ကလေးများအတွက်နို့အန်ခြင်း

ကလေး၁၀ယောက်တွင် ၅ယောက်ခန့်သည်နို့အန်တတ်သည်။ များသောအားဖြင့် စိုးရိမ်စရာမရှိပါ။ အဖြစ်အများဆုံးအရွယ်မှာ ၄လသားအရွယ်ဖြစ်ပြီး အများစုမှာ၆လ၊၇လသားခန့်တွင်ပျောက်ကင်းလေ့ရှိသည်။ သို့သော်အချို့မှာ ၁နှစ်အရွယ်မှပျောက်သည်။ ကလေးများနို့စို့လျှင် နို့ရည်နဲ့အတူလေများပါ အစာအိမ်ထဲသို့ရောက်သွားပြီး ထိုလေများပြန်တက်လာသည့်အခါ နို့ရည်အချို့ပါ ပါးစပ်(သို့)နှာခေါင်းမှပြန်ထွက်လာခြင်းဖြစ်သည်။ ထို့ပြင်ကလေးအချို့သည် သူတို့အရွယ်အစားနှင့်စာလျှင် အလွန်နို့စို့သောကြောင့် ပိုလျှံနေသောနို့များပြန်ထွက်လာခြင်းဖြစ်သည်။ ထိုအရွယ်ကလေးများတွင် အစာအဝင်အထွက်ကိုထိန်းညှိပေးသော အစာမျိုပြွန်အောက်ခြေရှိကြွက်သား ကောင်းစွာအလုပ်မလုပ်သေးသောကြောင့်ဖြစ်သည်။

နို့တိုက်သောအခါ ကလေးကိုအနည်းငယ်မတ်၍ တိုက်သင့်သည်။ ကလေးကိုအာရုံမများစေသောနေရာတွင်နို့ချိုတိုက်ကျွေးသင့်သည်။ အလွန်နို့ဆာနေအောင်လည်းမထားသင့်။ အလောတကြီးဖြင့်စို့လျှင် နို့ရည်နဲ့အတူ လေပါဝင်နိုင်ခြေများသောကြောင့်ဖြစ်သည်။နို့ဘူးတိုက်သောအခါ စို့သောအပေါက်ကိုအရမ်းမကျဉ်းစေရန်သတိထားရမည်။ နို့တိုက်ပြီးတိုင်းကလေးကိုလေတက်အောင်လုပ်ပေးရမည်။ နို့စို့ပြီးခဏနားနေသောအခါ ကလေးခေါင်းကို မိမိပခုံးပေါ်သို့တင်၍နောက်ကျောကိုအသာပုတ်ပေးရမည်။ ထိုသို့လုပ်ခြင်းဖြင့် လေမတက်ပါကလည်း စိတ်ပူစရာမလိုပါ။ လေတက်ရန်မလိုသေးသောကြောင့်လည်းဖြစ်နိုင်သည်။ အဝတ်အစားနှင့် diaper တင်းကျပ်နေပါကလည်း ဗိုက်ကိုဖိမိ၍ဖြစ်စေနိုင်သည်။ နို့စို့ပြီးပြီးချင်း ကလေးကိုမသိပ်ပဲ ကိုယ်ကိုအနည်းငယ်မတ်၍ထားပေးသင့်သည်။ အိပ်နေစဉ်နို့အန်လေ့ရှိပါက ခေါင်းကိုအနည်းငယ်မြင့်၍အိပ်စေသင့်သည်။

နို့အန်ခြင်း(spitting up) နှင့် အန်ခြင်း(vomiting) ကိုတော့ခွဲခြားသိရန်လိုအပ်သည်။ နို့အန်ခြင်းသည် ကလေးအများစုကိုအန္တရာယ်ရှိစေခြင်း၊ အနှောင့်အယှက်ပေးခြင်းမရှိပါ။ သို့သော်အန်ခြင်း(vomiting) ကအန္တရာယ်ရှိနိုင်သည်။ အန်ခြင်းသည် နို့အန်ခြင်းထက်ပိုမိုအားပါ၍ ကလေးမအီမသာဖြစ်ခြင်း၊ဂျီကျခြင်း၊ဖျားခြင်းတို့နဲ့တွဲ၍တွေ့လေ့ရှိသည်။ နို့အန်ခြင်းမကြာခဏဖြစ်၍ ရှိသင့်သောကိုယ်အလေးချိန်မရှိခြင်း၊ နို့ရောင်မဟုတ်ဘဲ အခြား အရောင်များ (ဥပမာ – အစိမ်းရောင်) အန်ပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါသည်။

