လည်ပင်းနာခြင်း အမြန်ဆုံးသက်သာစေမည့် နည်းလမ်းများ
လည်ပင်းနာခြင်းဆိုတာကတော့…..ခုလို ရာသီအကူးအပြောင်း ကာလမျိုးမှာ အအေးမိ တုပ်ကွေးနဲ့အတူ ရောပါလာတတ်တဲ့ ပြသနာတစ်မျိုးပါ။ စားရသောက်ရဆာအဆင်မပြေလှတဲ့အပြင် စကားပြောမယ်လုပ်တိုင်း လည်ပင်းထဲကနာနာလာတတ်တော့….. တကယ်ကိုပဲ စိတ်အနှောက်အယှက်ဖြစ်ရတြဲ့ နာကျင်မှုဝေဒနာတစ်မျိုးပေါ့။
ဒီတော့ သင့်မှာ ဒီလိုလည်ပင်းနာဝေဒနာခံစားလာရပြီဆိုရင် အမြန်ဆုံးသက်သာစေမယ့် နည်းလမ်းလေးတွေကို အောက်မှာ ဖော်ပြပေးထားပါတယ် …
(၁)အနားယူပါ။
ဒီလိုအချိန်မျိုးမှာ အလုပ်သွား၊လူများတဲ့နေရာတွေသွား၊စကားတွေအများကြီးပြောခြင်းထက် အိမ်မှာ အေးအေးဆေးဆေးအနားယူခြင်းက ပိုမိုသက်သာစေမှာပါ။
(၂)အရည်များများသောက်ပါ။
အရည်များများသောက်ခြင်းဖြင့် အာခေါက်စိုစွတ်နေစေပြီး စကားပြော အစားစားရာမှာ ချောမွေ့စေလို့…..လည်ပင်းနာတာ သက်သာစေပါတယ်။
လည်ပင်းနာနေစဉ် ရေခဲရည်မသောက်ရ၊ရေခဲချောင်းမစားရဆိုတဲ့ အယူအဆကလည်း မမှန်ကန်ပါဘူး။
အဓိကက ရေဓာတ်ဆုံးရှုံးစေပြီး အာခေါင်ပိုခြောက် ပိုနာစေတဲ့ အရက်၊ဘီယာတွေကိုတော့ ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။
(၃)ဆားရည်ဖြင့်အာလုပ်ကျင်းပါ။
ရေကျက်အေးတစ်ဖန်ခွက်တွင် အိမ်သုံးဆား လက်ဖက်ရည်ဇွန်းတစ်ဝက် (သို့) လေးပုံတစ်ပုံခန့်ထည့်ပြီး အာလုပ်ကျင်းပါ။
(၄)လည်ပင်းနာသက်သာစေသော ငုံဆေးများငုံပါ။
(ဥပမာ – Degirol Lozenges ဒီဂျရောငုံဆေးပြားကဲ့သို့ ငုံဆေးပြား ငုံနိုင်ပါတယ်။)(အသက်၄နှစ်အောက်ကလေးများတွင်တော့ ဆေးနင်မည်စိုးသဖြင့် ငုံဆေးများမငုံခိုင်းပါနဲ့ဦး)
(၅)ပတ်ဝန်းကျင်တွင် ဆေးလိပ်ငွေ့များ၊ ဖုန်မှုန့်များ၊ အနံ့ပြင်းသောအရာများ မရှိပါစေနှင့်။
(၆)အထက်ပါနည်းလမ်းများဖြင့် မသက်သာပါက ဆရာဝန်နှင့်ပြသပြီး လိုအပ်သောကုသမှုခံယူပါ။
