နှာစေးနှာပိတ်တဲ့ကလေးငယ်
မိုးရာသီမှာ ကလေးအချို့ဟာ အအေးမိနှာစေးနှာပိတ်ခြင်းကြုံရတတ်ပါတယ်။ ဒီအခါမှာ နီးစပ်ရာဆေးပေးခန်းကို ရာသီဥတုကြောင့်ဖြစ်စေ၊ အချိန်ကြောင့်ဖြစ်စေ မသွားနိုင်သေးတဲ့ မိဘနဲ့ကလေးငယ်တွေအတွက် အိမ်မှာရှိတဲ့ပစ္စည်းလေးတွေနဲ့ နှာပိတ်သက်သာစေတဲ့ နည်းလမ်းလေးတွေကိုပြောပြလိုက်ရပါတယ်။
၁။ ကလေးငယ်ရဲ့ ပိတ်နေတဲ့နှာခေါင်းထဲကို ဆားရည် နှစ်စက်၊သုံးစက်ခန့်ထည့်ပေးပါ။ ဆားရည်ဖျော်တဲ့နေရာမှာ ရေသန့်ဘူးတစ်လီတာဗူးဝက် (၅၀၀ml) ကို လက်ဖက်စားဇွန်းတစ်ဇွန်းပြည့် ခတ်ပြီး ရရှိလာတဲ့ ဆားရည်ကိုထည့်ပေးရမှာဖြစ်ပါတယ်။ အနီးအနားမှာ ဆေးဆိုင်ရှိတယ်ဆိုရင် Physiodoseလိုမျိုး ဆေးရည်ကိုဝယ်ယူပြီးခတ်ပေးနိုင်ပါတယ်။
၂။ ကလေးငယ်အိပ်တဲ့အနားမှာ ရေနွေးကို ဇလုံတစ်ခုနဲ့ထည့်ကာထားပေးနိုင်ပါတယ်။ ကလေးငယ်အိပ်နေရင်းက လှိမ့်ပြီးလှမ်းဆွဲလို့မရဖို့လိုပါတယ်။ အပူလောင်မှာစိုး၍ဖြသ်ပါတယ်။ လျှပ်စစ်ပစ္စည်းတစ်မျိုးဖြစ်တဲ့ ရေနွေးငွေ့ထုတ်စက်ကို ဝယ်ယူရလွယ်ကူပါက ကလေးရှိတဲ့အခန်းတွင်းမှာ ထားရှိအသုံးပြုနိုင်ပါတယ်။
၃။လကလေးငယ်ရဲ့ခေါင်းကို ခေါင်းအုံးအမြင့် သို့မဟုတ် စောင်ပါးအနည်းငယ်ထပ်မံခံကာ ဘေးစောင်းကာအိပ်စေခြင်းဖြင့်လည်း နှာပိတ်မှုကိုသက်သာစေနိုင်ပါတယ်။
မေတ္တာဖြင့်
စိုင်းမြတ်သူ
ႏွာေစးႏွာပိတ္တဲ့ကေလးငယ္
မိုးရာသီမွာ ကေလးအခ်ိဳ႕ဟာ အေအးမိႏွာေစးႏွာပိတ္ျခင္းၾကံဳရတတ္ပါတယ္။ ဒီအခါမွာ နီးစပ္ရာေဆးေပးခန္းကို ရာသီဥတုေၾကာင့္ျဖစ္ေစ၊ အခ်ိန္ေၾကာင့္ျဖစ္ေစ မသြားႏိုင္ေသးတဲ့ မိဘနဲ႔ကေလးငယ္ေတြအတြက္ အိမ္မွာ႐ွိတဲ့ပစၥည္းေလးေတြနဲ႔ ႏွာပိတ္သက္သာေစတဲ့ နည္းလမ္းေလးေတြကိုေျပာျပလိုက္ရပါတယ္။
၁။ ကေလးငယ္ရဲ႕ ပိတ္ေနတဲ့ႏွာေခါင္းထဲကို ဆားရည္ ႏွစ္စက္၊သံုးစက္ခန္႔ထည့္ေပးပါ။ ဆားရည္ေဖ်ာ္တဲ့ေနရာမွာ ေရသန္႔ဘူးတစ္လီတာဗူးဝက္ (၅၀၀ml) ကို လက္ဖက္စားဇြန္းတစ္ဇြန္းျပည့္ ခတ္ၿပီး ရ႐ွိလာတဲ့ ဆားရည္ကိုထည့္ေပးရမွာျဖစ္ပါတယ္။ အနီးအနားမွာ ေဆးဆိုင္႐ွိတယ္ဆိုရင္ Physiodoseလိုမ်ိဳး ေဆးရည္ကိုဝယ္ယူၿပီးခတ္ေပးႏိုင္ပါတယ္။
၂။ ကေလးငယ္အိပ္တဲ့အနားမွာ ေရေႏြးကို ဇလံုတစ္ခုနဲ႔ထည့္ကာထားေပးႏိုင္ပါတယ္။ ကေလးငယ္အိပ္ေနရင္းက လွိမ့္ၿပီးလွမ္းဆြဲလို႔မရဖို႔လိုပါတယ္။ အပူေလာင္မွာစိုး၍ျဖသ္ပါတယ္။ လ်ွပ္စစ္ပစၥည္းတစ္မ်ိဳးျဖစ္တဲ့ ေရေႏြးေငြ႔ထုတ္စက္ကို ဝယ္ယူရလြယ္ကူပါက ကေလး႐ွိတဲ့အခန္းတြင္းမွာ ထား႐ွိအသံုးျပဳႏိုင္ပါတယ္။
၃။လကေလးငယ္ရဲ႕ေခါင္းကို ေခါင္းအံုးအျမင့္ သို႔မဟုတ္ ေစာင္ပါးအနည္းငယ္ထပ္မံခံကာ ေဘးေစာင္းကာအိပ္ေစျခင္းျဖင့္လည္း ႏွာပိတ္မႈကိုသက္သာေစႏိုင္ပါတယ္။
ေမတၱာျဖင့္
စိုင္းျမတ္သူ