော့ သံသယဖြစ်စရာပါပဲ။
ရှောင်ကြဉ်ရမယ့်အလှကုန်ပစ္စည်းများကတော့
Vitamin A- Vitamin A ကို သင့်တော်တဲ့ပမာဏသောက်သုံးတာဟာ အရေပြားအတွက် ကောင်းမွန်စေပါတယ်။ ဝက်ခြံနဲ့ အရွယ်မတိုင်ခင်အိုမင်းခြင်းလို မျက်နှာပေါ်ကအရေပြားပြဿနာတွေကို Vitamin A ရဲ့ Synthetic Form တစ်ခုဖြစ်တဲ့ Retinoids ပါတဲ့ cream တွေ၊ သောက်ဆေးတွေက သက်သာကောင်းမွန်သွားစေပါတယ်။ ဒါပေမယ့် ဒီ Retinoids ကို ကိုယ်ဝန်ဆောင်ချိန်မှာတော့ မသုံးစွဲသင့်ပါဘူး။ သန္ဓေသားရဲ့ ဖွံ့ဖြိုးမှုကို ဆိုးကျိုးဖြစ်စေပါတယ်။
Vitamin K – Vitamin K ဟာလည်း အရေပြားကို လင်းလက်ဖြူဖွေးစေတဲ့ အလှကုန်တွေမှာ မပါမဖြစ်ပစ္စည်းပါပဲ။ သူ့မှာသွေးခဲစေတဲ့အာနိသင်ရှိပါတယ်။ကိုယ်ဝန်ဆောင်မိခင်ဟာ သူများထက်ပိုပြီး သွေးခဲတတ်ပါတယ်။ ဒါကြောင့် Vitamin K ကို အရေပြားအတွင်းပိုင်းထိရောက်အောင် တစ်နည်း သွေးကြောထဲကိုရောက်စေအောင် သုံးစွဲတာမျိုး မရှိသင့်ပါဘူး။ ရင်သွေးအတွက် နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်။
Centella Asiatica – ဒါကတော့ အကြောပြတ်တဲ့အခါမှာ အင်မတန်အစွမ်းထက်ပါတယ်။ ဒါပေမယ့်သူဟာ နေရောင်ခြည်နဲ့တွေ့တဲ့အခါ အထိမခံနိုင်ပိုဖြစ်စေပါတယ်။ ကိုယ်ဝန်ဆောင်တွေဆိုရင် အနီစက် (rash) တွေ ပေါ်တဲ့အထိဖြစ်နိုင်ပါတယ်။
သူ့ကို သောက်ဆေးအနေနဲ့သောက်ရင် Narcotic like effect (မူးယစ်ဆေးကဲ့သို့သောအကျိူးသက်ရောက်မှု)ရှိပြီး ကိုယ်ဝန်ပျက်ကျနိုင်ပါတယ်။
ဒါကြောင့် မေမေဟာ အလှအပကိုလည်းချစ်တယ်။ ကိုယ့်ရင်သွေးလေးကိုလည်းပိုချစ်တယ်ဆိုရင် အောက်ပါအချက်လေးတွေကို သတိပြုပေးသင့်ပါတယ်။
– ကိုယ်ဝန်နုစဉ် ပထမသုံးလအတွင်းမှာ ခဲဓာတ်၊ မာကျူရီဓာတ် စတဲ့ chemical တွေနဲ့ ထိတွေ့မှုအနည်းဆုံးဖြစ်အောင်နေပေးပါ။
– လက်သည်းဆိုးဆေး၊ ဆံပင်ဆိုးဆေး၊ လက်သည်းအတုပစ္စည်းများ၊ ဆံပင်ယာယီဆိုးဆေး စတာတွေမှာ ဓာတုပစ္စည်းတွေအများအပြားပါဝင်ပါတယ်။ ဒါပေမယ့် သူတို့ဟာ ကလေးကို လုံးဝဆိုးကျိုးပေးတယ်ဆိုပြီး တစ်ထစ်ချပြောလို့ရစေတဲ့ စစ်တမ်းတော့မရှိပါဘူး။ ဒါပေမယ့် မေမေတို့က အသိဉာဏ်ကြွယ်ဝစွာနဲ့ ဒါတွေကို လုံးဝရှောင်ချင်ရှောင် (သို့မဟုတ်) သုံးမိရင်လည်း ထိတွေ့မှုအနည်းဆုံးနဲ့ လေဝင်လေထွက်အကောင်းဆုံးနေရာတွေမှာသာ အသုံးပြုသင့်ပါတယ်လို့ ရေးသားဖော်ပြလိုက်ရပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)
အလွႀကိဳက္သူေမေမ (၂)
ကိုယ္ဝန္ေဆာင္နဲ႔မီးတြင္းကာလမွာ မိတ္ကပ္လိမ္း အလွျပင္လို႔ ရမရ?
