mydoctor-top-telemedicine

All Articlesအလှအပအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ရေနွေးနဲ့ ခေါင်းလျှော်ရင် ဆံသားပျက်စီးနိုင်လား

1 Mins read

?ရေနွေးနဲ့ ခေါင်းလျှော်ရင် ဆံသားပျက်စီးနိုင်လား?

ခေါင်းလျှော်ခြင်းဆိုတာ လူနေမှုဘဝရဲ့ အစိတ်အပိုင်းတစ်ခုလို့ပြောလို့ရပါတယ်။ တချို့ကတော့ ဘာရယ်မဟုတ် ခေါင်းလျှော်ရည်မရွေး ရေအေး ရေနွေးမရွေး လျှော်လိုက်ကြပေမဲ့ တချို့လူတွေမှာတော့ ဘယ်တံဆိပ်မှ ရေအေးမှ ရေနွေးမှ ဆိုတဲ့ ရွေးချယ်မှုတွေရှိတတ်ကြပါတယ်။ တကယ်လည်း ရွေးချယ်ဖို့ လိုပါတယ်။ ခေါင်းလျှော်ရည်တွေမှာလည်း ပါဝင်ပစ္စည်းပေါ်မူတည်ပြီး အားသာချက် အားနည်းချက်တွေရှိသလို ရေအေး ရေနွေးမှာလည်း ထို့အတူပါပဲ။

ဘယ်အရာမဆို အလယ်အလတ် လမ်းစဉ်ကသာ အကောင်းဆုံးမို့ ချင့်ချိန်သုံးစွဲဖို့ပဲ လိုပါတယ်။

?ရေနွေးနဲ့ခေါင်းလျှော်ရင် ဘာတွေဖြစ်မလဲ ??

ကောင်းတဲ့အချက်အနေနဲ့ပြောရရင်တော့ ရေနွေးက ချွေးပေါက်တွေကို ပွင့်စေပြီး ဂျီးကျွတ်စေပါတယ်။ ဒါ့ကြောင့် ဆံသားနဲ့ ဦးရေပြားကို ပိုသန့်ရှင်းစေပါတယ်။ မကောင်းတဲ့အချက်ကတော့ အညစ်အကြေးတွေနဲ့အတူ ဆံသား နူးညံ့ပျော့ပျောင်းပြီး တောက်ပစေဖို့ လိုအပ်တဲ့ အဆီဓာတ်တွေပါ ပါသွားတတ်ပါတယ်။ ဒီအခါမှာ ဆံသားပါးလာတတ်သလို မွဲခြောက်ခြောက် ကျွတ်ဆတ်ဆတ် လည်း ဖြစ်လာတတ်ပါတယ်။ ပိုဆိုးတဲ့အချက်ကတော့ ဆံပင်ကျွတ်စေနိုင်တာဖြစ်ပါတယ်။

အပူဒဏ်ကြောင့် ဦးရေပြားခဏရောင်ရမ်းသွားချိန်မှာ ဆံပင်တွေကျွတ်လွယ်စေတာ ဖြစ်ပါတယ်။

?ဒါဆိုဆံသားမပျက်စီးအောင် ဘယ်လိုခေါင်းလျှော်မလဲ ??

– ရေနွေးကို အရမ်းမပူစေဘဲ ကြက်သီးနွေးလောက်ပဲ ဖြစ်စေဖို့ သတိပြုပါ

– ဆံပင်ကျွတ်လွယ်တဲ့အတွက် ခပ်ကြမ်းကြမ်းခေါင်းလျှော်တာရှောင်ပါ

– ဦးရေပြားဆီ သွေးလှည့်ပတ်မှုပိုကောင်းစေပြီး ဆံသားရဲ့အပေါ်လွှာကြံ့ခိုင်မှုကို ပိုကောင်းစေဖို့ ခေါင်းလျှော်ပြီးချိန် အဆုံးသတ်မှာ ရေအေးပြန်လောင်းပေးပါ။

နှာစေးအအေးမိတာ မဖြစ်စေဖို့တော့ ရေသိပ်မအေးစေဖို့ သတိထားပါ။

ဆံသားအတွက်သာမကဘဲ ကျန်းမာရေးအတွက် အကောင်းဆုံးကတော့ မပူလွန်း မအေးလွန်းတဲ့ ရေနဲ့ သိပ်မပြင်းတဲ့ ခေါင်းလျှော်ရည်တွေက အသင့်တော်ဆုံးဖြစ်မှာပါ။

ကျန်းမာပျော်ရွှင်ကြပါစေ..

Dr ဖြိုးဝေလင်း
(16.10.19)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Vitamin B မချို့တဲ့ရအောင် ဘာတွေ စား‌ပေးရမလဲ ❓

1 Mins read
Vitamin B ဆိုတာကတော့ Vitamin B1, B2,B6 နဲ့ B12 တို့ကို ပေါင်းစပ်ပြီး B Complex လို့လဲ ခေါ်ကြပါတယ်၊B-Complex ကဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ အချို့သော Enzymes တွေ လုပ်ဆောင်ရန်အတွက်မရှိမဖြစ်လိုအပ်ပါတယ်၊Vitamin-B ဟာဆိုရင် ကျန်းမာရေးအတွက်အရမ်းကိုမှအရေးပါ…