မတော်တရော်နေရာတွင် ယားယံခြင်း (အပိုင်း ၁)
စိုးစိုးတစ်ယောက် ဒီနေ့ဂဏာမငြိမ်။ စာသင်ခန်းထဲလည်းဘာကိုမှအာရုံမစိုက်နိုင်။
ဒါကို သူငယ်ချင်းမိုးမိုးက ရိပ်စားမိတော့”စိုးစိုး နင်ဒီနေ့ဘာဖြစ်နေတာလဲ? အိမ်သာခဏခဏသွား၊ တစ်မှိင်မှိင်နဲ့ပါလား။”
အဲ စိုးစိုး ထိတ်ထိတ်ပြာပြာနဲ့”မိမိုးရယ်ငါအတော်သိသာနေသလား? အမှန်တော့ငါမတော်တရော်နေရာမှာယားနေလို့၊ ၂ရက်လောက်ရှိပြီ၊ ပိုပိုဆိုးလာလို့”
မိုးမိုးလည်း “အဲ့ဒါဆို ငါ့အစ်မ ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါလား၊ ကျောင်းအပြန်အတူသွားမယ်လေ၊ မိန်းကလေးချင်းဆိုတော့ နင်အေးဆေးသာဆွေးနွေးပေါ့” စိုးစိုးလည်း” အေးပါဟယ် ငါလဲ ပျောက်ချင်နေပြီ”
ကျောင်းဆင်းတော့ သူငယ်ချင်း ၂ယောက် မိုးမိုးအမ ဒေါက်တာစုဆီ ချီတက်ကြလေသည်။
ဆရာဝန်မလေးက စိုးစိုးကို ကြည့်ပြီး နေမကောင်းပုံပေါက်မနေတော့
“လာ မိမိုးတို့ လမ်းကြုံဝင်လည်တာလား?”
စိုးစိုးလည်း ” မဟုတ်ပါဘူးဒေါက်တာ သမီးတော့ ဒုက္ခပဲ မတော်တရော်နေရာမှာယားနေတာ ဆေးခန်းလည်းမပြရဲ၊ ပြရင်လည်း အောက်ပိုင်းလှန်ကြည့်မှာကြောက်၊ အဖြူတွေကလည်းဆင်း၊အပျိုဖြစ်ပြီးဒါမျိုးဖြစ်တတ်လားဒေါက်တာ??၊
“ဖြစ်တတ်ပါတယ် ညီမလေး၊ မမအရင်ရှင်းပြမယ်နော်”
“မိန်းမကိုယ်ယားရင် အဖြူဆင်းမဆင်းအရင်မေးပါတယ်။ အဖြူဆင်းရင် Trichomonas ပိုးဝင်တာ၊ Candida မှိုစွဲတာဖြစ်နိုင်တယ်။ ရာသီမလာခင်ယားရင် မှိုဖြစ်နိုင်ပြီး၊ ရာသီလာပြီးရင် ပိုးဝင်တာပိုဖြစ်နိုင်တယ်။
Candida မှိုဆိုရင်တော့
- ညဘက်၊ ညနေစောင်းမှာပိုယားတတ်တယ်။
- ဒိန်ခဲလို အဖတ်အဖတ်တွေ တွေ့ရတတ်တယ်။( အဖြူဆင်းတယ်ပဲခေါ်ကြပါတယ်)
- မိန်းမကိုယ်ဝန်းကျင်မှာ နီရဲပြီး ယောင်နေတတ်ပါတယ်။
မှိုစွဲလွယ်နိုင်တဲ့အနေအထားတွေကတော့
- ကိုယ်ဝန်ဆောင်ချိန်
- ရာသီမလာခင်အချိန်
- ဆီးချိုရှိချိန်၊ သွေးအားနည်းနေချိန်၊
- ပိုးသတ်ဆေးတွေ တာရှည်သောက်ထားချိန်
- ကိုယ်ခံအားနည်းစေတဲ့ဆေးတွေ၊ သန္တေတားဆေးတွေသောက်ထားချိန်
- အောက်ခံဘောင်းဘီကျပ်ကျပ်ဝတ်တတ်သူတွေမှာအဖြစ်များပါတယ်။
ဆေးကုသမှုအနေနဲ့ကတော့
- မှိုသတ်ဆေးကို မိန်းမကိုယ်ထဲ ဆေးတောင့်ထည့်တာ၊
- အခြေအနေပေါ်မူတည်ပြီး ဆေးတိုက်တာတို့ကုသလို့ရပါတယ်။
Trichomonas ပိုးဝင်ခြင်းမှာတော့
- ဒီပိုးကျတော့ အိမ်ထောင်သည်အချင်းချင်းကူးပါတယ်။
- လိင်ကတစ်ဆင့်ကူးစက်တတ်တယ်။ နောက်အသုံးအဆောင်ပစ္စည်းကတစ်ဆင့်ကူးတတ်တယ်။
- အဖြူဆင်းတာကလည်း များတယ်၊ အနံ့နံတယ်၊ တခါတခါ အညိုရောင်တွေဖြစ်တတ်တယ်။
