အမျိုးသားများ အားထားရာ သက်စောင့်အာဟာရ
အမျိုးသားများသည်လည်း သက်စောင့်ဓာတ်၊ သတ္တုဓာတ်များကို အမျိုးသမီးများ နည်းတူ လိုအပ်လေ့ရှိကြသည်။ ထိုအထဲတွင် အမျိုးသားများအတွက် ပိုမိုလိုအပ်သော သက်စောင့်ဓာတ်၊ သတ္တုဓာတ် များမှာ
- ဗီတာမင် ဒီ
- ဗီတာမင် ဘီတွဲ၊ ဘီဝမ်း စသော ဗီတာမင် ဘီ အုပ်စုများ
- ဓာတ်တိုးဆန့်ကျင်သော သက်စောင့်ဓာတ်များ ( ဗီတာမင် အေ၊ စီ၊ အီး)
- ဗီတာမင် ကေ
- မက်နီဆီယမ်
- အိုမီဂါ ၃ ဖက်တီးအက်ဆစ်
- ပိုတက်ဆီယမ်မှ စ၍ အာဟာရဓာတ် ၁၃မျိုးဖြစ်ပါသည်။
အမျိုးသားများသည်
- အသင့်စား အစာများ အစားများခြင်း( လတ်ဆတ်သော အသီးအနှံပါဝင်မှု လျော့နည်းခြင်း)
- စီးပွားရေး အခြေအနေနိမ့်ကျခြင်း
- ပတ်ဝန်းကျင် လူများ၏ အစားအသောက်ပုံစံ မမှန်ခြင်း ကြောင့် အာဟာရချို့တဲ့သော လက္ခဏာများ ပိုဖြစ်တတ်ကြပြီး
- ဆေးဝါးများသောက်သုံးရခြင်း
- အရက်သောက်ခြင်း
- သတ်သတ်လွတ်စားခြင်း အပါအဝင်
- အစားအစာများနှင့် ဓာတ်မတည့်ခြင်း
- အိုမင်းလာခြင်း
စသော အကြောင်းအမျိုးမျိုးကြောင့် အချို့သော သတ္တုဓာတ်၊ သက်စောင့်ဓာတ်များ တစ်မျိုးထက်ပို၍ ချို့တဲ့ခြင်း ဖြစ်ကြပါသည်။
အောက်ပါ အချက်များ သင့်တွင် သို့ သင့်မိတ်ဆွေများတွင် ပိုင်ဆိုင်ထားပါက ထိုအာဟာရဓာတ်များ ပါဝင်သော အားဆေးများ သောက်သုံးသင့်ပါသည်။
၁။ ပင်လယ်စာ၊ အသား၊ ဥနှင့် နို့ထွက်ပစ္စည်းများ အစားနည်းခြင်း-ဤသူများသည် ဗီတာမင် ဘီတွဲ၊ သံဓာတ်၊ အိုမီဂါ ၃နှင့် မရှိမဖြစ်လိုအပ်သော အသားဓာတ် အမိုင်နိုအက်ဆစ်များ ချို့တဲ့တတ်ကြသည်။
၂။ အူလမ်းကြောင်း စုပ်ယူမှုနည်းစေသော ပြဿနာများ ရှိခဲ့ခြင်း
၃။ ဆေးဝါးများ သောက်သုံးနေခြင်း
- ပိုးသတ်ဆေးများသည် ကယ်လ်ဆီယမ်၊ မက်နီဆီယမ်၊ သံဓာတ်နှင့် ဇင့်ဓာတ်များ စုပ်ယူမှုကို ကျစေပါသည်။
- အစာချေအက်ဆစ် ချေဖျက်ဆေးများသည် အချို့သော ဗီတာမင်စုပ်ယူမှုများကို ကျစေသည်။
ရီချို(ဆေး ၁)
