အားလပ်ရက်တွေကို ပင်လယ်မှာကုန်ဆုံးကြမယ်

နွေဝင်လာပြီ….နွေရာသီအားလပ်ရက်တွေနီးလာပြီဆိုတာနဲ့… အတော်များများရဲ့အတွေးထဲဝင်လာတာကတော့ ကမ်းခြေမှာ အပန်းဖြေဖို့ပါ။

သွားလာစရာနေရာဒေသတွေအများကြီးရှိတဲ့ထဲကမှ ဘာကြောင့် အပန်းဖြေဖို့ ကမ်းခြေကိုရွေးချယ်ကြသလဲဆိုတာ စိတ်ဝင်စားစရာပါ။

အကြောင်းရင်းကတော့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းက ပင်လယ်ကမ်းခြေရဲ့ ဒီလိုအကျိုးကျေးဇူးလေးတွေကို လက်တွေ့သိရှိခဲ့ကြလို့ပေါ့….

(၁)ပင်လယ်ရေဟာ အသားအရည်ကို ကျန်းမာစေတယ်။
ဆားဓာတ်ပါတဲ့ ပင်လယ်ရည်ဟာ သင်ဈေးကြီးပေးဝယ်နေရတဲ့ မျက်နှာသစ်ဆေးတွေ၊မျက်နှာဂျီးချွတ်ပေးတဲ့ အလှကုန်ပစ္စည်းတွေထက် ပိုပြီး အရေပြားကို ဂျီးချွတ်ပေးနိုင်ပါတယ်။ချွေးပေါက်တွေကို နက်ရှိုင်းစွာသန့်စေပေးနိုင်ပြီး အရေပြားပေါ်က ဆဲလ်အသေတွေကို လည်းဖယ်ရှားပေးနိုင်ပါတယ်။

သင့်ဟာ ဝက်ခြံတွေကြောင့်စိတ်ညစ်နေရသူဆိုရင် ပင်လယ်ရေဟာ သင့်ကိုစိတ်အနှောင့်အယှက်ဖြစ်စေတဲ့ဝက်ခြံတွေကို ဖယ်ရှားပေးမယ့် အကူအညီပဲဖြစ်ပါတယ်။

ပင်လယ်ရေမှာပါဝင်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေဟာ သင့်အသားအရေကို တင်းရင်းတောက်ပစေပြီး ရေဓာတ်ပြန်လည်ဖြည့်တင်းပေးမှာ ဖြစ်လို့ ကမ်းခြေကပြန်လာတာနဲ့ သင့်အသားအရေဟာ အရင်ကထက် သိသိသာသာပိုကောင်းလာတာကို တွေ့ရမှာပါ။

(၂)ပင်လယ်ထဲရေကူးခြင်း၊ရေစိမ်ခြင်းက သင့်ရဲ့တောင့်တင်းနေတဲ့ ကြွက်သားတွေကိုပြေလျော့စေပြီး၊ သွေးလည်ပတ်မှုကောင်းစေပါတယ်။
ခန္ဓာကိုယ်ရဲ့ နာကျင်ကိုက်ခဲမှုတွေကိုလည်း သက်သာစေပါတယ်။ ရေကူးခြင်းဟာ လေ့ကျင့်ခန်းအပျော့စားတစ်မျိုးဖြစ်ပြီး Happy Hormone (ပျော်ရွှင်စေတဲ့ ဟော်မုန်း)လို့ခေါ်တဲ့ Endorphin ဟော်မုန်းကိုထွက်စေလို့ စိတ်ပျော်ရွှင်မှုကို ဖြစ်ပေါ်စေပါတယ်။

(၃)ဆားအငွေ့အသက်လေးတွေပါဝင်တဲ့ ပင်လယ်လေဟာ စိတ်ခံစားမှုကောင်းစေပါတယ်။
လူမှုရေး၊အလုပ်၊မိသားစုအရေး၊ငွေရေးကြေးရေး၊ကျန်းမာရေး စတဲ့ဘက်ပေါင်းစုံက ဖိစီးမှုတွေဆီက လွတ်မြောက်ဖို့ ပင်လယ်လေက ကူညီပါလိမ့်မယ်။ပင်လယ်လေကို တစ်ဝကြီးရှူ ပြီး စိတ်ဖိစီးမှုတွေကို မောင်းထုတ်လိုက်ပါ။ပင်လယ်မှာ တဝကြီး စိတ်အပန်းပြေပြီးမှ စိတ်သစ်လူသစ် အိုင်ဒီယာအသစ်အဆန်းများနဲ့ သင့်တစ်နေ့တာ လုပ်ငန်းတွေကို တက်ကြွလန်းဆန်းစွာပြန်လည်စတင်လိုက်ပါ။

