ကိုယ်ခံအားမြှင့်တင်ပေးနိုင်သော နည်းလမ်းများ
ဒီနှစ်တုပ်ကွေးဟာ အတော်ခံစားရပါတယ် အဖျားလည်းတအားကြီးသလို ဖျားပြီး ရက်ရှည်ချောင်းဆိုးတာ နှာစေးတာကျန်ခဲ့ပါတယ် အထူးသဖြင့် ကိုယ်ခံအားကျချိန်မှာ အဖျားကူး ဖျားလို့ ခံတွင်းပျက် ဘာမှ မစား ခြင် ဘာမှ မစားတော့ ကိုယ်ခံအားထပ်ကျ မပြီးဆုံးသောသံသရာဖြစ်နေသူတွေကိုတွေ့မြင်နေရပါတယ် အဲလိုပါပဲ မနက်မိုးလင်းတိုင်း နှပ်လေးတရှုံရှုံ့ နဲ့ နိုးလာကြသော ထိပ်ကပ်နာသမားတွေ ခဏခဏဖျားနေကြသူတွေ အတွက် ကိုယ်ခံအားမြှင့်တင်ပေးနိုင်သောအစားအစာတွေ နှင့် နည်းလမ်းတွေကိုဝေမျှပေးလိုက်ပါတယ်။
(၁) ချဉ်သော အသီးများ
သံပရာသီး လိမ္မော်သီး ဂရိတ်ဖရုသီး စသော အသီးများဟာ ဗီတာမင်စီ ကြွယ်ဝစွာပါတာမို့ ကိုယ်ခံအားကိုမြှင့်တင်ကာ အဖျားကို တိုက်ဖျက်နိုင်ပါတယ်
(၂) broccoli ပန်းပွင့်စိမ်း
ကမ္ဘာ မှာ လူ့အတွက်အကျိုးအရှိဆုံး အစားအစာ တမျိုးဖြစ်တဲ့ ပန်းပွင့်စိမ်း ဟာ ဗီတာမင် အေ စီ အီးနှင့် သတ္ထုဓါတ်တို့မြင့် မားစွာပါဝင်တာကြောင့် ကိုယ်ခံအားမြှင့်တင်ရေးမှာ အစွမ်းထက်သော ဆေးတပါးပါ
(၃) ဂျင်း
ဂျင်းမှာ ပါဝင်သော ဓါတ်တွေက ရောင်ရမ်းခြင်းကို သက်သာစေပါတယ် ဒါကြောင့် လည်ပင်းနာတာကို တအားထိရောက်စွာပျောက်ကင်းနိုင်သလို နာကျင်မှုတွေကို လျော့ချပေးဖို့ ကူညီပေးနိုင်ပါတယ် တချို့မူးဝေခြင်းတွေမှာပါ သက်သာစေတာမို့ တုပ်ကွေးမိ လည်ပင်းနာသူတွေအတွက် စားသင့်တဲ့အစာပါ
(၄) ကြက်သွန်ဖြူ
ကြက်သြ န်ဖြူက ကူးစက်ရောဂါကုသရာမှာ ရှေးသမိုင်းတွေ ထဲက အသုံးပြုလာကြတာပါ ကိုယ်ခံအားကို အထောက်အကူပေးရုံသာမက သွေးပေါင်ချိန် ကို ကျစေနိုင်ခြင်း နဲ့ သွေးကြောနံရံမာလာတာကိုပါ နှေးစေသော သတ္တိရှိတာကို လေ့လာတွေ့ရှိထားပါတယ် ခဏခဏဖျားနေရင် ဟင်းထဲများများထည့်ချက်ကျွေးသင့်ပါတယ်နော်
(၅) ဒိန်ချဉ်
ကျန်းမာရေးအတွက်ကောင်းတဲ့ဒိန်ချဉ်ဆိုတာက ထန်းလျက်တွေ သကြားတွေ မပါတဲ့ရိုးရိုး ဒိန်ချဉ်ပါ သူ့မှာပါတဲ့ ဗီတာမင် ဒီပမာဏဟာ ကိုယ်ခံမြှင့်တင်ပေးနိုင်တဲ့အထိ အစွမ်းရှိပါတယ်
(၆) နနွင်း
ဟင်းထဲ ထည့်ထည့်ချက်နေသော နွနွင်း မှုန့်ဟာ အရိုးအဆစ်ရောင်ရမ်းခြင်းနှင့် ကိုယ်လက်ကိုက်ခဲတာတွေကို သက်သာစေနိုင်ပါတယ် တုပ်ကွေးကြောင့် ညောင်းကိုက်နေရင် ဟင်းထဲ များများထည့်ချက်ခိုင်းသင့်ပါတယ်
