ကလေးများအတွက် လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်များ
မိမိရဲ့ကလေးငယ်များကို အာဟာရ ပြည့်ဝအောင် ကျွေးချင်ကြတာ အမေတိုင်းပါပဲ။ တခါတလေ ကိုယ်က ကျွေးနေပေမယ့် အာဟာရ မစုံတာမျိုး မဖြစ်ရအောင် ကလေးငယ်များကို အစားအစာကျွေးရာမှာ ရွေးချယ်ရလွယ်ကူစေဖို့ အတွက် ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝတဲ့ အစားအစာများကို စာရင်းပြုစုထားပါတယ်။ အစားအစာအုပ်စု များကို စုံလင်အောင် ကျွေးဖို့ က အလွန်အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ အသားဓာတ်ပြည့်ဝဖို့ လိုအပ်တဲ့ အပြင် အသီးအနှံ နဲ့ ဟင်းသီးဟင်းရွက်က ရတဲ့ ဓာတ်များဟာ ရောဂါကာကွယ်နိုင်တဲ့ အတွက် အရောင်အသွေးစုံလင်အောင် ကျွေးသင့်ပါတယ်။
ဗီတာမင် အေ (Vit A) ကြွယ်ဝသော အစားအစာများ – အသည်း၊ ကြက်ဥ ဘဲဥ အနှစ်၊ လိမ်မော်ရောင် အသီးအနှံများ နှင့် ဟင်းသီးဟင်းရွက်များ၊ အစိမ်းရင့်ရောင် အရွက်များ၊ ကန်စွမ်းဥ၊ မုန်လာဥ
ဗီတာမင် ဘီ (Vit B) ကြွယ်ဝသော အစားအစာများ- နို့၊ ကြက်ဥဘဲဥ၊ အသားများ၊ ပင်လယ်စာများ
ဗီတာမင် စီ (Vit C) ကြွယ်ဝသော အစားအစာများ- အသီးအနှံများ၊ ခရမ်းချဉ်သီး၊ ငရုတ်သီး၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်များ
ဗီတာမင် ဒီ (Vit D) ကြွယ်ဝသော အစားအစာများ- နို့၊ ကြက်ဥဘဲဥ၊ မှို၊ ဆော်လမွန်ငါး၊ ပင်လယ်စာများ
ဗီတာမင် အီး (Vit E) ကြွယ်ဝသော အစားအစာများ – နေကြာစေ့၊ ဗာဒံစေ့၊ နေကြာဆီ၊ မြေပဲဆီ၊ မြေပဲထောပတ်
ဗီတာမင် ကေ (Vit K) ကြွယ်ဝသော အစားအစာများ- အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ
သွပ်ဓာတ် (Zinc) ကြွယ်ဝသော အစားအစာများ- အသည်း၊ အသားများ၊ ဘဲသွေးကြက်သွေး၊ ငါး၊ အခွံပါသော ပင်လယ်စာများ၊ ကြက်ဥ ဘဲဥ အနှစ်
ကယ်လဆီယမ်ဓာတ် (Calcium) ကြွယ်ဝသော အစားအစာများ- နို့ နှင့် နို့ထွက်ပစ္စည်းများ၊ အရိုးပါ ဝါးစားနိုင်သော ငါးကလေးများ
ဖောလစ်အက်ဆစ် (Folic acid) ကြွယ်ဝသော အစားအစာများ – ပဲအမျိုးမျိုး၊ ကညွတ်၊ လိမ်မော်ရည်
သံဓာတ် (Iron) ကြွယ်ဝသော အစားအစာများ – အသည်း၊ အသားများ (အနီရောင် အသားများတွင် ပိုပါဝင်သည်) သံဓာတ်ဖြည့်ထားသော အစားအစာများ – ဥပမာ- နို့၊ အားဖြည့်ဆန်