(၄)ကျန်းမာရေးမကောင်းသူတွေအတွက်လည်း သင့်လျော်တယ်လေ။
သင်လည်းတွေ့ဖူးမှာပါ…..ဇာတ်ကားအများစုမှာ… မင်းသားမင်းသမီးတွေ ဆေးရုံကဆင်း၊နလန်ထစအချိန်ဆို ပင်လယ်ကမ်းခြေဆီခေါ်သွားပြီး အပန်းဖြေကြတာမျိုးပေါ့။ တကယ်လက်တွေ့မှာလည်း ပင်လယ်ကမ်းခြေဟာ ကျန်းမာရေး မကောင်းသူတွေအတွက် လန်းဆန်းကျန်းမာစေပါတယ်။

စိတ်အတွက်ရော ခန္ဓာကိုယ်အတွက်ရော အာဟာရတွေပေးစွမ်းတဲ့ ပင်လယ်ကြီးမို့ Vitamin Sea လို့တောင် တင်စားကြပါတယ်။ ကဲ…..ရှေ့လာမယ့် ရုံးပိတ်ရက်တွေမှာ အပန်းဖြေဖို့နေရာရွေးရခက် မနေတော့ဘဲ ပင်လယ်ကမ်းခြေတစ်ခုကိုသာ အမြန်ရွေးချယ်လိုက်စို့!

မေ (ဆေး ၂)

အားလပ္ရက္ေတြကို ပင္လယ္မွာကုန္ဆံုးၾကမယ္

ေႏြဝင္လာၿပီ….ေႏြရာသီအားလပ္ရက္ေတြနီးလာၿပီဆိုတာနဲ႔… အေတာ္မ်ားမ်ားရဲ႕အေတြးထဲဝင္လာတာကေတာ့ ကမ္းေျခမွာ အပန္းေျဖဖို႔ပါ။

သြားလာစရာေနရာေဒသေတြအမ်ားႀကီး႐ွိတဲ့ထဲကမွ ဘာေၾကာင့္ အပန္းေၿဖဖို့ ကမ္းေျခကိုေရြးခ်ယ္ၾကသလဲဆိုတာ စိတ္ဝင္စားစရာပါ။

အေၾကာင္းရင္းကေတာ့ လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာတည္းက ပင္လယ္ကမ္းေျခရဲ႕ ဒီလိုအက်ိဳးေက်းဇူးေလးေတြကို လက္ေတြ႔သိ႐ွိခဲ့ၾကလို႔ေပါ့….

(၁)ပင္လယ္ေရဟာ အသားအရည္ကို က်န္းမာေစတယ္။
ဆားဓာတ္ပါတဲ့ ပင္လယ္ရည္ဟာ သင္ေစ်းႀကီးေပးဝယ္ေနရတဲ့ မ်က္ႏွာသစ္ေဆးေတြ၊မ်က္ႏွာဂ်ီးခြၽတ္ေပးတဲ့ အလွကုန္ပစၥည္းေတြထက္ ပိုၿပီး အေရျပားကို ဂ်ီးခြၽတ္ေပးႏိုင္ပါတယ္။ေခြၽးေပါက္ေတြကို နက္႐ႈိင္းစြာသန္႔ေစေပးႏိုင္ၿပီး အေရျပားေပၚက ဆဲလ္အေသေတြကို လည္းဖယ္႐ွားေပးႏိုင္ပါတယ္။

သင့္ဟာ ဝက္ျခံေတြေၾကာင့္စိတ္ညစ္ေနရသူဆိုရင္ ပင္လယ္ေရဟာ သင့္ကိုစိတ္အေႏွာင့္အယွက္ျဖစ္ေစတဲ့ဝက္ျခံေတြကို ဖယ္႐ွားေပးမယ့္ အကူအညီပဲျဖစ္ပါတယ္။

ပင္လယ္ေရမွာပါဝင္တဲ့ ဗီတာမင္နဲ႔သတၱဳဓာတ္ေတြဟာ သင့္အသားအေရကို တင္းရင္းေတာက္ပေစၿပီး ေရဓာတ္ျပန္လည္ျဖည့္တင္းေပးမွာ ျဖစ္လို႔ ကမ္းေျခကျပန္လာတာနဲ႔ သင့္အသားအေရဟာ အရင္ကထက္ သိသိသာသာပိုေကာင္းလာတာကို ေတြ႔ရမွာပါ။