(၇) ကိုယ်ခံအားမြင့်မားစေသော ကျန်တဲ့အစားအစာတွေကတော့ အခွံမာငါး ကီဝီသီး သင်္ဘောသီး ဟင်းနုနွယ် မက်မွန်သီးတို့ ဖြစ်ပါတယ် ဖျားနေချိန် ဘာမှမစားရဖူးဆိုတာ ခေတ်ဟောင်းမှာကျန်ခဲ့ပါပြီ အကုန်စားလို့ရတဲ့အပြင် ကိုယ်ခံအားတတ်စေတာတွေစားပေးဖို့ လိုပါတယ် တချို့ အရာတွေက ဟင်းထဲကိုထည့်ချက်နေကြမို့ ဖျားနေချိန်ထွေထူးလုပ်စရာမလိုပဲ ခပ်များများထည့်ချက်ကာ လွယ်လွယ်ကူကူစားသုံးလို့ လည်းရပါတယ်
တခြား ဖျားတာကိုကာကွယ်စေနိုင်တာတော့ တကိုယ်ရည်သန့်ရှင်းမှု အိပ်ချိန်၈နာရီအိပ်ဖ်ု့ နဲ့ စိတ်ဖိစီးမှုကို တရားထိုင်တာ ယောဂကျင့်တာတွေနဲ့ ကျော်ဖြတ်ခြင်းတွေဟာ ခဏခဏနေမကောင်းဖြစ်သူတွေအတွက်လုပ်ပေးသင့်ပါတယ် အရေးအကြီးဆုံးကတော့ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးဖို့ပါ တုပ်ကြေးကာကြယ်ဆေးလည်း ထိုးထားသင့်ပါတယ်
ဒါတွေကတော့ ရောဂါကင်းဝေး ဖို့ ကိုယ်ခံအားမြင့်အောင်ဘယ်လိုနေကြမလဲ ဆိုတာတွေပါ
မေတ္တာဖြင့်
ဒေါက်တာလင်း( မိသားစုဆေးပညာ)
ကိုယ္ခံအားျမႇင့္တင္ေပးနိုင္ေသာ နၫ္းလမ္းမ်ား
ဒီႏွစ္တုပ္ေကြးဟာ အေတာ္ခံစားရပါတယ္ အဖ်ားလည္းတအားႀကီးသလို ဖ်ားၿပီး ရက္ရွည္ေခ်ာင္းဆိုးတာ ႏွာေစးတာက်န္ခဲ့ပါတယ္ အထူးသျဖင့္ ကိုယ္ခံအားက်ခ်ိန္မွာ အဖ်ားကူး ဖ်ားလို့ ခံတြင္းပ်က္ ဘာမွ မစား ျခင္ ဘာမွ မစားေတာ့ ကိုယ္ခံအားထပ္က် မၿပီးဆုံးေသာသံသရာျဖစ္ေနသူေတြကိုေတြ႕ျမင္ေနရပါတယ္ အဲလိုပါပဲ မနက္မိုးလင္းတိုင္း ႏွပ္ေလးတရွုံရွုံ႔ နဲ႔ နိုးလာၾကေသာ ထိပ္ကပ္နာသမားေတြ ခဏခဏဖ်ားေနၾကသူေတြ အတြက္ ကိုယ္ခံအားျမႇင့္တင္ေပးနိုင္ေသာအစားအစာေတြ ႏွင့္ နည္းလမ္းေတြကိုေဝမၽွေပးလိုက္ပါတယ္။
(၁) ခ်ဥ္ေသာ အသီးမ်ား
သံပရာသီး လိေမၼာ္သီး ဂရိတ္ဖ႐ုသီး စေသာ အသီးမ်ားဟာ ဗီတာမင္စီ ႂကြယ္ဝစြာပါတာမို့ ကိုယ္ခံအားကိုျမႇင့္တင္ကာ အဖ်ားကို တိုက္ဖ်က္နိုင္ပါတယ္
(၂) broccoli ပန္းပြင့္စိမ္း
ကမၻာ မွာ လူ႔အတြက္အက်ိဳးအရွိဆုံး အစားအစာ တမ်ိဳးျဖစ္တဲ့ ပန္းပြင့္စိမ္း ဟာ ဗီတာမင္ ေအ စီ အီးႏွင့္ သတၳဳဓါတ္တို့ျမင့္ မားစြာပါဝင္တာေၾကာင့္ ကိုယ္ခံအားျမႇင့္တင္ေရးမွာ အစြမ္းထက္ေသာ ေဆးတပါးပါ