မေတ္တာမွန်ဖြင့်

နွေ

ကေလးမ်ားအတြက္ႏို႔အန္ျခင္း

ကေလး၁၀ေယာက္တြင္ ၅ေယာက္ခန့္သည္နို့အန္တတ္သည္။ မ်ားေသာအားျဖင့္ စိုးရိမ္စရာမရွိပါ။ အျဖစ္အမ်ားဆုံးအရြယ္မွာ ၄လသားအရြယ္ျဖစ္ျပီး အမ်ားစုမွာ၆လ၊၇လသားခန္႔တြင္ေပ်ာက္ကင္းေလ့႐ွိသည္။ သုိ႔ေသာ္အခ်ိဳ႕မွာ ၁ႏွစ္အရြယ္မွေပ်ာက္သည္။ ကေလးမ်ားႏို႔စုိ႔လ်ွင္ ႏို႔ရည္န႔ဲအတူေလမ်ားပါ အစာအိမ္ထဲသို႔ေရာက္သြားၿပီး ထိုေလမ်ားျပန္တက္လာသည့္အခါ ႏို႔ရည္အခ်ိဳ႕ပါ ပါးစပ္(သုိ႔)ႏွာေခါင္းမွျပန္ထြက္လာျခင္းျဖစ္သည္။ ထို႔ျပင္ကေလးအခ်ိဳ႕သည္ သူတို႔အရြယ္အစားႏွင့္စာလ်ွင္ အလြန္ႏို႔စုိ႔ေသာေၾကာင့္ ပိုလ်ွံေနေသာႏို႔မ်ားျပန္ထြက္လာျခင္းျဖစ္သည္။ ထိုအရြယ္ကေလးမ်ားတြင္ အစာအဝင္အထြက္ကိုထိန္းညႇိေပးေသာ အစာမ်ိဳႁပြန္ေအာက္ေျခ႐ွိႂကြက္သား ေကာင္းစြာအလုပ္မလုပ္ေသးေသာေၾကာင့္ျဖစ္သည္။

နို့တိုက္ေသာအခါ ကေလးကိုအနည္းငယ္မတ္၍ တိုက္သင့္သည္။ ကေလးကိုအာ႐ုံမမ်ားေစေသာေနရာတြင္ႏို႔ခ်ိဳတိုက္ေကြၽးသင့္သည္။ အလြန္ႏို႔ဆာေနေအာင္လည္းမထားသင့္။ အေလာတႀကီးျဖင့္စို႔လ်ွင္ ႏို႔ရည္န႔ဲအတူ ေလပါဝင္ႏိုင္ေျခမ်ားေသာေၾကာင့္ျဖစ္သည္။ႏို႔ဘူးတိုက္ေသာအခါ စို႔ေသာအေပါက္ကိုအရမ္းမက်ဥ္းေစရန္သတိထားရမည္။ ႏို႔တိုက္ၿပီးတိုင္းကေလးကိုေလတက္ေအာင္လုပ္ေပးရမည္။ ႏို႔စို႔ၿပီးခဏနားေနေသာအခါ ကေလးေခါင္းကို မိမိပခုံးေပၚသုိ႔တင္၍ေနာက္ေက်ာကိုအသာပုတ္ေပးရမည္။ ထိုသုိ႔လုပ္ျခင္းျဖင့္ ေလမတက္ပါကလည္း စိတ္ပူစရာမလိုပါ။ ေလတက္ရန္မလိုေသးေသာေၾကာင့္လည္းျဖစ္ႏိုင္သည္။ အဝတ္အစားႏွင့္ diaper တင္းက်ပ္ေနပါကလည္း ဗိုက္ကိုဖိမိ၍ျဖစ္ေစႏိုင္သည္။ ႏို႔စုိ႔ၿပီးၿပီးခ်င္း ကေလးကိုမသိပ္ပဲ ကိုယ္ကိုအနည္းငယ္မတ္၍ထားေပးသင့္သည္။ အိပ္ေနစဥ္ႏို႔အန္ေလ့႐ွိပါက ေခါင္းကိုအနည္းငယ္ျမင့္၍အိပ္ေစသင့္သည္။

နို့အန္ျခင္း(spitting up) ႏွင့္ အန္ျခင္း(vomiting) ကိုေတာ့ခဲြျခားသိရန္လိုအပ္သည္။ ႏို႔အန္ျခင္းသည္ ကေလးအမ်ားစုကိုအႏၱရာယ္႐ွိေစျခင္း၊ အေႏွာင့္အယွက္ေပးျခင္းမ႐ွိပါ။ သို႔ေသာ္အန္ျခင္း(vomiting) ကအႏၱရာယ္႐ွိႏိုင္သည္။ အန္ျခင္းသည္ ႏို႔အန္ျခင္းထက္ပိုမိုအားပါ၍ ကေလးမအီမသာျဖစ္ျခင္း၊ဂ်ီက်ျခင္း၊ဖ်ားျခင္းတို႔န႔ဲတြဲ၍ေတြ႔ေလ့႐ွိသည္။ ႏို႔အန္ျခင္းမၾကာခဏျဖစ္၍ ႐ွိသင့္ေသာကိုယ္အေလးခ်ိန္မ႐ွိျခင္း၊ ႏို႔ေရာင္မဟုတ္ဘဲ အျခား အေရာင္မ်ား (ဥပမာ – အစိမ္းေရာင္) အန္ပါက ဆရာဝန္ႏွင့္တိုင္ပင္ေဆြးေႏြးသင့္ပါသည္။

ေမတၱာမြန္ျဖင့္

ေႏြ

Related posts
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

မေမေတို့အတွက် အမြွှာပူး ရနိုင်သောအခြေအနေများ

1 Mins read
အမြွှာဖြစ်ရခြင်းဟာ မျိုးရိုးဗီဇ၊ ဟော်မုန်းဓာတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ ပေါင်းစပ်လွှမ်းမိုးထားတာ ဖြစ်ပြီး အမြွှာကလေးရစေမယ့် အာမခံချက် သို့မဟုတ် အမြွှာရဖို့ ထိန်းချုပ်နိုင်သော အရာဆိုပြီး မရှိပါဘူး။ အမြွှာပူး ဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ အကြောင်းရင်းအချို့ရှိပေမယ့် အမြွှာရဖို့ သေချာစေတဲ့ နည်းလမ်း မရှိဘူး ဆိုတာ…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…

Leave a Reply

Your email address will not be published. Required fields are marked *