ပါဝင်သောဆေး-cinnarizine, domperidone maleate၊
ဆေးပုံစံ-ဆေးပြားပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-ပျို့ခြင်း၊ အန်ခြင်းအမျိုးမျိုး၊ ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ၊ ခရီးသွားစဉ်မူးဝေခြင်း၊ မျက်လုံးဝေဝါးခြင်း၊ ဆေးကြောင့် အစာအိမ်ထိခိုက်ခြင်း။
သုံးစွဲရန်အညွှန်း-ကျန်းမာရေးနှင့် လူတစ်ဦးချင်းပေါ် မူတည်၍ သုံးစွဲပုံခြင်း မတူညီပါ။
အစာနှင့်စားရန်သင့်မသင့်-အစာနှင့် တွဲသောက်ရ။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ၊ အစာအိမ်နှင့် အူလမ်းကြောင်း သွေးထွက်သူများ၊ ပိတ်နေသူများ၊ ပေါက်နေသူများ၊ prolactinoma ခေါ် အကျိတ်ရှိသူများ။
သတိပြုရမည့်အချက်များ-အရက်နှင့် မူးဝေအိပ်ပျော်စေသော ဆေးများသောက်သုံးခြင်း ရှောင်ကြဉ်ပါ။ ကားနှင့် စက်ပစ္စည်းကြီးများမောင်းနှင်ခြင်း ရှောင်ကြဉ်ပါ။ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲပါ။
ဘေးထွက်ဆိုးကျိုး-အိပ်ငိုက်ခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်း၊ နှုန်းခြင်း၊ ခေါင်းမူးခြင်း၊ ဆီးသွားရခက်ခဲခြင်း၊ အာခြောက်ခြင်း၊ ကြပ်ခြင်း၊ ကြွက်သားများ အားနည်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ရင်သားကြီးလာခြင်း၊ နို့ထွက်ခြင်း။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-အရက်၊ မူးဝေအိပ်ပျော်စေသောဆေးများ၊ ဘိန်းပါသောအကိုက်အခဲပျောက်ဆေးများ၊ အစာအိမ် အက်ဆစ်နည်းစေသောဆေးများ၊ မှိုသတ်ဆေးများ၊ အချို့သောပိုးသတ်ဆေးများနှင့် ဓာတ်ပြုခြင်းများတွေ့ရတတ်ပါသည်။
ဒေါက်တာချို(ဆေး ၁)