ပါဝင်သောဆေး-Esomeprazole
ဆေးပုံစံ-ဆေးပြားပုံစံ။
အသုံးပြုနိုင်သော ရောဂါများ- အစာအိမ်အနာဖြစ်ခြင်းနှင့် အစာအိမ်မှ အက်ဆစ်အပေါ်သို့ဆန်တက်၍ အစာမျိုပြွန်ရောင်ခြင်း ကုသရန်။ အစာအိမ် အက်ဆစ်အထွက်များသော Zollinger-Ellison syndrome၊ အစာမျိုပြွန်ရောင်ခြင်း၊ အစာအိမ်ပိုး H.pylori ကုသရာတွင် တွဲဖက်အသုံးပြုသည်။
သုံးစွဲရန်အညွှန်း- ၂၀-၄၀ မီလီဂရမ် တစ်နေ့ ၁ ကြိမ် ၄-၈ပတ်။ ကလေး ၁၀မီလီဂရမ် တစ်နေ့ ၁ကြိမ် ၄-၈ပတ်။
အစာနှင့်စားရန်သင့်မသင့်- အစားမစားခင် ၁နာရီ ကြိုသောက်ရန်။ ၀ါးမစားရ။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ။
သတိပြုရမည့်အချက်များ-ဆေးမသုံးမီ ကင်ဆာရောဂါရှိမရှိ စစ်ဆေးရန်။ ဆေးကြာရှည်သုံးစွဲသူများ သွေးတွင်း Magnesium ဓာတ်စစ်ဆေးနေရန် လိုအပ်ပါသည်။ အသည်းမကောင်းသူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲရန်။
ဘေးထွက်ဆိုးကျိုး-ပျို့ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ၀မ်းလျောခြင်း၊ ၀မ်းချုပ်ခြင်း၊ အန်ခြင်း၊ လေပွခြင်း၊ အရေပြားတွင် အနီစက်များထွက်ခြင်း၊ ယားယံခြင်းနှင့် ဓာတ်မတည့်ခြင်းများ၊ ညအိပ်မပျော်ခြင်း၊ အသည်းထိခိုက်တတ်ခြင်း စသည်။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-သွေးတွင်း နှလုံးဆေးDigoxin ၏နှလုံးထိခိုက်မှုကို များစေပါသည်။
-ဤဆေးသည် အိပ်ဆေး၊ သွေးကျဲဆေး၊ အတက်ရောဂါဆေးများ၏ စွန့်ထုတ်ကြာချိန်ကို ပို၍ကြာစေပါသည်။
-ketoconazole စသောမှိုသတ်ဆေးများ၏ အစာစုပ်ယူမှုကို ကျစေပါသည်။
ဒေါက်တာချို(ဆေး ၁)