ဒီတစ်ခေါက်မှာတော့ အမျိုးသမီးလိင်အင်္ဂါ အစိတ်အပိုင်းနဲ့ပတ်သက်ပြီး အမျိုးသမီးတွေ ခံစားရလေ့ရှိတဲ့ ဝေဒနာတစ်မျိုးအကြောင်း ရှင်းပြပေးချင်ပါတယ်
အခုလို တိုးတက်နေတဲ့ ခေတ်မှာတောင် အမျိုးသမီး လိင်အင်္ဂါ အစိတ်အပိုင်းဖြစ်တဲ့ Vagina (မိန်းမ ယောနိ) နဲ့ Vaginal tract (မိန်းမကိုယ် သားမွေးလမ်းကြောင်း)တို့နဲ့ပတ်သက်ပြီး ကြုံတွေ့နေရတဲ့ တစ်ချို့အခက်အခဲတွေကို ပြောပြဖို့အတွက် မြန်မာအမျိုးသမီးတွေ ရှက်ရွံ့နေတတ်ကြပါတယ်
အမှန်တကယ်တော့ အသက်ကြီးလာတာနဲ့အမျှ အမျိုးသမီးတွေဟာ လိင်အင်္ဂါအစိတ်အပိုင်းနဲ့ ပတ်သက်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ တစ်ဖြည်းဖြည်း လျော့နဲလာတတ်ပါတယ်
ဘာလို့လဲဆိုတော့ collagen fibre လို့ခေါ်တဲ့ အမျှင်ဓါတ်လေးတွေ နဲပါးလာတဲ့အတွက် ခန္ဓာတစ်ခုလုံးမှာ အသားအရေတွေ လျော့ရဲလာတဲ့အပြင် အမျိုးသမီး အင်္ဂါ လမ်းကြောင်းကလဲ လျော့ရဲလာလို့ပဲ ဖြစ်ပါတယ်
ဒါပေမယ့် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ကုသမယ်ဆိုရင် မျက်နှာ အရေပြားလေးတွေကို တင်းရင်းပြီးနုပျိုအောင် လုပ်လို့ရသလို အမျိုးသမီး အင်္ဂါလမ်းကြောင်းကိုလဲ ကျန်းမာပြီး တင်းရင်းနေအောင် ကုသမှုခံယူလို့ရပါတယ်
မိန်းမကိုယ်လမ်းကြောင်းက ဘာလို့လျော့ရဲ လာရသလဲဆိုရင်?
- အသက်အရွယ်ကြီးရင့်လာခြင်း
- ဆေးလိပ်သောက်ခြင်း
- အဝလွန်ကြီး
- ကိုယ်ဝန်ခဏခဏ ဆောင်ခြင်း
- ဓမ္မတာသွေးဆုံးခြင်း
- သားအိမ်ဖြတ်ထုတ်ထားခြင်းနှင့် အခြားသော ခွဲစိတ်မှုအမျိုးမျိုး လုပ်ဆောင်ထားခြင်း တို့ကြောင့် လျော့ရဲလာရခြင်း ဖြစ်ပါတယ်
ခံစားရတတ်တဲ့ လက္ခဏာတွေကတော့
- ဆီးမထိန်းနိုင်ခြင်း
- ဆီးခဏခဏသွားခြင်း
- ဆီးသွားရခက်ခြင်း, ဆီးကျဉ်ခြင်း
- ခါးအောက်ပိုင်းနာခြင်း
- ကာမဆက်ဆံနေစဉ် သို့မဟုတ် ဆက်ဆံပြီးနာခြင်း
- ကာမပြည့်ဝစွာ ခံစားမှု မရရှိခြင်း
- သားအိမ်ကျွံကျခြင်းတို့ ခံစားရတတ်ပါတယ်
ဘယ်လိုကုသမှုတွေခံယူလို့ရသလဲ?