ေမေမဟာ မိတ္ကပ္ျပင္ရတာသိပ္ကိုႏွစ္ၿခိဳက္ၿပီး ကိုယ္ဝန္ေဆာင္မိခင္တစ္ေယာက္လည္းျဖစ္ေနမယ္ဆိုရင္ ဒီေဆာင္းပါးေလးကို ဖတ္ဖို႔အခ်ိန္အနည္းငယ္ေပးသင့္ပါတယ္။ လွပတဲ့မိခင္တစ္ေယာက္လည္းျဖစ္ခ်င္တယ္…ဒါေပမယ့္ကိုယ့္ရဲ႕သေႏၶသားကိုလည္း မိမိရဲ႕အလွအပႀကိဳက္မႈေၾကာင့္ ဆိုးက်ိဳးတစ္စံုတစ္ရာ မျဖစ္ေစခ်င္ဘူးဆိုတဲ့ မိခင္ေတြအတြက္ ေရးသားေဖာ္ျပလိုက္ရပါတယ္။
ကိုယ္ဝန္ေဆာင္ကာလမွာ ေမေမတို႔ရဲ႕ အေရျပားဟာ ေျပာင္းလဲတတ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေဟာ္မုန္းဓာတ္၊ ဇီဝ႐ုပ္ျဖစ္ပ်က္ေျပာင္းလဲမႈ၊ ေသြးသားနဲ႔ ခုခံအားဆိုင္ရာေျပာင္းလဲမႈေတြေၾကာင့္ပဲျဖစ္ပါတယ္။ အဲဒီအခါမွာ ကိုယ့္ရဲ႕အေရျပားဟာ အရင္လိုမဟုတ္ဘဲ လွပမႈနည္းလာတယ္လို႔ထင္ႏိုင္ပါတယ္။ ၿပီးေတာ့ မ်ိဳးပြားအဂၤါနားမွာလည္း အေရျပား ယားနာေတြ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ဒီေတာ့ ကိုယ့္ရဲ႕စိတ္ခ်မ္းသာမႈအတြက္ေရာ၊ အလွအပအတြက္ေရာ၊ မိမိကိုယ္မိမိယံုၾကည္မႈအတြက္ပါ မိတ္ကပ္လိမ္း အလွျပင္ရပါတယ္။ ဒါဟာ မိန္းမသားတို႔အတြက္ ျဖစ္သင့္တဲ့ကိစၥတစ္ခုပါ။
သတိျပဳစရာအခ်က္မ်ား
ဒဲိေနရာမွာ အျငင္းပြားစရာကိစၥရပ္ေတြကလည္းရွိေနပါတယ္။ ကိုယ္အသံုးျပဳတဲ့ မိတ္ကပ္ပစၥည္းထဲမွာပါဝင္တဲ့ chemical ဟာ ရင္ေသြးအတြက္ စိတ္ခ်ရရဲ႕လားဆိုတာပါ။
ဥပမာေျပာရရင္- Hydroquinone ဟာ အေရျပားကို ျဖဴဝင္းေတာက္ပေစပါတယ္။ သူဟာ သေႏၶသားကို ပ်က္စီးေစတဲ့သက္ေရာက္မႈလံုးဝမရွိပါဘူး။ ဒါေပမယ့္သူ႔ကို ေသြးေၾကာကေနစုပ္ယူမႈကေတာ့ သိပ္ေကာင္းတဲ့ပစၥည္းပါ။ ဒီေတာ့ ကိုယ္ဝန္ေဆာင္နဲ႔မီးတြင္းကာလမွာ ဒီဓာတုပစၥည္းကို ေရွာင္ႏိုင္သမွ်ေရွာင္ နည္းႏိုင္သမွ်နည္းမယ္ဆိုရင္ေတာ့ ပိုစိတ္ခ်ရတဲ့သေဘာပဲျဖစ္ပါတယ္။
မိတ္ကပ္ပစၥည္းအမ်ားစုမွာပါတဲ့ ဓာတုပစၥည္းေတြဟာ သေႏၶသားကို ဆိုးက်ိဳးျဖစ္ေစ( Teratogenic Effect )တာမ်ိဳးေတာ့ နည္းပါတယ္။ သို႔ေသာ္ ဒီမိတ္ကပ္ပစၥည္းေတြမွာ ဘာပါတယ္ဆိုတဲ့ Ingredients (ပါဝင္ပစၥည္းစာရင္း)ကေရာ စိတ္ခ်ယံုၾကည္ရရဲ႕လားဆိုတာေတာ့ သံသယျဖစ္စရာပါပဲ။
ေရွာင္ၾကဥ္ရမယ့္အလွကုန္ပစၥည္းမ်ားကေတာ့
