All Articlesနေထိုင်မှုပုံစံအလှအပအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

အလှမပျက်ဖို့ အမာရွတ် တွေ ရုပ်မဆိုးအောင် ဘာတွေ လုပ်ကြမလဲ

1 Mins read

အလှမပျက်ဖို့ အမာရွတ် တွေ ရုပ်မဆိုးအောင် ဘာတွေ လုပ်ကြမလဲ

အမာရွတ် ဘယ်လိုဖြစ်လာတာလဲ

အရွတ်ဆိုတာ အရေပြားရဲ့ dermis အလွှာကို ထိခိုက်မိလို့ collagen fibres တွေကတဆင့်ဖြစ်လာတာပါ ဘယ်လို ပင်ဖြစ်ပါစေ အမာရွတ်ဆိုတာဖြစ်ရင်ကို အသက်အရွယ်မရွေး အလှပျက်စေမှာ ဧကန်ပင် မဟုတ်ပါလော။

ပုံမှန် နဲ့ ပုံမမှန်အမာရွတ်

အမာရွတ်နေရာကို လက်နဲ့ စမ်းကြည့်ပါ အမာရွတ်က ဖုဖောင်းနေတယ်ဆိုပါက ပုံမမှန်အမာရွတ်ပါ ပုံမမှန်အမာရွတ်တွေကို သေချာ ကုသဖို့လိုပါတယ်။ မည်သို့ပင်ဆိုစေကာမူ အမာရွတ်ဖြစ်လာပြီဆို ပထမ အလှပျက်လာပါမယ် အမာရွတ်ကြီးရင်ကြီးသလို ရုပ်ဆိုးလာပါတယ် ရုပ်ဆိုးလာပါက လူကြားထဲ မသွားရဲတာ လုပ်ငန်းခွင်မှာ အပြောအဆို ခံရတာ ကနေ ဘဝကြင်ဖော် နဲ့ ကွာဝေးတာ အထိတောင်ဖြစ်စေ နေ့စဉ်လူနေမှုဘဝကို ယုံကြည်မှု ကွယ်ပျောက်စေတာကြောင့် my doctorမှ ပျောက်ကင်း သက်သာစေနိုင်သော နည်းလမ်းလေးတွေဝေမျှပေးလိုက်ပါတယ်

(၁) အိမ်တွင်းကုထုံးများ

ဒါတွေကတော့ ဇွဲရှိဖို့လိုပါတယ် ပုံမှန်အမာရွတ်တွေ အတွက် သင့်လျော်ပါတယ် နည်းလမ်းတွေကတော့အများကြီးပါ ပထမ က နေပူထဲထွက်ရင် ထီး ဦးထုပ်ဆောင်းပါ သင်စားသင့်သော တစ်နေ့တာ စားစရာတွေထဲ အသီးတလုံး ပုံမှန်ပါပါစေ အခွံမာသီးများကို ပုံမှန် စားပေးပါ။ အိမ်တွင်း နည်းလမ်း ၁ အများဆုံးသုံးကြတာကတော့ ရှားစောင်းလက်ပတ် ကိုသုံးတာပါ ရှားစောင်းလတ်ပတ် အရွက်ကို အပေါ်ယံတွေခွာလိုက်ပြီး အကြည်ဆုံး အပိုင်းကို အမာရွတ်ပေါ်ကပ်တာပါ သန့်ရှင်းမှုကိုအထူးဂရုပြုပါ တနာရီခွဲလောက်ကပ်ပြီး မျက်နှာသစ်ပေးပါ တစ်နေ့၂ကြိမ်လုပ်ပေးသင့်ပါတယ်။

နောက်တနည်းက အုန်ဆီသန့်သန့်လူးတာပါ ၁၀မိနစ်လောက် နှံ့အောင်သေချာလူးပါ တနေ့ကို ၄ကြိမ်လောက်လူးပေးလို့ရပါတယ် တခြားနည်းတွေကတော့ ပျားရည်ကိုသုံးတာ သံပရာသီးကိုသုံးတာတွေပါ ပျားရည်ကတော့ ပတ်တီးနဲ့ကပ်ပြီးတညလုံး ထားဖို့လိုပါတယ် သံပရာသီးကတော့ ၁၀မိနစ်လောက်ကပ်ပြီး ရေဆေးရမှာပါ

(၂) ဆေးအမျိုးမျိုး

ဈေးကွက်ထဲမှာ ထိရောက်သော အမာရွတ်ပျောက်ဆေးအများကြီး ရှိပါတယ် ပုံမှန်အမာရွက်အတွက်ကော ပုံမမှန်အမာရွတ်အတွက်ပါ လူးပေးလို့ ရပါတယ် သေချာ ဇွဲရှိရှိလူးပေးဖို့ တော့ လိုပါတယ် vitamin Eပါတာ vitamin Aပါတာတွေကလည်း အရေပြားအတွက်တအါးအထောက်အကူပေးပါတယ် ဆေးအပေါ်မူတည်ပြီး အကြိမ်ရေတိတိကျကျနဲ့ လိမ့်ဖို့ လိုပါတယ်

(၃) အထူးကုသမှုများ

အပေါ်က ပြောပြထားတဲ့ ပုံမမှန်အမာရွတ်တွေက အထူးကုသမှုလိုအပ်ပါတယ် အရေပြားဆိုင်ရာအထူးကုဆရာဝန်နဲ့ပြသ ပါက ပိုအကျိုးများစေပါတယ် အများဆုံးသုံးကြတာကတော့ လေဆာ ကုထုံး နဲ့ အမာရွတ်ထဲ ဆေးထိုးကုသခြင်းပါ ခွဲစိတ်ကုသခြင်းဟာ အမာရွတ်ကို မဖယ်ထုတ်နိုင်ပေမယ့် မသိသာအောင်လုပ်လို့ရပါတယ် ဆိုးကျိုးတော့ရှိပါတယ်
နိဂုံးအနေနှင့် ပြောရ ရင်တော့ အမာရွတ် တွေ ရုပ်ဆိုး နေတာကို ပြန်လည် လှပစေဖို့ နည်းလေးတွေကို ကျင့်သုံးပြီး လှပဆုံး အပြုံးတွေနဲ့ ယုံကြည်မှုအငွေ့အသက်ကိုလွင့်ပျံနိုင်ပါစေလို့ ဆုတောင်းရင်း နှုတ်ခွန်းဆက်လိုက်ရပါတယ်

ဒေါက်တာ လင်း (မိသားစုကျန်းမာ)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Vitamin B မချို့တဲ့ရအောင် ဘာတွေ စား‌ပေးရမလဲ ❓

1 Mins read
Vitamin B ဆိုတာကတော့ Vitamin B1, B2,B6 နဲ့ B12 တို့ကို ပေါင်းစပ်ပြီး B Complex လို့လဲ ခေါ်ကြပါတယ်၊B-Complex ကဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ အချို့သော Enzymes တွေ လုပ်ဆောင်ရန်အတွက်မရှိမဖြစ်လိုအပ်ပါတယ်၊Vitamin-B ဟာဆိုရင် ကျန်းမာရေးအတွက်အရမ်းကိုမှအရေးပါ…