ပိုင်နီမေ
လည္ပင္းနာျခင္း အျမန္ဆံုးသက္သာေစမည့္ နည္းလမ္းမ်ား
လည္ပင္းနာျခင္းဆိုတာကေတာ့…..ခုလို ရာသီအကူးအေျပာင္း ကာလမ်ိဳးမွာ အေအးမိ တုပ္ေကြးနဲ႔အတူ ေရာပါလာတတ္တဲ့ ျပသနာတစ္မ်ိဳးပါ။ စားရေသာက္ရဆာအဆင္မေျပလွတဲ့အျပင္ စကားေျပာမယ္လုပ္တိုင္း လည္ပင္းထဲကနာနာလာတတ္ေတာ့….. တကယ္ကိုပဲ စိတ္အေႏွာက္အယွက္ျဖစ္ရၿတဲ့ နာက်င္မႈေဝဒနာတစ္မ်ိဳးေပါ့။
ဒီေတာ့ သင့္မွာ ဒီလိုလည္ပင္းနာေဝဒနာခံစားလာရၿပီဆိုရင္ အျမန္ဆံုးသက္သာေစမယ့္ နည္းလမ္းေလးေတြကို ေအာက္မွာ ေဖာ္ျပေပးထားပါတယ္ …
(၁)အနားယူပါ။
ဒီလိုအခ်ိန္မ်ိဳးမွာ အလုပ္သြား၊လူမ်ားတဲ့ေနရာေတြသြား၊စကားေတြအမ်ားႀကီးေျပာျခင္းထက္ အိမ္မွာ ေအးေအးေဆးေဆးအနားယူျခင္းက ပိုမိုသက္သာေစမွာပါ။
(၂)အရည္မ်ားမ်ားေသာက္ပါ။
အရည္မ်ားမ်ားေသာက္ျခင္းျဖင့္ အာေခါက္စိုစြတ္ေနေစၿပီး စကားေျပာ အစားစားရာမွာ ေခ်ာေမြ႕ေစလို႔…..လည္ပင္းနာတာ သက္သာေစပါတယ္။
လည္ပင္းနာေနစဥ္ ေရခဲရည္မေသာက္ရ၊ေရခဲေခ်ာင္းမစားရဆိုတဲ့ အယူအဆကလည္း မမွန္ကန္ပါဘူး။
အဓိကက ေရဓာတ္ဆံုးရွံုးေစၿပီး အာေခါင္ပိုေျခာက္ ပိုနာေစတဲ့ အရက္၊ဘီယာေတြကိုေတာ့ ေရွာင္ၾကဥ္ရမွာျဖစ္ပါတယ္။
(၃)ဆားရည္ျဖင့္အာလုပ္က်င္းပါ။
ေရက်က္ေအးတစ္ဖန္ခြက္တြင္ အိမ္သံုးဆား လက္ဖက္ရည္ဇြန္းတစ္ဝက္ (သို႔) ေလးပံုတစ္ပံုခန္႔ထည့္ၿပီး အာလုပ္က်င္းပါ။
(၄)လည္ပင္းနာသက္သာေစေသာ ငံုေဆးမ်ားငံုပါ။
(ဥပမာ – Degirol Lozenges ဒီဂ်ေရာငံုေဆးျပားကဲ့သို႔ ငံုေဆးျပား ငံုႏိုင္ပါတယ္။)(အသက္၄ႏွစ္ေအာက္ကေလးမ်ားတြင္ေတာ့ ေဆးနင္မည္စိုးသျဖင့္ ငံုေဆးမ်ားမငံုခိုင္းပါနဲ႔ဦး)
(၅)ပတ္ဝန္းက်င္တြင္ ေဆးလိပ္ေငြ႕မ်ား၊ ဖုန္မႈန္႔မ်ား၊ အနံ႔ျပင္းေသာအရာမ်ား မရွိပါေစႏွင့္။
(၆)အထက္ပါနည္းလမ္းမ်ားျဖင့္ မသက္သာပါက ဆရာဝန္ႏွင့္ျပသၿပီး လိုအပ္ေသာကုသမႈခံယူပါ။
ပိုင္နီေမ