ကိုယ်ဝန်ဆောင်တို့ ဗိုက်ကြောပြတ်တာသက်သာဖို့ လိုက်နာဖွယ်ရာအချက် (၆)ချက်

ကိုယ်ဝန်ဆောင်တို့ အကြောပြတ်ခြင်းဟာ ဗိုက်အပြင် ပေါင်၊ တင်ပါးနဲ့ အချို့ ရင်ညွန့်နားထိရှိတတ်ကြပါတယ်။ ဒီလိုအကြောပြတ်တာ သက်သာဖို့အတွက် ဆောင်ရန်အချက် (၆)ချက်ရေးသားလိုက်ရပါတယ်။

၁. ကိုယ်အလေးချိန်ကိုထိန်းညှိပါ

ကိုယ်အလေးချိန်များလေလေ ဝလေလေ ဗိုက်ကြောပြတ်မှုများလေလေဖြစ်တဲ့အတွက် ခန္ဓာကိုယ်ဝိတ်အရမ်းမတက်စေအောင်ကြိုးစားပါ။ အနေတော်ကိုယ်အလေးချိန်တစ်ခုရအောင် အစားအသောက်၊ လေ့ကျင့်ခန်းတို့နဲ့ထိန်းညှိပေးပါ။

၂. သင့်ခန္ဓာကိုယ်မှာ ရေဓာတ်လုံလုံလောက်လောက်ရှိနေပါစေ

ရေဟာ သဘာဝကပေးတဲ့အကောင်းဆုံး ဆေးတစ်ခွက်လို့ဆိုရင် မှားမယ်မထင်ပါဘူး။ တစ်နေ့တစ်နေ့ကို အနည်းဆုံး ရေ နှစ်လီတာခွဲခန့် ပုံမှန်သောက်သုံးပေးမယ်ဆိုရင် အသားအရေကြည်လင်ပြီး အမာရွတ်များကိုအထိုက်အလျောက်သက်သာစေမှာပဲဖြစ်ပါတယ်။

၃. အာဟာရရှိရှိစားသောက်ပါ။

သင့်ရဲ့အစားအစာထဲမှာ ဗီတာမင်ဓာတ်လုံလုံလောက်လောက်ပါရဲ့လား။ ဗီတာမင် စီ၊ ဗီတာမင် ဒီ နဲ့ ဗီတာမင် အီး တို့ဟာ အသားအရေပြုပြင်ထိန်းသိန်းရာမှာ အလွန်အထောက်အကူပြုတဲ့ဓာတ်တွေဖြစ်တာမို့ ဒီဓာတ်တွေပါတဲ့အစားအစာများကို စားသုံးပေးရမှာပါ။ ဒါ့အပြင် သွပ်ဓာတ်နဲ့ ပရိုတင်းဟာလည်း အမာရွတ်သက်သာရန်အထောက်အကူပြုတဲ့အတွက် အသားဓာတ်လဲလုံလောက်ဖို့လိုအပ်ပါတယ်။

၄. ဗီတာမင် စီ

ကော်လဂျင် (Collagen)ဓာတ်ဟာ အသားအရေတွန့်ခြင်း နဲ့ အကြောပြတ်ရာများကို မဖြစ်ပွားအောင်၊ ရှိလက်စအကြောပြတ်ခြင်းကိုလည်း သက်သာအောင် ကူညီပေးတဲ့ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဗီတာမင်စီဟာ ကော်လဂျင်ဓာတ်များဖြစ်လာဖို့အတွက်အရေးပါတဲ့ကုန်ကြမ်းပဲဖြစ်ပါတယ်။ ဒါကြောင့် လိမ္မော်သီး၊ သံပုရာသီးကဲ့သို့သော အရည်ရွှမ်းတဲ့အသီးအနှံများကိုစားပေးသင့်ပါတယ်။

၅. ဇင့် ဆိုတဲ့ အများအခေါ် သွပ်ဓာတ်

ဇင့်ဓာတ်(Zinc)ဟာ ခန္ဓာကိုယ်ရောင်ရမ်းခြင်းကိုသက်သာစေပြီး အနာကျက်မှုကိုအားပေးတဲ့ဓာတ်တစ်မျိုးဖြစ်တဲ့အတွက် အရေပြားကျန်းမာရေးကိုအထောက်အကူပေးပါတယ်။ ဒါကြောင့်သင့်ရဲ့အစားအသောက်ထဲမှာ ငါး၊ မြေပဲ၊ အစေ့အဆံများပါဝင်သင့်ပါတယ်။

၆. လိမ်းဆေးအကူအညီ

ဗီတာမင်အေ ပါဝင်တဲ့လိမ်းဆေးတွေဟာ အမာရွတ်ကိုပျောက်ကင်းသက်သာစေပါတယ်။ အကယ်၍ အစားအသောက်နဲ့ထိန်းသိမ်းလို့မနိုင်တဲ့ အကြောပြတ်ရာတွေရှိနေမယ်ဆိုရင်တော့ တတ်ကျွမ်းနားလည်တဲ့ဆရာဝန်များနဲ့တိုင်ပင်ကာ ကုသမှုခံယူသင့်ကြောင်း တင်ပြလိုက်ပါတယ်။

မေတ္တာဖြင့်

စိုင်းမြတ်သူ

ကိုယ္ဝန္ေဆာင္တို႔ ဗိုက္ေၾကာျပတ္တာသက္သာဖို႔ လိုက္နာဖြယ္ရာအခ်က္ (၆)ခ်က္

ကိုယ္ဝန္ေဆာင္တို႔ အေၾကာျပတ္ျခင္းဟာ ဗိုက္အျပင္ ေပါင္၊ တင္ပါးနဲ႔ အခ်ိဳ႕ ရင္ၫြန္႔နားထိ႐ွိတတ္ၾကပါတယ္။ ဒီလိုအေၾကာျပတ္တာ သက္သာဖို႔အတြက္ ေဆာင္ရန္အခ်က္ (၆)ခ်က္ေရးသားလိုက္ရပါတယ္။