အမ်ိဳးသားမ်ား အားထားရာ သက္ေစာင့္အာဟာရ
အမ်ိဳးသားမ်ားသည္လည္း သက္ေစာင့္ဓာတ္၊ သတၱဳဓာတ္မ်ားကို အမ်ိဳးသမီးမ်ား နည္းတူ လိုအပ္ေလ့ရွိၾကသည္။ ထိုအထဲတြင္ အမ်ိဳးသားမ်ားအတြက္ ပိုမိုလိုအပ္ေသာ သက္ေစာင့္ဓာတ္၊ သတၱဳဓာတ္ မ်ားမွာ
- ဗီတာမင္ ဒီ
- ဗီတာမင္ ဘီတြဲ၊ ဘီဝမ္း စေသာ ဗီတာမင္ ဘီ အုပ္စုမ်ား
- ဓာတ္တိုးဆန္႔က်င္ေသာ သက္ေစာင့္ဓာတ္မ်ား ( ဗီတာမင္ ေအ၊ စီ၊ အီး)
- ဗီတာမင္ ေက
- မက္နီဆီယမ္
- အိုမီဂါ ၃ ဖက္တီးအက္ဆစ္
- ပိုတက္ဆီယမ္မွ စ၍ အာဟာရဓာတ္ ၁၃မ်ိဳးျဖစ္ပါသည္။
အမ်ိဳးသားမ်ားသည္
- အသင့္စား အစာမ်ား အစားမ်ားျခင္း( လတ္ဆတ္ေသာ အသီးအႏွံပါဝင္မႈ ေလ်ာ့နည္းျခင္း)
- စီးပြားေရး အေျခအေနနိမ္႔က်ျခင္း
- ပတ္ဝန္းက်င္ လူမ်ား၏ အစားအေသာက္ပံုစံ မမွန္ျခင္း ေၾကာင့္ အာဟာရခ်ိဳ႕တဲ့ေသာ လကၡဏာမ်ား ပိုျဖစ္တတ္ၾကျပီး
- ေဆးဝါးမ်ားေသာက္သံုးရျခင္း
- အရက္ေသာက္ျခင္း
- သတ္သတ္လြတ္စားျခင္း အပါအဝင္
- အစားအစာမ်ားႏွင့္ ဓာတ္မတည့္ျခင္း
- အိုမင္းလာျခင္း
စေသာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အခ်ိဳ႕ေသာ သတၱဳဓာတ္၊ သက္ေစာင့္ဓာတ္မ်ား တစ္မ်ိဳးထက္ပို၍ ခ်ိဳ႕တဲ့ျခင္း ျဖစ္ၾကပါသည္။
ေအာက္ပါ အခ်က္မ်ား သင့္တြင္ သို႔ သင့္မိတ္ေဆြမ်ားတြင္ ပိုင္ဆိုင္ထားပါက ထိုအာဟာရဓာတ္မ်ား ပါဝင္ေသာ အားေဆးမ်ား ေသာက္သံုးသင့္ပါသည္။
၁။ ပင္လယ္စာ၊ အသား၊ ဥႏွင့္ နို႔ထြက္ပစၥည္းမ်ား အစားနည္းျခင္း-ဤသူမ်ားသည္ ဗီတာမင္ ဘီတြဲ၊ သံဓာတ္၊ အိုမီဂါ ၃ႏွင့္ မရွိမျဖစ္လိုအပ္ေသာ အသားဓာတ္ အမိုင္နိုအက္ဆစ္မ်ား ခ်ိဳ႕တဲ့တတ္ၾကသည္။
၂။ အူလမ္းေၾကာင္း စုပ္ယူမႈနည္းေစေသာ ျပႆနာမ်ား ရွိခဲ့ျခင္း
၃။ ေဆးဝါးမ်ား ေသာက္သံုးေနျခင္း
- ပိုးသတ္ေဆးမ်ားသည္ ကယ္လ္ဆီယမ္၊ မက္နီဆီယမ္၊ သံဓာတ္ႏွင့္ ဇင့္ဓာတ္မ်ား စုပ္ယူမႈကို က်ေစပါသည္။
- အစာေခ်အက္ဆစ္ ေခ်ဖ်က္ေဆးမ်ားသည္ အခ်ိဳ႕ေသာ ဗီတာမင္စုပ္ယူမႈမ်ားကို က်ေစသည္။
ရီခ်ိဳ(ေဆး ၁)