ဝှေးစေ့တွင် သွေးပြန်ကြောများ ပုံမှန်ထက်ဖောင်းခြင်း
အမျိုးသားများရဲ့ ကပ္ပယ်အိတ်တစ်ခုစီထဲတွင် ဝှေးစေ့ တစ်လုံးစီရှိပါတယ် ။ ထိုဝှေးစေ့တွေရဲ့ သွေးပြန်ကြောများ ပုံမှန်ထက်ဖာင်းနေတာကို varicocele (ဗေရီကိုဆီးလ် ) လို့ခေါ်ပါတယ် ။ ဝှေးစေ့အကြောတွေဖောင်းလာတယ်ဆိုပြီး ဖြစ်တတ်ပါတယ် ။ ခါးနာသလိုလို အကြောအောင့်သလိုလို ဖြစ်တယ်လို့ပြောကြပါတယ် ။
ရောဂါဆိုးဝါးတဲ့အခါ သုတ်ပိုးအရေအတွက် နည်းပါးသွားတာ သုတ်ပိုးသန်စွမ်းမှုနည်းပါသွားတာမျိုးတွေ ဖြစ်ပွားပြီး ကလေးမရနိုင်တော့ပါ ။ ဗေရီကိုဆီးလ်ရောဂါတိုင်း ထိုကဲ့သို့မဖြစ်စေပါ ။ သို့သော် ဝှေးစေ့ပုံမှန် အရွယ်အစားမရှိစေခြင်း ကျုံ့သွားခြင်းတို့ကို ဖြစ်စေနိုင်ပါတယ် ။
ဗေရီကိုဆီးလ်ရောဂါဟာ အချိန်နဲ့အမျှ ပိုဆိုးလာပါတယ် ။ ကံကောင်းတာက စောစောစီးစီးရောဂါကို သိနိုင်ပြီး လျင်လျင်မြန်မြန်ကုသနိုင်ပါတယ် ။
ရောဂါက္ခဏာများ
တစ်ခါတစ်ရံ ရောဂါလက္ခဏာ မပြတတ်ပါဘူး ။ နာတယ်လို့ပြောတတ်ပါတယ် ။ နာတာကိုမှ
* မတ်တပ်ရပ်ရင် ခါးအရမ်းနာတယ် အောင့်သက်သက်နိုင်တယ် မျက်တယ်လို့ ခံစားရမယ်
* အချိန်ကြာလာလေ ပိုနာလာလေဖြစ်တယ်
* တစ်နေကုန်နီးပါးနာနေမယ်
* လှဲရင် ထိုင်လိုက်ရင် သက်သာသွားမယ်
* ကလေးမရတာမျိုးဖြစ်မယ်
အများအားဖြင့် အသက် -၅ ကနေ ၃၀ အတွင်းအတွေ့များပြီး ဘယ်ဘက်ဝှေးစေ့မှာပိုဖြစ်လေ့ရှိပါတယ် ။
အချိန်ကြာလာတာနဲ့အမျှ ဝှေးစေ့ပတ်လည်အကြောများ ပိုမိုဖောင်းကားလာပြီး သိသာလာပါတယ် ။ တီကောင်အကြီးကြီးတွေ ရစ်ပတ်နေသလိုဖြစ်လာပြီး ဝှေးစေ့ယောင်လာစေပါတယ် ။
ဆရာဝန် ဘယ်ချိန်မှာပြမလဲ ?
ရောဂါလက္ခဏာ ကြီးကြီးမားမားမပြတဲ့အခါ ကုသမှုမလိုအပ်ပါဘူး ။ ဒါကြောင့်လဲ ကလေးမရတဲ့အတွက် ဒါမှမဟုတ် တခြားဂကျန်းမာရေးပြသနာအတွက် ပြသရင်းမှ သိရှိလေ့ရှိကြပါတယ် ။
သို့သော် နာတယ် ကပ္ပအိတ်တစ်ခုလုံးယောင်နေတယ် ၊ ကပ္ပအိတ်ထဲ ခပ်မာမာအရာ စမ်းမိတယ် ၊ ဝှေးစေ့အရွယ်အစား ပြောင်းလဲသွားတယ်လို့ သတိထားမိတယ် ၊ ကလေးမရတာ ကလေးယူဖို့အခက်အခဲ ဖြစ်လာပြီဆိုရင် ဆရာဝန်နှင့်ပြသသင့်ပါတယ် ။ တစ်ချို့သောအခြေအနေ လက္ခများဟာ စိုးရိမ်ရသောကြောင့် ချက်ခြင်းကုသမှု ခံယူရန် လိုအပ်နိုင်ပါတယ် ။
Dr. ရှိန်းသူဟန်