1)Laser ဖြင့်ကုသခြင်း
သားမွေးလမ်းကြောင့်ရဲ့ အတွင်းဘက်လမ်းကြောင်း တစ်လျှောက်ကို အပူလှိုင်းလေဆာဖြင့် နာကျဉ်မှုမရှိဘဲ အချိန်တိုတိုနဲ့ ကုသလို့ရနေ ပြီပဲဖြစ်ပါတယ်
သားမွေးလမ်းကြောင်းမှာရှိတဲ့ ကြွက်သားတွေကို တင်းရင်းစေပြီး ကာမ ခံစားမှုလဲ ကောင်းမွန်စေတဲ့ treatment တစ်ခုလဲဖြစ်ပါတယ်
2)Vaginal filler
G spot လို့ခေါ်တဲ့ မိန်းမကိုယ်တွင်းမှာ ကာမ ခံစားမှုပေးတဲ့ နေရာကို filler ထိုးပြီး ကုသလို့ရပါတယ် filler ထိုးခြင်းဖြင့် သားမွေးလမ်းကြောင်း ခြောက်သွေ့မှုကိုလဲ သက်သာစေပါတယ်
3)သွေးရည်ကြည်ဖြင့် ကုသခြင်း
မိမိ၏သွေးရည်ကြည်ဖြင့် သားမွေးလမ်းကြောင်းကို ကုသခြင်းဖြင့်လဲ ဆီးမထိန်းနိုင်ခြင်းကို သက်သာစေတဲ့အပြင် သားမွေးလမ်းကြောင်း ခြောက်သွေ့ခြင်း နှင့် ကာမဆက်ဆံနေစဉ် နာကျင်မှုတို့ကို လျော့ချနိုင်မှာဖြစ်ပါတယ်
4)နောက်ဆုံးနည်းပညာ တစ်ခုဖြစ်တဲ့ Collagen ကြိုးသွင်းပြီးလဲ သားမွေးလမ်းကြောင်း ကျဉ်းအောင် ကုသနိုင်ပါတယ်
5)Vaginoplasty
ခွဲစိတ်ကုသခြင်းဖြင့်လဲ မိန်းမကိုယ် သားမွေးလမ်းကြောင်းကို ကျဉ်းသွားအောင် ကုသလို့ရပါတယ်
6)Exercise
မိန်းမကိုယ်မှာရှိတဲ့ ကြွက်သားတွေကို အကျုံ့အဆန့် လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့်လဲ ကြိုတင်ကာကွယ်လို့ရပါတယ်
အားလုံး ကျန်းမာပျော်ရွှင်ပြီး ကြည်လင်လှပတဲ့ အသားအရေလေး ပိုင်ဆိုင်နိုင်ကြပါစေ
ရွှန်းလဲ့ (ဆေး ၂)
ဒီတစ္ေခါက္မွာေတာ့ အမ်ိဳးသမီးလိင္အဂၤါ အစိတ္အပိုင္းနဲ႕ပတ္သက္ျပီး အမ်ိဳးသမီးေတြ ခံစားရေလ့ရွိတဲ႕ ေဝဒနာတစ္မ်ိဳးအေၾကာင္း ရွင္းျပေပးခ်င္ပါတယ္
အခုလို တိုးတက္ေနတဲ႕ ေခတ္မွာေတာင္ အမ်ိဳးသမီး လိင္အဂၤါ အစိတ္အပိုင္းျဖစ္တဲ႕ Vagina (မိန္းမ ေယာနိ) နဲ႕ Vaginal tract (မိန္းမကိုယ္ သားေမြးလမ္းေၾကာင္း)တို႕နဲ႕ပတ္သက္ျပီး ၾကံဳေတြ႕ေနရတဲ႕ တစ္ခ်ိဳ႕အခက္အခဲေတြကို ေျပာျပဖို႕အတြက္ ျမန္မာအမ်ိဳးသမီးေတြ ရွက္ရြ႕ံေနတတ္ၾကပါတယ္
အမွန္တကယ္ေတာ့ အသက္ၾကီးလာတာနဲ႕အမ်ွ အမ်ိဳးသမီးေတြဟာ လိင္အဂၤါအစိတ္အပိုင္းနဲ႕ ပတ္သက္ျပီး ကိုယ့္ကိုကိုယ္ ယံုၾကည္မႈေတြ တစ္ျဖည္းျဖည္း ေလ်ာ့နဲလာတတ္ပါတယ္
ဘာလို႔လဲဆိုေတာ့ collagen fibre လို႕ေခၚတဲ႕ အမ်ွင္ဓါတ္ေလးေတြ နဲပါးလာတဲ႕အတြက္ ခႏၶာတစ္ခုလံုးမွာ အသားအေရေတြ ေလ်ာ့ရဲလာတဲ႕အျပင္ အမိ်ဳးသမီး အဂၤါ လမ္းေၾကာင္းကလဲ ေလ်ာ့ရဲလာလို႕ပဲ ျဖစ္ပါတယ္
ဒါေပမယ့္ တတ္က်ြမ္းနားလည္တဲ႕ ဆရာဝန္နဲ႕ တိုင္ပင္ကုသမယ္ဆိုရင္ မ်က္နွာ အေရျပားေလးေတြကို တင္းရင္းျပီးနုပ်ိဳေအာင္ လုပ္လို႕ရသလို အမ်ိဳးသမီး အဂၤါလမ္းေၾကာင္းကိုလဲ က်န္းမာျပီး တင္းရင္းေနေအာင္ ကုသမႈခံယူလို႕ရပါတယ္
မိန္းမကိုယ္လမ္းေၾကာင္းက ဘာလို႕ေလ်ာ့ရဲ လာရသလဲဆိုရင္?
