ပါဝင်သောဆေး-Ceftazidime။
ဆေးပုံစံ-အကြောထိုးဆေးပုံစံ။
အသုံးပြုနိုင်သော ရောဂါများ- ပိုးကြောင့်ဖြစ်သော ဦးနှောက်နှင့် အာရုံကြောရောဂါများ၊ အသက်ရူလမ်းကြောင်းရောဂါများ၊ နားနှာခေါင်းလည်ချောင်းရောဂါများ၊ အရေပြားရောဂါများ၊ မီးယပ်ရောဂါများ၊ ဝမ်းဗိုက်တွင်းရောဂါများ၊ အရိုးနှင့် အကြောရောဂါပိုးများ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းများ၊ ခုအားကျဆင်းနေသူများတွင် ပြင်းထန်သောရောဂါပိုးများ ဝင်ရောက်ခြင်း၊ ကင်ဆာနှင့် ရောဂါပိုးဒဏ်မခံနိုင်သော သူများတွင် ရောဂါပိုးဝင်ခြင်းများ၊ ကျောက်ကပ်ဆေးထားသူများ။ ဆီးကျိတ်ခွဲမည့် လူနာများတွင်လည်း အသုံးပြုပါသည်။
သုံးစွဲရန်အညွှန်း- ၁-၂ ဂရမ် တစ်နေ့ ၂-၃ ကြိမ်။ ရောဂါနှင့် လူနာ၏ခံနိုင်အားပေါ်မူတည်၍ ဆေးသုံးစွဲရမည့် ပမာဏ ကွာခြားနိုင်ပါသည်။ ဆရာဝန်ညွှန်ကြားသည့်အတိုင်း သုံးစွဲပါ။ ကလေးများတွင် ဆေးပမာဏကို သေချာချိန်ညှိ သုံးစွဲရပါမည်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ။
သတိပြုရမည့်အချက်များ- ဆေးကို ကြာရှည်အသုံးမပြုသင့်ပါ။ ကျောက်ကပ်မကောင်းသူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲပါ။ ပင်နီဆလင်ဆေးနှင့် မတည့်သူများ၊ အုပ်စုတူ ပိုးသတ်ဆေးအမျိုးအစားများနှင့် မတည့်သူများ သတိပြုသုံးစွဲပါ။
ဘေးထွက်ဆိုးကျိုး-သွေးကြောရောင်ခြင်းနှင့် ဆေးထိုးသည့်နေရာတွင် နာကျင်ခြင်း၊ ယားယံခြင်း၊ အနီစက်များထွက်ခြင်း၊ အင်ပြင်ထခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျောခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ ဗိုက်အောင့်ခြင်း၊ တက်ခြင်း နှင့် သွေးတွင်း သွေးဖြူဥ၊ သွေးပမွှားများ တက်ခြင်း စသည်။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-Chloramphenicol ဆေးနှင့် တွဲမသုံးသင့်ပါ။ အခြားသော cephalosporin နှင့် aminoglycoside ပိုးသတ်ဆေးများနှင့် တွဲသုံးပါက ကျောက်ကပ် ထိခိုက်မှုပိုများစေပါသည်။ အချို့သောဆီးဆေးများနှင့် တွဲမသုံးသင့်ပါ။
ဒေါက်တာချို(ဆေး ၁)