(၃) ဂ်င္း
ဂ်င္းမွာ ပါဝင္ေသာ ဓါတ္ေတြက ေရာင္ရမ္းျခင္းကို သက္သာေစပါတယ္ ဒါေၾကာင့္ လည္ပင္းနာတာကို တအားထိေရာက္စြာေပ်ာက္ကင္းနိုင္သလို နာက်င္မွုေတြကို ေလ်ာ့ခ်ေပးဖို့ ကူညီေပးနိုင္ပါတယ္ တခ်ိဳ့မူးေဝျခင္းေတြမွာပါ သက္သာေစတာမို့ တုပ္ေကြးမိ လည္ပင္းနာသူေတြအတြက္ စားသင့္တဲ့အစာပါ
(၄) ၾကက္သြန္ျဖဴ
ၾကက္ၾသ န္ျဖဴက ကူးစက္ေရာဂါကုသရာမွာ ေရွးသမိုင္းေတြ ထဲက အသုံးျပဳလာၾကတာပါ ကိုယ္ခံအားကို အေထာက္အကူေပး႐ုံသာမက ေသြးေပါင္ခ်ိန္ ကို က်ေစနိုင္ျခင္း နဲ႔ ေသြးေၾကာနံရံမာလာတာကိုပါ ေႏွးေစေသာ သတၱိရွိတာကို ေလ့လာေတြ႕ရွိထားပါတယ္ ခဏခဏဖ်ားေနရင္ ဟင္းထဲမ်ားမ်ားထည့္ခ်က္ေကၽြးသင့္ပါတယ္ေနာ္
(၅) ဒိန္ခ်ဥ္
က်န္းမာေရးအတြက္ေကာင္းတဲ့ဒိန္ခ်ဥ္ဆိုတာက ထန္းလ်က္ေတြ သၾကားေတြ မပါတဲ့ရိုးရိုး ဒိန္ခ်ဥ္ပါ သူ႔မွာပါတဲ့ ဗီတာမင္ ဒီပမာဏဟာ ကိုယ္ခံျမႇင့္တင္ေပးနိုင္တဲ့အထိ အစြမ္းရွိပါတယ္
(၆) နႏြင္း
ဟင္းထဲ ထည့္ထည့္ခ်က္ေနေသာ ႏြႏြင္း မွုန္႔ဟာ အရိုးအဆစ္ေရာင္ရမ္းျခင္းႏွင့္ ကိုယ္လက္ကိုက္ခဲတာေတြကို သက္သာေစနိုင္ပါတယ္ တုပ္ေကြးေၾကာင့္ ေညာင္းကိုက္ေနရင္ ဟင္းထဲ မ်ားမ်ားထည့္ခ်က္ခိုင္းသင့္ပါတယ္
(၇) ကိုယ္ခံအားျမင့္မားေစေသာ က်န္တဲ့အစားအစာေတြကေတာ့ အခြံမာငါး ကီဝီသီး သေဘၤာသီး ဟင္းႏုႏြယ္ မက္မြန္သီးတို့ ျဖစ္ပါတယ္ ဖ်ားေနခ်ိန္ ဘာမွမစားရဖူးဆိုတာ ေခတ္ေဟာင္းမွာက်န္ခဲ့ပါၿပီ အကုန္စားလို့ရတဲ့အျပင္ ကိုယ္ခံအားတတ္ေစတာေတြစားေပးဖို့ လိုပါတယ္ တခ်ိဳ့ အရာေတြက ဟင္းထဲကိုထည့္ခ်က္ေနၾကမို့ ဖ်ားေနခ်ိန္ေထြထူးလုပ္စရာမလိုပဲ ခပ္မ်ားမ်ားထည့္ခ်က္ကာ လြယ္လြယ္ကူကူစားသုံးလို့ လည္းရပါတယ္
တျခား ဖ်ားတာကိုကာကြယ္ေစနိုင္တာေတာ့ တကိုယ္ရည္သန္႔ရွင္းမွု အိပ္ခ်ိန္၈နာရီအိပ္ဖ္ု့ နဲ႔ စိတ္ဖိစီးမွုကို တရားထိုင္တာ ေယာဂက်င့္တာေတြနဲ႔ ေက်ာ္ျဖတ္ျခင္းေတြဟာ ခဏခဏေနမေကာင္းျဖစ္သူေတြအတြက္လုပ္ေပးသင့္ပါတယ္ အေရးအႀကီးဆုံးကေတာ့ ေလ့က်င့္ခန္းပုံမွန္လုပ္ေပးဖို့ပါ တုပ္ေၾကးကာၾကယ္ေဆးလၫ္း ထိုးထားသင့္ပါတယ္
ဒါေတြကေတာ့ ေရာဂါကင္းေဝး ဖို့ ကိုယ္ခံအားျမင့္ေအာင္ဘယ္လိုေနၾကမလဲ ဆိုတာေတြပါ
ေမတၱာျဖင့္
ေဒါက္တာလင္း( မိသားစုေဆးပညာ)