အသားစိုပြေဖို့ နည်းလေး တွေ အကြောင်း သင်သိစေဖို့
အရွယ်နှင့်မလိုက်အောင် နုပျိုလှပနေသော အမျိုးသမီးများကိုတွေ့တိုင်း “ဝိုး သူတို့ဘာလို့ဒီလောက်အရွယ်တင်နေတာလဲ” ဆိုတဲ့ လျှို့ဝှက်ချက်ကို သိလိုပါလိမ့်မယ်။တကယ်တမ်းတော့ ဒီလို နုပျိုရခြင်းဟာ ဆုတောင်းကောင်းခြင်းထက် အချိန်ပေး ပြုစုမှုဟုပြောလျှင် မအံ့ဩလိုက်ပါနဲ့။ ဒါဟာ အမှန်တရားပါပဲ။ အရေပြားဟာ ခန္တာကိုယ်ရဲ့ အကြီးမားဆုံးအစိတ်အပိုင်းဖြစ်တာမို့ အခြားကိုယ်တွင်း အစိတ်ပိုင်းတွေကို စောင့်ရှောက်သလို အရေပြားကို စောင့်ရှောက်ခြင်းဖြင့် တသက်တာ ရင်းနှီးမြှပ်နှံနိုင်ပါသည်။ဒါဆို စောင့်ရှောက်နိုင်တဲ့နည်းလမ်းလေးတွေကို ဖတ်ကြည့်ကြပါစို့လား နေရောင်ကာ Sun screen လိမ်းခြင်း ကို နေ့စဉ်အလုပ်တစ်ခုလို သဘောထားပြီး ယုံကြည်စွာ လိမ်းပါ။
အကာအကွယ်မပါဘဲ နေရောင်ထိတွေ့ခြင်းဟာ အရေးအကြောင်းပေါ်လာစေခြင်း၊အမဲစက်များထွက် လာစေခြင်း၊ အခြားဆိုးကျိုးများဖြစ်ပေါ်စေပါတယ်။ နေရောင်ကာ sun screen လိမ်းခြင်းထက် ပိုကောင်းတဲ့ ပြုစုခြင်းမျိုးမရှိဟုပင်ဆိုနိုင်ပါသည် အရေပြား ထိန်းသိမ်းပစ္စည်းများတွင် မြှပ်နှံပါ။ အရေပြားထိန်းသိမ်း အရွယ်တင်လိုသူများအဖို့ အရည်သွေးကောင်းသော၊ ယုံကြည်စိတ်ချရသော Skin care မျိုးကိုသာ ရွေးချယ်သုံးစွဲသင့်ပါသည်။ ဒီအတွက် ပိုက်ဆံသုံးစွဲရခြင်းကို တစ်သက်တာ မြှပ်နှံလိုက်ခြင်းဟုပင် သဘောထားနိုင်ပါသည်။ Skin care အဆင့်များစွာရှိသည့်အထဲမှ ပိုတိကျစွာ ပြောဟုဆိုလျှင် သင့် အစိုဓာတ်ထိန်းခရမ် (moisturizing cream) ကို မျက်နှာသစ်ဆေး( facial foam) ထက်ပို၍ အမျိုးအစားရွေးချယ်ဝယ်ယူသင့်ပါတယ်။ မျက်နှာသစ်ဆေးဟာ အရေပြားပေါ်ခဏတာသာ နေပြီး ရေဆေးချလိုက်မှာ မို့ပါ။ အားကစား၊ အစား၊အအိပ်မျှတသော လူနေမှုပုံစံကိုကျင့်သုံးပါ။ လေ့ကျင့်ခန်းလုပ်ခြင်းသည် ခန္တာကိုယ် သွေးလည်ပတ်ခြင်းကောင်းပြီး ချွေးထွက်စေတာမို့ အရေပြား တောက်ပစေပါတယ်။ အသင့်စားအစားအစာ မစားသုံးခြင်း၊ အချိုလျှော့စားခြင်း၊ အိပ်ရေးဝအောင် အိပ်ခြင်းတို့ကပါ ပံ့ပိုးပေးလျှင် အရေပြားအတွက်လည်း ကျန်းမာပြီးသားဖြစ်ရေပါသည်။ ဒါတွေဟာ အရွယ်မရွေးလုပ်သင့်ပြီး အသက်အရွယ်အလိုက် ပိုပြီးလိုအပ်လာတာလေးတွေရှိနိုင်ပါတယ်။
