“ခံတွင်းရနံ့ဆိုးတွေကိုမေ့ပစ်လိုက်စေမယ့် နည်းလမ်း”
ခံတွင်းရနံ့ဆိုးတွေဟာ သင့်ကို အိပ်မက်ဆိုးတစ်ခုဖြစ်နေမ်းဆိုရင် ဒီနည်းလမ်း
ကိုဖတ်ထားလိုက်ပါ။
၁)ခံတွင်းသန့်ရှငိးအောင်ထားပါ။
ခံတွင်းအနံ့ဆိုးခြင်းအဓိကက သွားနှင့်ခံတွင်း သန့်ရှင်းရေးအားနည်းလို့ပါ။ သွားပုံမှန်တိုက်တဲ့အပြင်သွားကြားသန့်ရှင်းကြိုး( Dental Floss) လေးတွေ နဲ့စားပြီးတိုင်း သန့်ရှင်းသင့်ပါတယ်။
- အစားစားပြီးတိုင်းသွားတိုက်ပေးပါ။
- အစားစားပြီးတိုင်းပလုတ်ကျင်းပေးပါ။
- ပိုးသတ်ဆေးပါသောဆေးရည်( Antiseptic solution) Listerine နဲ့ ပလုပ်ကျင်းပေးပါ။
- လျှာအနောက်ဘက်ကို သွားပွတ်တံ အနုလေးနဲ့တိုက်ပေးပါ။
၂) ခံတွင်းနံ့ နံစေသော အစားအစာများမစားပါနဲ့။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီး၊ စတာတွေဟာ ခံတွင်းနံ့ ပြင်းစေလို့ ရှောင်ကြည်ပေးပါ။ အရက်ကိုလည်းအလွန်အကျွံမသောက်သင့်ပါဘူး။
၃) ဆေးလိပ်လျှော့သောက်ပါ။
၄) အစားစားချိန်မလွန်ပါစေနဲ့။
၅) ကော်ဖီကို တစ်နေ့သုံးခွက်ထက်ပိုမသောက်ပါနဲ့။
၆) ရေနဲ့သံလွင်ဆီကို ဆတူရောပြီး တစ်နေ့ကို ၄ကြိမ်ခန့်ပလုပ်ကျင်းပေးမယ်ဆိုရင်လည်း ခံတွင်းရနံ့ သက်သာစေပါတယ်။
မယ်တင်( ဆေး ၁)