- အသက္အရြယ္ၾကီးရင့္လာျခင္း
- ေဆးလိပ္ေသာက္ျခင္း
- အဝလြန္ၾကီး
- ကိုယ္ဝန္ခဏခဏ ေဆာင္ျခင္း
- ဓမၼတာေသြးဆံုးျခင္း
- သားအိမ္ျဖတ္ထုတ္ထားျခင္းနွင့္ အျခားေသာ ခြဲစိတ္မႈအမ်ိဳးမ်ိဳး လုပ္ေဆာင္ထားျခင္း တို႕ေၾကာင့္ ေလ်ာ့ရဲလာရျခင္း ျဖစ္ပါတယ္
ခံစားရတတ္တဲ႕ လကၡဏာေတြကေတာ့
- ဆီးမထိန္းနိုင္ျခင္း
- ဆီးခဏခဏသြားျခင္း
- ဆီးသြားရခက္ျခင္း, ဆီးက်ဥ္ျခင္း
- ခါးေအာက္ပိုင္းနာျခင္း
- ကာမဆက္ဆံေနစဥ္ သို႕မဟုတ္ ဆက္ဆံျပီးနာျခင္း
- ကာမျပည့္ဝစြာ ခံစားမႈ မရရွိျခင္း
- သားအိမ္က်ြံက်ျခင္းတို႕ ခံစားရတတ္ပါတယ္
ဘယ္လိုကုသမႈေတြခံယူလို႕ရသလဲ?
1)Laser ျဖင့္ကုသျခင္း
သားေမြးလမ္းေၾကာင့္ရဲ႕ အတြင္းဘက္လမ္းေၾကာင္း တစ္ေလ်ွာက္ကို အပူလႈိုင္းေလဆာျဖင့္ နာက်ဥ္မႈမရွိဘဲ အခ်ိန္တိုတိုနဲ႕ ကုသလို႕ရေန ျပီပဲျဖစ္ပါတယ္
သားေမြးလမ္းေၾကာင္းမွာရွိတဲ႕ ၾကြက္သားေတြကို တင္းရင္းေစျပီး ကာမ ခံစားမႈလဲ ေကာင္းမြန္ေစတဲ႕ treatment တစ္ခုလဲျဖစ္ပါတယ္
2)Vaginal filler
G spot လို႕ေခၚတဲ႕ မိန္းမကိုယ္တြင္းမွာ ကာမ ခံစားမႈေပးတဲ႕ ေနရာကို filler ထိုးျပီး ကုသလို႕ရပါတယ္ filler ထိုးျခင္းျဖင့္ သားေမြးလမ္းေၾကာင္း ေျခာက္ေသြ႕မႈကိုလဲ သက္သာေစပါတယ္
3)ေသြးရည္ၾကည္ျဖင့္ ကုသျခင္း
မိမိ၏ေသြးရည္ၾကည္ျဖင့္ သားေမြးလမ္းေၾကာင္းကို ကုသျခင္းျဖင့္လဲ ဆီးမထိန္းနိုင္ျခင္းကို သက္သာေစတဲ႕အျပင္ သားေမြးလမ္းေၾကာင္း ေျခာက္ေသြ႕ျခင္း နွင့္ ကာမဆက္ဆံေနစဥ္ နာက်င္မႈတို႕ကို ေလ်ာ့ခ်နိုင္မွာျဖစ္ပါတယ္
4)ေနာက္ဆံုးနည္းပညာ တစ္ခုျဖစ္တဲ႕ Collagen ၾကိဳးသြင္းျပီးလဲ သားေမြးလမ္းေၾကာင္း က်ဥ္းေအာင္ ကုသနိုင္ပါတယ္
5)Vaginoplasty
ခြဲစိတ္ကုသျခင္းျဖင့္လဲ မိန္းမကိုယ္ သားေမြးလမ္းေၾကာင္းကို က်ဥ္းသြားေအာင္ ကုသလို႕ရပါတယ္
6)Exercise
မိန္းမကိုယ္မွာရွိတဲ႕ ၾကြက္သားေတြကို အက်ံဳ႕အဆန္႔ ေလ့က်င့္ခန္းျပဳလုပ္ျခင္းျဖင့္လဲ ၾကိဳတင္ကာကြယ္လို႕ရပါတယ္
အားလံုး က်န္းမာေပ်ာ္ရႊင္ျပီး ၾကည္လင္လွပတဲ႔ အသားအေရေလး ပိုင္ဆိုင္နိုင္ၾကပါေစ
ရႊန္းလဲ႕ (ေဆး ၂)