အသက်၂၀ မှ ၂၅ကြား
အသားအရေ၏ ရေဓာတ်ဖြည့်တင်းခြင်းကို အဓိက ဂရုစိုက်ပေးပါ။( ရေလုံလောက်စွာသောက်သုံးပါ) ညင်သာစွာသန့်စင်ပေးမယ့် မျက်နှာသစ်ဆေးရွေးသုံးပါ။( အဆီဓာတ်အရမ်း မထိန်းချုပ်မယ့် မျက်နှာသစ်မျိုး) ဝက်ခြံအတွက် အဓိကထုတ်တဲ့ ပစ္စည်းမျိုးဖြစ်ပါက ပြန်လည်သုံးသပ်ပါ။( ရေရှည်စွဲသုံးလျှင်အသားခြောက်တတ်ပြီး အသက်အရွယ်အရ အရေပြားကလည်းခြောက်သွေ့တဲ့ဘက်ပြောင်းလာလို့ပါ)
အသက် ၂၅မှ ၃၅ကြား
ကာကွယ်ခြင်းကို အဓိကထားပါ။
Retinolပါသော အလှကုန်ကို ရွေးချယ်သုံးသင့်လာပါတယ်။ ( Retinol ဟာ vit A ကလာတာဖြစ်ပြီး ဝက်ခြံကာကွယ်ခြင်း၊အရွယ်တင်စေခြင်း အာနိသင်ရှိပါတယ်) နူးညံ့သောအရေပြား အပေါ်လွာ ပြန်မွေးဖွားခြင်း( Gentle peeling) လုပ်ပေးပါ။ အရေပြားအပေါ်လွာတွင် ဆဲလ်သေများရှိနေလျှင် skin care များသုံးခြင်းအကျိုးမရှိဖြစ်တတ်ပါတယ် Peelingလုပ်ခြင်းဖြင့် ဒီskin careတွေအာနိသင်ပိုထိရောက်စေပါတယ်။ ပြင်းထန်သော peelingမျိုး ဒီအရွယ်မှာမလိုအပ်သေးပါ။
သေချာစွာရွေးချယ်ပါ။
ဒီအရွယ်မှာ Vit A, Vit C ပါသော အလှကုန်မျိုးကို ရွေးချယ်ဝယ်ယူသင့်ပါသည်။ ချွေးပေါက်ကျယ်ခြင်း၊အရေပြားနီမြန်းခြင်းတို့ကို လျော့နည်းစေပါတယ်။ Moisturizing cream ကိုဆက်လက်သုံးစွဲပါ
အသက် ၃၅ မှ ၄၅ နှစ်
အပေါ်ကအတိုင်း moisturizer, ဆက်သုံးပြီး Vit A,Vit C ကို ပမာဏများများပါဝင်တာ ကို ရွေးသုံးပါ။ ဒါဟာ အသက်အရွယ်အရ အမဲစက်ထွက်ခြင်းကို ကာကွယ်ပေးပါတယ်။ Gentle Filler( အရေပြားတင်းစေသော Filler ) သွင်းခြင်းပြုလုပ်နိုင်ပါသည်။ အရွယ်တင်စေသော Botox ထိုးသကဲ့သို့အာနိသင်ရှိပြီး ဒီအရွယ်မှာ Filler ထည့်မယ်ဆို အရေပြားမှာ ရေဓာတ်မျညးသေးတာမို့ပိုထိရောက်ပါတယ်။
လေဆာပြစ်ခြင်း
လေဆာပစ်ခြင်းကိုတော့ ဆရာဝန်နှင့်တိုင်ပင်ပြီး နောက်ဆုံးလိုအပ်မှသာ လေဆာအပျော့ကို သာသုံးသင့်ပါသည်။ အသက်၄၅နှစ်အထက် ဒီအရွယ်ကတော့ လေဆာလိုအပ်နိုင်ပြီး ပိုပြင်းတဲ့ လေဆာသုံးနိုင်ပါတယ်။
Botox ထိုးခြင်း
လိုအပ်သောနေရာရွေး၍ botox ထိုးနိုင်ပါတယ်။ အများအပြားထိုးခြင်းကတော့ သဘာဝ မကျဘဲဖြစ်တတ်တာမို့ သတိပြုစေလိုပါတယ်။ ငယ်ငယ်ထဲက မွေးမြူထားတဲ့ Skin Care အလေ့အကျင့်ကောင်းများကိုလည်း ဆက်လက် ထိန်းသိမ်းသင့်ပါသည်။