Dr. Jasmine
ကေလးမ်ားအတြက္ လုိအပ္ေသာ ဗီတာမင္နွင့္ သတၱဳဓာတ္မ်ား
မိမိရဲ ့ကေလးငယ္မ်ားကို အာဟာရ ျပည့္၀ေအာင္ ေကၽြးခ်င္ၾကတာ အေမတိုင္းပါပဲ။ တခါတေလ ကိုယ္က ေကၽြးေနေပမယ့္ အာဟာရ မစံုတာမ်ိဳး မျဖစ္ရေအာင္ ကေလးငယ္မ်ားကို အစားအစာေကၽြးရာမွာ ေရြးခ်ယ္ရလြယ္ကူေစဖို ့ အတြက္ ဗီတာမင္နွင့္ သတၱဳဓာတ္မ်ား ၾကြယ္၀တဲ့ အစားအစာမ်ားကို စာရင္းျပဳစုထားပါတယ္။ အစားအစာအုပ္စု မ်ားကို စံုလင္ေအာင္ ေကၽြးဖို ့ က အလြန္အေရးၾကီးတဲ့ အခ်က္ျဖစ္ပါတယ္။ အသားဓာတ္ျပည့္၀ဖို ့ လိ္ုအပ္တဲ့ အျပင္ အသီးအနွံ နဲ ့ ဟင္းသီးဟင္းရြက္က ရတဲ့ ဓာတ္မ်ားဟာ ေရာဂါကာကြယ္နိုင္တဲ့ အတြက္ အေရာင္အေသြးစံုလင္ေအာင္ ေကၽြးသင့္ပါတယ္။
ဗီတာမင္ ေအ (Vit A) ၾကြယ္္၀ေသာ အစားအစာမ်ား – အသည္း၊ ၾကက္ဥ ဘဲဥ အနွစ္၊ လိမ္ေမာ္ေရာင္ အသီးအႏွံမ်ား နွင့္ ဟင္းသီးဟင္းရြက္မ်ား၊ အစိမ္းရင့္ေရာင္ အရြက္မ်ား၊ ကန္စြမ္းဥ၊ မုန္လာဥ
ဗီတာမင္ ဘီ (Vit B) ၾကြယ္္၀ေသာ အစားအစာမ်ား- နို ့၊ ၾကက္ဥဘဲဥ၊ အသားမ်ား၊ ပင္လယ္စာမ်ား
ဗီတာမင္ စီ (Vit C) ၾကြယ္္၀ေသာ အစားအစာမ်ား- အသီးအႏွံမ်ား၊ ခရမ္းခ်ဥ္သီး၊ ငရုတ္သီး၊ အစိမ္းေရာင္ ဟင္းသီးဟင္းရြက္မ်ား
ဗီတာမင္ ဒီ (Vit D) ၾကြယ္္၀ေသာ အစားအစာမ်ား- နို ့၊ ၾကက္ဥဘဲဥ၊ မွု္ိ၊ ေဆာ္လမြန္ငါး၊ ပင္လယ္စာမ်ား
ဗီတာမင္ အီး (Vit E) ၾကြယ္္၀ေသာ အစားအစာမ်ား – ေနၾကာေစ့၊ ဗာဒံေစ့၊ ေနၾကာဆီ၊ ေျမပဲဆီ၊ ေျမပဲေထာပတ္
ဗီတာမင္ ေက (Vit K) ၾကြယ္္၀ေသာ အစားအစာမ်ား- အစိမ္းရင့္ေရာင္ ဟင္းသီးဟင္းရြက္မ်ား
သြပ္ဓာတ္ (Zinc) ၾကြယ္္၀ေသာ အစားအစာမ်ား- အသည္း၊ အသားမ်ား၊ ဘဲေသြးၾကက္ေသြး၊ ငါး၊ အခြံပါေသာ ပင္လယ္စာမ်ား၊ ၾကက္ဥ ဘဲဥ အနွစ္
ကယ္လဆီယမ္ဓာတ္ (Calcium) ၾကြယ္္၀ေသာ အစားအစာမ်ား- နို ့ နွင့္ နို ့ထြက္ပစၥည္းမ်ား၊ အရိုးပါ ၀ါးစားနိုင္ေသာ ငါးကေလးမ်ား
ေဖာလစ္အက္ဆစ္ (Folic acid) ၾကြယ္္၀ေသာ အစားအစာမ်ား – ပဲအမ်ိဳးမ်ိဳး၊ ကညြတ္၊ လိမ္ေမာ္ရည္
သံဓာတ္ (Iron) ၾကြယ္္၀ေသာ အစားအစာမ်ား – အသည္း၊ အသားမ်ား (အနီေရာင္ အသားမ်ားတြင္ ပိုပါ၀င္သည္) သံဓာတ္္ျဖည့္ထားေသာ အစားအစာမ်ား – ဥပမာ- နို ့၊ အားျဖည့္ဆန္
Dr. Jasmine