၁. ကိုယ္အေလးခ်ိန္ကိုထိန္းညႇိပါ

ကိုယ္အေလးခ်ိန္မ်ားေလေလ ဝေလေလ ဗိုက္ေၾကာျပတ္မႈမ်ားေလေလျဖစ္တဲ့အတြက္ ခႏၶာကိုယ္ဝိတ္အရမ္းမတက္ေစေအာင္ႀကိဳးစားပါ။ အေနေတာ္ကိုယ္အေလးခ်ိန္တစ္ခုရေအာင္ အစားအေသာက္၊ ေလ့က်င့္ခန္းတို႔နဲ႔ထိန္းညႇိေပးပါ။

၂. သင့္ခႏၶာကိုယ္မွာ ေရဓာတ္လံုလံုေလာက္ေလာက္႐ွိေနပါေစ

ေရဟာ သဘာဝကေပးတဲ့အေကာင္းဆံုး ေဆးတစ္ခြက္လို႔ဆိုရင္ မွားမယ္မထင္ပါဘူး။ တစ္ေန႔တစ္ေန႔ကို အနည္းဆံုး ေရ ႏွစ္လီတာခြဲခန္႔ ပံုမွန္ေသာက္သံုးေပးမယ္ဆိုရင္ အသားအေရၾကည္လင္ၿပီး အမာရြတ္မ်ားကိုအထိုက္အေလ်ာက္သက္သာေစမွာပဲျဖစ္ပါတယ္။

၃. အာဟာရ႐ွိ႐ွိစားေသာက္ပါ။

သင့္ရဲ႕အစားအစာထဲမွာ ဗီတာမင္ဓာတ္လံုလံုေလာက္ေလာက္ပါရဲ႕လား။ ဗီတာမင္ စီ၊ ဗီတာမင္ ဒီ နဲ႔ ဗီတာမင္ အီး တို႔ဟာ အသားအေရျပဳျပင္ထိန္းသိန္းရာမွာ အလြန္အေထာက္အကူျပဳတဲ့ဓာတ္ေတြျဖစ္တာမို႔ ဒီဓာတ္ေတြပါတဲ့အစားအစာမ်ားကို စားသံုးေပးရမွာပါ။ ဒါ့အျပင္ သြပ္ဓာတ္နဲ႔ ပ႐ိုတင္းဟာလည္း အမာရြတ္သက္သာရန္အေထာက္အကူျပဳတဲ့အတြက္ အသားဓာတ္လဲလံုေလာက္ဖို႔လိုအပ္ပါတယ္။

၄. ဗီတာမင္ စီ

ေကာ္လဂ်င္ (Collagen)ဓာတ္ဟာ အသားအေရတြန္႔ျခင္း နဲ႔ အေၾကာျပတ္ရာမ်ားကို မျဖစ္ပြားေအာင္၊ ႐ွိလက္စအေၾကာျပတ္ျခင္းကိုလည္း သက္သာေအာင္ ကူညီေပးတဲ့ဓာတ္တစ္မ်ိဳးျဖစ္ပါတယ္။ ဗီတာမင္စီဟာ ေကာ္လဂ်င္ဓာတ္မ်ားျဖစ္လာဖို႔အတြက္အေရးပါတဲ့ကုန္ၾကမ္းပဲျဖစ္ပါတယ္။ ဒါေၾကာင့္ လိေမၼာ္သီး၊ သံပုရာသီးကဲ့သို႔ေသာ အရည္ရႊမ္းတဲ့အသီးအႏွံမ်ားကိုစားေပးသင့္ပါတယ္။

၅. ဇင့္ ဆိုတဲ့ အမ်ားအေခၚ သြပ္ဓာတ္

ဇင့္ဓာတ္(Zinc)ဟာ ခႏၶာကိုယ္ေရာင္ရမ္းျခင္းကိုသက္သာေစၿပီး အနာက်က္မႈကိုအားေပးတဲ့ဓာတ္တစ္မ်ိဳးျဖစ္တဲ့အတြက္ အေရျပားက်န္းမာေရးကိုအေထာက္အကူေပးပါတယ္။ ဒါေၾကာင့္သင့္ရဲ႕အစားအေသာက္ထဲမွာ ငါး၊ ေျမပဲ၊ အေစ့အဆံမ်ားပါဝင္သင့္ပါတယ္။

၆. လိမ္းေဆးအကူအညီ

ဗီတာမင္ေအ ပါဝင္တဲ့လိမ္းေဆးေတြဟာ အမာရြတ္ကိုေပ်ာက္ကင္းသက္သာေစပါတယ္။ အကယ္၍ အစားအေသာက္နဲ႔ထိန္းသိမ္းလို႔မႏိုင္တဲ့ အေၾကာျပတ္ရာေတြ႐ွိေနမယ္ဆိုရင္ေတာ့ တတ္ကြၽမ္းနားလည္တဲ့ဆရာဝန္မ်ားနဲ႔တိုင္ပင္ကာ ကုသမႈခံယူသင့္ေၾကာင္း တင္ျပလိုက္ပါတယ္။

ေမတၱာျဖင့္

စိုင္းျမတ္သူ

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…
All Articlesအခြားရောဂါများ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…

Leave a Reply

Your email address will not be published. Required fields are marked *