Vitamin A- Vitamin A ကို သင့္ေတာ္တဲ့ပမာဏေသာက္သံုးတာဟာ အေရျပားအတြက္ ေကာင္းမြန္ေစပါတယ္။ ဝက္ျခံနဲ႔ အရြယ္မတိုင္ခင္အိုမင္းျခင္းလို မ်က္ႏွာေပၚကအေရျပားျပႆနာေတြကို Vitamin A ရဲ႕ Synthetic Form တစ္ခုျဖစ္တဲ့ Retinoids ပါတဲ့ cream ေတြ၊ ေသာက္ေဆးေတြက သက္သာေကာင္းမြန္သြားေစပါတယ္။ ဒါေပမယ့္ ဒီ Retinoids ကို ကိုယ္ဝန္ေဆာင္ခ်ိန္မွာေတာ့ မသံုးစြဲသင့္ပါဘူး။ သေႏၶသားရဲ႕ ဖြံ႕ၿဖိဳးမႈကို ဆိုးက်ိဳးျဖစ္ေစပါတယ္။
Vitamin K – Vitamin K ဟာလည္း အေရျပားကို လင္းလက္ျဖဴေဖြးေစတဲ့ အလွကုန္ေတြမွာ မပါမျဖစ္ပစၥည္းပါပဲ။ သူ႔မွာေသြးခဲေစတဲ့အာနိသင္ရွိပါတယ္။ကိုယ္ဝန္ေဆာင္မိခင္ဟာ သူမ်ားထက္ပိုၿပီး ေသြးခဲတတ္ပါတယ္။ ဒါေၾကာင့္ Vitamin K ကို အေရျပားအတြင္းပိုင္းထိေရာက္ေအာင္ တစ္နည္း ေသြးေၾကာထဲကိုေရာက္ေစေအာင္ သံုးစြဲတာမ်ိဳး မရွိသင့္ပါဘူး။ ရင္ေသြးအတြက္ ေနာက္ဆက္တြဲဆိုးက်ိဳးေတြျဖစ္ေစႏိုင္ပါတယ္။
Centella Asiatica – ဒါကေတာ့ အေၾကာျပတ္တဲ့အခါမွာ အင္မတန္အစြမ္းထက္ပါတယ္။ ဒါေပမယ့္သူဟာ ေနေရာင္ျခည္နဲ႔ေတြ႕တဲ့အခါ အထိမခံႏိုင္ပိုျဖစ္ေစပါတယ္။ ကိုယ္ဝန္ေဆာင္ေတြဆိုရင္ အနီစက္ (rash) ေတြ ေပၚတဲ့အထိျဖစ္ႏိုင္ပါတယ္။
သူ႔ကို ေသာက္ေဆးအေနနဲ႔ေသာက္ရင္ Narcotic like effect (မူးယစ္ေဆးကဲ့သို႔ေသာအက်ိဴးသက္ေရာက္မႈ)ရွိၿပီး ကိုယ္ဝန္ပ်က္က်ႏိုင္ပါတယ္။
ဒါေၾကာင့္ ေမေမဟာ အလွအပကိုလည္းခ်စ္တယ္။ ကိုယ့္ရင္ေသြးေလးကိုလည္းပိုခ်စ္တယ္ဆိုရင္ ေအာက္ပါအခ်က္ေလးေတြကို သတိျပဳေပးသင့္ပါတယ္။
– ကိုယ္ဝန္ႏုစဥ္ ပထမသံုးလအတြင္းမွာ ခဲဓာတ္၊ မာက်ဴရီဓာတ္ စတဲ့ chemical ေတြနဲ႔ ထိေတြ႕မႈအနည္းဆံုးျဖစ္ေအာင္ေနေပးပါ။
– လက္သည္းဆိုးေဆး၊ ဆံပင္ဆိုးေဆး၊ လက္သည္းအတုပစၥည္းမ်ား၊ ဆံပင္ယာယီဆိုးေဆး စတာေတြမွာ ဓာတုပစၥည္းေတြအမ်ားအျပားပါဝင္ပါတယ္။ ဒါေပမယ့္ သူတို႔ဟာ ကေလးကို လံုးဝဆိုးက်ိဳးေပးတယ္ဆိုၿပီး တစ္ထစ္ခ်ေျပာလို႔ရေစတဲ့ စစ္တမ္းေတာ့မရွိပါဘူး။ ဒါေပမယ့္ ေမေမတို႔က အသိဉာဏ္ႂကြယ္ဝစြာနဲ႔ ဒါေတြကို လံုးဝေရွာင္ခ်င္ေရွာင္ (သို႔မဟုတ္) သံုးမိရင္လည္း ထိေတြ႕မႈအနည္းဆံုးနဲ႔ ေလဝင္ေလထြက္အေကာင္းဆံုးေနရာေတြမွာသာ အသံုးျပဳသင့္ပါတယ္လို႔ ေရးသားေဖာ္ျပလိုက္ရပါတယ္။
အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။
ေမာင္(ေဆး-၁)