(၂)ပင္လယ္ထဲေရကူးျခင္း၊ေရစိမ္ျခင္းက သင့္ရဲ႕ေတာင့္တင္းေနတဲ့ ႂကြက္သားေတြကိုေျပေလ်ာ့ေစၿပီး၊ ေသြးလည္ပတ္မႈေကာင္းေစပါတယ္။
ခႏၶာကိုယ္ရဲ႕ နာက်င္ကိုက္ခဲမႈေတြကိုလည္း သက္သာေစပါတယ္။ ေရကူးျခင္းဟာ ေလ့က်င့္ခန္းအေပ်ာ့စားတစ္မ်ိဳးျဖစ္ၿပီး Happy Hormone (ေပ်ာ္ရႊင္ေစတဲ့ ေဟာ္မုန္း)လို႔ေခၚတဲ့ Endorphin ေဟာ္မုန္းကိုထြက္ေစလို႔ စိတ္ေပ်ာ္ရႊင္မႈကို ျဖစ္ေပၚေစပါတယ္။

(၃)ဆားအေငြ႔အသက္ေလးေတြပါဝင္တဲ့ ပင္လယ္ေလဟာ စိတ္ခံစားမႈေကာင္းေစပါတယ္။
လူမႈေရး၊အလုပ္၊မိသားစုအေရး၊ေငြေရးေၾကးေရး၊က်န္းမာေရး စတဲ့ဘက္ေပါင္းစံုက ဖိစီးမႈေတြဆီက လြတ္ေျမာက္ဖို႔ ပင္လယ္ေလက ကူညီပါလိမ့္မယ္။ပင္လယ္ေလကို တစ္ဝႀကီး႐ွဴ ၿပီး စိတ္ဖိစီးမႈေတြကို ေမာင္းထုတ္လိုက္ပါ။ပင္လယ္မွာ တဝႀကီး စိတ္အပန္းေျပၿပီးမွ စိတ္သစ္လူသစ္ အိုင္ဒီယာအသစ္အဆန္းမ်ားနဲ႔ သင့္တစ္ေန႔တာ လုပ္ငန္းေတြကို တက္ႂကြလန္းဆန္းစြာျပန္လည္စတင္လိုက္ပါ။

(၄)က်န္းမာေရးမေကာင္းသူေတြအတြက္လည္း သင့္ေလ်ာ္တယ္ေလ။
သင္လည္းေတြ႔ဖူးမွာပါ…..ဇာတ္ကားအမ်ားစုမွာ… မင္းသားမင္းသမီးေတြ ေဆးရံုကဆင္း၊နလန္ထစအခ်ိန္ဆို ပင္လယ္ကမ္းေျခဆီေခၚသြားၿပီး အပန္းေျဖၾကတာမ်ိဳးေပါ့။ တကယ္လက္ေတြ႔မွာလည္း ပင္လယ္ကမ္းေျခဟာ က်န္းမာေရး မေကာင္းသူေတြအတြက္ လန္းဆန္းက်န္းမာေစပါတယ္။

စိတ္အတြက္ေရာ ခႏၶာကိုယ္အတြက္ေရာ အာဟာရေတြေပးစြမ္းတဲ့ ပင္လယ္ႀကီးမို႔ Vitamin Sea လို႔ေတာင္ တင္စားၾကပါတယ္။ ကဲ…..ေ႐ွ႕လာမယ့္ ရံုးပိတ္ရက္ေတြမွာ အပန္းေျဖဖို႔ေနရာေရြးရခက္ မေနေတာ့ဘဲ ပင္လယ္ကမ္းေျခတစ္ခုကိုသာ အျမန္ေရြးခ်ယ္လိုက္စို႔!

ေမ (ေဆး ၂)

MyDoctor Telemedicine Application
Related posts
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများအထွေထွေ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါ

သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်

1 Mins read
သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်… ဆီးချိုရောဂါရှည်ကြာလာတဲ့အခါမှာ ခန္တာကိုယ်တွင်း ကျောက်ကပ်ရဲ့ အညစ်အကြေးတွေအရည်တွေကို စွန့်ထုတ်ပေးတဲ့ လုပ်ဆောင်မှုဟာ ကျဆင်းလာပါတယ်။ ဒီလိုလုပ်ဆောင်မှုကျဆင်းတာကနေ ကျောက်ကပ်လုံးဝမလုပ်မလုပ်တော့တဲ့အခြေအနေထိဖြစ်နိုင်ပြီး ကျောက်ကပ်ဆေးရတာ၊ ကျောက်ကပ်အစားထိုးရတာ တွေထိဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဆီးချိုကို သေချာထိန်းသိမ်းပြီး ကုသမှုခံယူဖို့လိုပါလိမ့်မယ်။ ဆီးချိုရောဂါမှာ ကျောက်ကပ်ထိခိုက်နေပြီဆိုရင် စစချင်းမှာ လက္ခဏာသိပ်မပြတတ်ပေမယ့်…

Leave a Reply

Your email address will not be published. Required fields are marked *