All Articlesသွားကျန်းမာရေး

Warm saline mouth wash after tooth extraction

1 Mins read

သွားနှုတ်ပြီးရင် ငုံထွေးပေးရသည့် ဆားရေနွေးအကြောင်း

သွားနှုတ်ပြီး ၂၄ နာရီပြည့်တဲ့အချိန်ကြရင် လူနာတွေကို သွားဆရာဝန်တွေက ဆားရေနွေးနဲ့ ငုံထွေးခိုင်းလေ့ရှိကြပါတယ်။ ဒီနေရာမှာ ဆားရေနွေးကို ပလုတ်ကျင်းခိုင်းတာမဟုတ်ပါဘူး။ ငုံထားပြီး တအောင့်အကြာမှာ ထွေးခိုင်းတာပါ။ ပလုတ်ကျင်းတာနဲ့ ငုံထွေးတာက ရည်ရွယ်ချက်ချင်း မတူပါဘူး။

ဆားရေနွေးထဲမှာပါတဲ့ အနွေးဓာတ်ဟာ သွားနှုတ်ထားလို့ ဖြစ်လာတဲ့ အနာမှာ တည်နေတဲ့ ပြည်တွေကို ပျော့သွားစေပါတယ်။ ဆားရေနွေးရဲ့ အငန်ဓာတ်က ပျော့နေတဲ့ ပြည်တွေကို တစ်ရှူးအပြင်ကို ဆွဲစုပ်ထုတ်ပေးပါတယ်။ ပြည်တွေလျော့ရင် ကိုက်ခဲတာသက်သာပြီး အနာကျက်မြန်တာမို့ ဆားရေနွေးကို ငုံထွေးလုပ်ခိုင်းတာပါ။ ပလုတ်ကျင်းတာက ငုံထွေးတာလို အာနိသင်မများပါဘူး။ ပါးစပ်ထဲ အနည်းငယ်သန့်ရှင်းသွားတာပဲ ရှိတာပါ။

အဆိုပါ ဆားရေနဲ့ ငုံထွေးတာကို သွားနှုတ်ပြီး နှစ်ဆယ့်လေးနာရီ ပြည့်မှသာ ပြုလုပ်ရမှာပါ။ သွားနှုတ်ပြီး တစ်နေ့တာအတွင်း ပလုတ်ကျင်းတာ၊ အပူသောက်မိတာ ပြုလုပ်မိရင် သွားနှုတ်ထားတဲ့ အနာကသွေးတွေပြန်ထွက်တတ်ပါတယ်။

တစ်ချို့တွေက သွားနှုတ်ပြီး နှစ်ဆယ့်လေးနာရီပြည့်ရင် ဆားရေနွေးနဲ့ ငုံထွေးရတာပဲသိပြီး ဘာကြောင့် ငုံထွေးရသလဲဆိုတာကို မသိကြတာမို့ ပေါ့ပေါ့ဆဆ ပြုလုပ်မိတတ်ကြပါတယ်။ အခုတော့ အကြောင်းရင်းကို သေချာသိပြီဆိုတော့ သွားနှုတ်ခံခဲ့ရသည်ရှိသော် ဆားရေနွေးလေးကို သေချာစနစ်တကျ ငုံထွေးကြပါလို့…။

သုဈာန်

သြားႏႈတ္ၿပီးရင္ ငုံေထြးေပးရသည့္ ဆားေရေႏြးအေၾကာင္း

သြားႏႈတ္ၿပီး ၂၄ နာရီျပည့္တဲ့အခ်ိန္ၾကရင္ လူနာေတြကို သြားဆရာဝန္ေတြက ဆားေရေႏြးနဲ႔ ငုံေထြးခိုင္းေလ့ရွိၾကပါတယ္။ ဒီေနရာမွာ ဆားေရေႏြးကို ပလုတ္က်င္းခိုင္းတာမဟုတ္ပါဘူး။ ငုံထားၿပီး တေအာင့္အၾကာမွာ ေထြးခိုင္းတာပါ။ ပလုတ္က်င္းတာနဲ႔ ငုံေထြးတာက ရည္႐ြယ္ခ်က္ခ်င္း မတူပါဘူး။

ဆားေရေႏြးထဲမွာပါတဲ့ အေႏြးဓာတ္ဟာ သြားႏႈတ္ထားလို႔ ျဖစ္လာတဲ့ အနာမွာ တည္ေနတဲ့ ျပည္ေတြကို ေပ်ာ့သြားေစပါတယ္။ ဆားေရေႏြးရဲ႕ အငန္ဓာတ္က ေပ်ာ့ေနတဲ့ ျပည္ေတြကို တစ္ရႉးအျပင္ကို ဆြဲစုပ္ထုတ္ေပးပါတယ္။ ျပည္ေတြေလ်ာ့ရင္ ကိုက္ခဲတာသက္သာၿပီး အနာက်က္ျမန္တာမို႔ ဆားေရေႏြးကို ငုံေထြးလုပ္ခိုင္းတာပါ။ ပလုတ္က်င္းတာက ငုံေထြးတာလို အာနိသင္မမ်ားပါဘူး။ ပါးစပ္ထဲ အနည္းငယ္သန႔္ရွင္းသြားတာပဲ ရွိတာပါ။

အဆိုပါ ဆားေရနဲ႔ ငုံေထြးတာကို သြားႏႈတ္ၿပီး ႏွစ္ဆယ့္ေလးနာရီ ျပည့္မွသာ ျပဳလုပ္ရမွာပါ။ သြားႏႈတ္ၿပီး တစ္ေန႔တာအတြင္း ပလုတ္က်င္းတာ၊ အပူေသာက္မိတာ ျပဳလုပ္မိရင္ သြားႏႈတ္ထားတဲ့ အနာကေသြးေတြျပန္ထြက္တတ္ပါတယ္။

တစ္ခ်ိဳ႕ေတြက သြားႏႈတ္ၿပီး ႏွစ္ဆယ့္ေလးနာရီျပည့္ရင္ ဆားေရေႏြးနဲ႔ ငုံေထြးရတာပဲသိၿပီး ဘာေၾကာင့္ ငုံေထြးရသလဲဆိုတာကို မသိၾကတာမို႔ ေပါ့ေပါ့ဆဆ ျပဳလုပ္မိတတ္ၾကပါတယ္။ အခုေတာ့ အေၾကာင္းရင္းကို ေသခ်ာသိၿပီဆိုေတာ့ သြားႏႈတ္ခံခဲ့ရသည္ရွိေသာ္ ဆားေရေႏြးေလးကို ေသခ်ာစနစ္တက် ငုံေထြးၾကပါလို႔…။

သုဈာန္

MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Humans that poison the environment part (2)

1 Mins read
လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ (1)       Narcissistic သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့…

Leave a Reply

Your email address will not be published. Required fields are marked *