All Articlesစားသောက်မှုပုံစံနေထိုင်မှုပုံစံအလှအပအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

အလှမပျက်ဖို့ အမာရွတ် တွေ ရုပ်မဆိုးအောင် ဘာတွေ လုပ်ကြမလဲ

1 Mins read

အသားကြည်လင်ဖို့ ဘယ်လိုလုပ်ကြမလဲ

လှပျိုဖြူတို့အတွက် မိန်းမမြတ်အင်္ဂ ါရပ်ထဲ တပါးပါဝင်သော အသားအရည်၏ကောင်းခြင်း ပြီးပြည့်စုံစေဖို့ အချက် လေးများကို ဖော်ပြပေးလိုက်ပါတယ်

(၁) သဘာဝ အုန်းဆီစစ် စစ်

အုန်း ဆီ မှာ antioxidant တွေ အရောင်သက်သာစေသော ဓါတ်တွေ ပါတာမို့ အသားအရည်အတွက်အလွန်းအမင်းသင့်တော်လှပါတယ် အုန်းဆီ နဲ့ ဓါတ်မတည့်သူ မှအပ ကျန်သူ အကုန်လိမ်းလို့ရပါတယ် သူက မိတ်ကပ်ဖျက်တာမှာသုံးလို့ရသလို မိတ်ကပ်မဖျက်မှီ အသားထဲစိမ့်နေအောင်လိမ်းထားလို့လည်းရပါတယ် သဘာဝ အသားအရည်စိုပြေဆေးပါ

(၂) ရှားစောင်းလတ်ပတ်ကိုသုံးစွဲခြင်း

ဆဲလ်အသစ်ဖြစ်စေသော သတ္တိရှိတဲ့ ရှားစောင်းလတ်ပတ်ဟာ အသားအရည်အတွက် နတ်ဆေးတပါးပါပဲ မျက်နှာသစ်ပြီးတိုင်း ရှာစောင်းလတ်ပတ်လေးကို ကပ်ထါးပေးမယ်ဆိုပါက အသားအရည် ဝင်းလက်ကြည်လင်စေမှာပါနော် သတိချပ်ဖို့က ဓါတ်မတည့်တာ ရှိတတ်တာမို့ ပထမ ဦးဆုံး ရှားစောင်းလတ်ပတ် နည်းနည်း လေးကို လက်မှာအရင် ကပ်ကြည့်ပါ ပြီးတော့ ၂၄နာရီတွင်း အသားတွေရဲလာတာ ရောင်တာ နာတာ မရှိရင် စလိမ်းလို့ရပါပြီ ဒါလေးတော့ဂရုစိုက်ပါ

(၃) ရေဓါတ်ဖြည့်တင်းပေးသော ခရင်များ

မျက်နှာသစ်ပြီးတိုင်း ရေဓါတ်ဖြည့်တင်းပေးသော ခရင်များကို လိမ်းပေးဖို့မမေ့ပါနဲ့ အသားအရည် လှပဝင်းမြဖို့ ဒါလေးကအဓိကကပါ

(၄) နေရောင်ကာ ခရင်
SPF15အနည်းဆုံးပါတဲ့ နေရောင်ကာခရင်တွေ နေ့စဉ်လိမ်းပေးဖို့ လည်းလိုပါတယ် မိုးရွာတဲ့နေ့တွေ တိမ်ထူတဲ့နေ့တွေမှာတောင် လိမ်းပေးရပါမယ်

(၅) မျက်နှာသစ်ခြင်း
နေ့တစ်နေ့မှာ မနက်အိပ်ရာထချိန်နဲ့ ညအိပ်ချိန် ၂ ခခါတော့ မျက်နှာသစ်ပေးဖို့ လိုပါတယ် ချွေးထွက်ပြီးတိုင်း သစ်ပေးပါက မင်းသမီးရှုံးအောင် လှနိုင်ပါတယ်နော်

(၆) ဆေးလိပ်ငွေ့
အသားအရည်အတွက်ရန်သူက ဆေးလိပ်ငွေ့ပါ ကိုယ်တိုင်ပဲသောက်တာမဟုတ်ပဲ ဘေးတယောက်အငွေ့ပဲရှုလိုက်ရ ရင်တောင် သင့်အသားအရည်အတွက်အဆိပ် တရ်ှုက်ပါပဲ

(၇) ရေသောက်ခြင်း

တစ်နေ့ကို ရေ၈ခွက်အနည်းဆုံးသောက်ပေးဖို့ လည်းလိုပါတယ်

(၈) အစားအစာ

အသားအရည်ကို လှပစေတာက အသီးအနှံနဲ့ ငါးကြီးဆီပါ အသီးအနှံပုံမှန်စားပေးပါ ကင်ဆာနှင့် ရောဂါအပေါင်းကိုကာကွယ်စေတာမို့ လူလည်းလှ ရောဂါလည်း ကင်း wow အဆင်ပြေဆုံးပေါ့နော်

(၉) ရေချိုးချိန်

တတ်နိုင်သမျှရေချိုးချိန် လျော့ချပေးပါ ရေပူနဲ့မချိုးပါနဲ့ အသားခြောက်စေပါတယ် ရေချိုးချိန်ကြာခြင်း ဟာလည်း အသာအရည်အတွက်မကောင်းတာပဲဖြစ်စေမှာပါ
ခုနှစ်ဆောင်တိုက်ခန်း ထိန်လင်းစေအောင် အသားအရည်ဝင်းပစေဖို့ လွယ်ကူသောနည်းလေးကို my doctorကနေစေတနာ များစွာဖြင့် တွေဝေမျှပေးလိုက်ပါတယ်နော်

ဒေါက်တာလင်း (မိသားစုဆေးပညာ)

MyDoctor Telemedicine Application
Related posts
စိတ်ကျန်းမာရေးနေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Body Scan Meditation

1 Mins read
Body Scan Meditation သို့မဟုတ် ရုပ်နာမ်ဆက်စပ်ကြည့်ရှုခြင်း ကျွန်တော်တို့တွေအနေနဲ့ တခါတရံမှာ စိတ်ဖိစီးမှုတွေစိုးရိမ်လွန်မှုတွေကြောင့်ခေါင်းကိုက်ခြင်း၊ နောက်ကျောနဲ့ ပခုံးနာကြင်ခြင်း၊ ကြွက်သားတင်းမာနေသလိုခံစားရခြင်းစတဲ့ရုပ်ပိုင်းဆိုင်ရာ အဆင်မပြေတဲ့ အခြေအနေမျိုးတွေရှိလာတတ်ပါတယ်။ ဒါဟာစိတ်ရဲ့ဖိဆီးမှုတွေကြောင့် ခန္ဓာကိုယ်ကိုလာရောက် ရိုက်ခတ်တာပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို စူးစမ်းလေ့လာပြီး စိတ်ဖိဆီးမှုများကိုသက်သာစေဖို့ လုပ်ဆောင်ပေးလို့ရပါတယ်။  ဘယ်လိုစူးစမ်းလေ့လာရမလဲဆိုရင်တော့  မိမိရဲ့…
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…

Leave a Reply

Your email address will not be published. Required fields are marked *