Vitamin B
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Vitamin B မချို့တဲ့ရအောင် ဘာတွေ စား‌ပေးရမလဲ ❓

1 Mins read


Vitamin B ဆိုတာကတော့ Vitamin B1, B2,B6 နဲ့ B12 တို့ကို ပေါင်းစပ်ပြီး B Complex လို့လဲ ခေါ်ကြပါတယ်၊
B-Complex ကဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ အချို့သော Enzymes တွေ လုပ်ဆောင်ရန်အတွက်
မရှိမဖြစ်လိုအပ်ပါတယ်၊
Vitamin-B ဟာဆိုရင် ကျန်းမာရေးအတွက်အရမ်းကိုမှအရေးပါ ပါတယ်။

B ဟာ ခန္ဓာကိုယ်ရဲ့စွမ်းအင်အဆင့်၊
ဦးနှောက်ရဲ့လုပ်ဆောင်မှုနဲ့ဆဲလ်တွေရဲ့ကျန်းမာရေးကိုအထောက်ကူပြုတဲ့အပြင်ရောဂါပိုးမွှားများကိုကာကွယ်နိုင်ပြီး ဆဲလ်ကျန်းမာရေးကို မြှင့်တင်ရာတွေမှာ အလွန်ကိုမှအရေးပါတဲ့ အခန်းကဏ္ဍကနေ
Bက ပါ၀င်ပါတယ်

Vitamin B အတွက် အကောင်းဆုံး အစားစာ ရယ်လို့ သတ်မှတ် ထားတာတွေကတော့

-ဆန်လုံး ညို၊ မုယော စပါးနဲ့ ပြောင်းဆန်

-အနီရောင် အသား (ဥပမာ-ကြက်သား၊ငါး)

-ဉ မျိုးမျိုးနဲ့ နို့ထွက် အစားစာမျိုး

-ပဲ အမျိုးမျိုး

-အစေ့မာနဲ့ အခွံမာသီးများ

-အရွက်များ
(ဉပမာ- ဟင်းနုနွယ်ရွက်၊ ကိုက်လန်)

-အသီးများ (ဉပမာ လိမ္မော်သီး၊ထောပတ်သီး၊ငှက်ပျောသီး) ဒါမျိုးလေးတွေ စားပေးခြင်းကလဲ vitamin Bကို လုံလောက်စွာရရှိစေပါတယ်

Bကို အလျင်မြန်ဆုံး ရရှိနိုင်တဲ့အစားစာတွေဆိုရင်တော့
– အမဲသား၊ အသည်းနဲ့ကြက်သား

– ဆော်လမွန်ငါး၊တူနာငါးနှင့် ဂုံး

– မနက်စာကို အသီးနှံစားပေးခြင်း

– အဆီနည်းသောနို့၊ဒိန်ချဉ် ဒိန်ခဲ တို့စားပေးခြင်းက
B ကို လျင်မြန်စွာရရှိစေနိုင်ပါတယ်

🛑🛑အရေးကြီးဆုံးကတော့ မနက်စာကိုမမေ့ပဲစားသောက်ခြင်းက တစ်နေ့တာအတွက်လုံလောက်တဲ့ vitaminကိုရရှိစေတာမို့ မနက်စာစားဖို့ကို မမေ့ပါနဲ့ 🛑🛑

Vitamin ဟာ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာမရှိမဖြစ်လိုအပ်တဲ့ အတွက် နေ့စဉ် ကိုယ်စားတဲ့အစားစာလေးတွေမှာ ဘယ်လို Vitaminတွေပါ၀င်တယ်ဆိုတာကို ဂရုစိုက်ရင်း ကျန်းမာတဲ့ဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေ။

## သင့်မှာ Vitamin Bချို့တဲ့နေရင် ဘယ်လိုလက္ခဏာတွေရှိလဲဆိုတာ ကိုသိချင်ရင်တော့ အောက်က Comment မှာ ၀င်ဖတ်လို့ရပါတယ်။

❝ တိုင်ပင်ဆွေးနွေး ကျန်းမာရေး myDoctor နှင့်ဆက်သွယ်ပေး ❞
#myDoctor #Ivy_Yuki

MyDoctor Telemedicine Application
Related posts
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
နေထိုင်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

When should you give your brain a break ?

1 Mins read
🧠 ကျွန်တော်တို့ ခန္တာကိုယ်မှာ တရစပ် မရပ်မနား သေတဲ့အထိ အလုပ်လုပ်ရတဲ့ အကောင်က နှလုံးနဲ့ ဉီးနှောက်ပါပဲ။ လူသေသွားရင် နှလုံးကရပ်သွားပေမယ့် ဉီးနှောက်ကဆက်လုပ်နေရတုန်းပဲ အဲ့တာကြောင့်သေသွားပေမယ့် Brain Wave တွေကျန်နေသေးတယ်ဆိုတာကြားဖူးမှာပါ။ စိတ်ရှုပ်စရာတွေ စိတ်မချမ်းမြေ့စရာသတင်းတွေချည်းပဲ ဆက်တိုက်ကြားလာရတဲ့အခါ လူက လောင်မြိုက်လာတတ်ပါတယ်။…
နေထိုင်မှုပုံစံအလှအပအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မျက်နှာအဆီပြန်ခြင်း ကိုလျှော့ချဖို့ ဘာတွေလုပ်ရမလဲ

1 Mins read
👍 Do’s 💫 မျက်နှာပုံမှန်သစ်ပါ၊ မနက်တစ်ခါ၊ ညနေတစ်ခါ၊ ချွေးထွက်အောင် လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါတိုင်း မျက်နှာသစ်ပါ။ (အရမ်းမပွတ်ပါနဲ့။ Scrub နေ့တိုင်းမလုပ်ပါနဲ့) 💫 မျက်နှာသစ်ဆေးနဲ့ Skin care, makeup တွေကို “oil free” and “noncomedogenic…

Leave a Reply

Your email address will not be published. Required fields are marked *