- မိန်းမကိုယ် ယောင်တယ်၊ နီတယ်။လိင်ဆက်ဆံရင် နာကျင်လာတယ်။
- တခြား လိင်ကတစ်ဆင့်ကူးစက်တဲ့ရောဂါတွေနဲ့တွဲဖြစ်တတ်တယ်။
ဆေးကုသမှုကတော့
အိမ်ထောင်ဖက်ရော၊ ဖြစ်တဲ့သူကိုပါ ပိုးသတ်ဆေး ၁ပတ်လောက်အထိ တိုက်ရပါတယ်။
ပိုးပဲဝင်ဝင်၊ မှိုပဲစွဲစွဲ အကြမ်းဖျင်းအားဖြင့်တော့
- အတွင်းခံကို ခြောက်အောင်ထားရမယ်။
- မိန်းမကိုယ်ကို ဆပ်ပြာရယ်၊ ရေရယ်နဲ့ စင်အောင်ဆေးရမယ်။
- အတွင်းခံကို လေဝင်လေထွက်ကောင်းတဲ့ ချည်သားလေးတွေရွေးဝတ်သင့်တယ်။
စိုးစိုးလေးက အပျိုဆိုတော့ မှိုစွဲတာဖြစ်နိုင်တာပေါ့၊ မမ လိုတဲ့ဆေးတွေပေးလိုက်မယ်နော်။”
စိုးစိုးလည်း ဝင်းပတဲ့မျက်နှာနဲ့ “ခုမှပဲ စိတ်ချမ်းသာတော့တယ် ဒေါက်တာရယ်။ ဒါနဲ့ သမီးအမကြတော့ အဖြူမဆင်းပဲယားလို့တဲ့ ၊ မမကိုလာပို့ရင်း ဒေါက်တာဆီက ကျန်းမာရေးဗဟုသုတတွေ တစ်ခါပြန်နားထောင်ရမယ်”
ဒေါက်တာစုလည်း ” ဟုတ်ကဲ့အချိန်မရွေးလာပါရှင်” ဆေးခန်းလေးလည်း မိန်းမပျိုလေးတွေ ရီသံနဲ့ စိုပြည်လျှက်
မယ်တင်( ဆေး ၁)
မေတာ္တေရာ္ေနရာတြင္ ယားယံျခင္း (အပိုင္း ၁)
စိုးစိုးတစ္ေယာက္ ဒီေန႔ဂဏာမၿငိမ္။ စာသင္ခန္းထဲလည္းဘာကိုမွအာရံုမစိုက္ႏိုင္။
ဒါကို သူငယ္ခ်င္းမိုးမိုးက ရိပ္စားမိေတာ့"စိုးစိုး နင္ဒီေန႔ဘာျဖစ္ေနတာလဲ? အိမ္သာခဏခဏသြား၊ တစ္မွိင္မွိင္နဲ႔ပါလား။"
အဲ စိုးစိုး ထိတ္ထိတ္ျပာျပာနဲ႔"မိမိုးရယ္ငါအေတာ္သိသာေနသလား? အမွန္ေတာ့ငါမေတာ္တေရာ္ေနရာမွာယားေနလို႔၊ ၂ရက္ေလာက္ရွိၿပီ၊ ပိုပိုဆိုးလာလို႔"
မိုးမိုးလည္း "အဲ့ဒါဆို ငါ့အစ္မ ဆရာဝန္နဲ႔တိုင္ပင္ၾကည့္ပါလား၊ ေက်ာင္းအျပန္အတူသြားမယ္ေလ၊ မိန္းကေလးခ်င္းဆိုေတာ့ နင္ေအးေဆးသာေဆြးေႏြးေပါ့" စိုးစိုးလည္း" ေအးပါဟယ္ ငါလဲ ေပ်ာက္ခ်င္ေနၿပီ"
ေက်ာင္းဆင္းေတာ့ သူငယ္ခ်င္း ၂ေယာက္ မိုးမိုးအမ ေဒါက္တာစုဆီ ခ်ီတက္ၾကေလသည္။
ဆရာဝန္မေလးက စိုးစိုးကို ၾကည့္ၿပီး ေနမေကာင္းပံုေပါက္မေနေတာ့
"လာ မိမိုးတို႔ လမ္းၾကံဳဝင္လည္တာလား?"
စိုးစိုးလည္း " မဟုတ္ပါဘူးေဒါက္တာ သမီးေတာ့ ဒုကၡပဲ မေတာ္တေရာ္ေနရာမွာယားေနတာ ေဆးခန္းလည္းမျပရဲ၊ ျပရင္လည္း ေအာက္ပိုင္းလွန္ၾကည့္မွာေၾကာက္၊ အျဖဴေတြကလည္းဆင္း၊အပ်ိဳျဖစ္ၿပီးဒါမ်ိဳးျဖစ္တတ္လားေဒါက္တာ??၊
"ျဖစ္တတ္ပါတယ္ ညီမေလး၊ မမအရင္ရွင္းျပမယ္ေနာ္"
"မိန္းမကိုယ္ယားရင္ အျဖဴဆင္းမဆင္းအရင္ေမးပါတယ္။ အျဖဴဆင္းရင္ Trichomonas ပိုးဝင္တာ၊ Candida မႈိစြဲတာျဖစ္ႏိုင္တယ္။ ရာသီမလာခင္ယားရင္ မႈိျဖစ္ႏိုင္ၿပီး၊ ရာသီလာၿပီးရင္ ပိုးဝင္တာပိုျဖစ္ႏိုင္တယ္။
Candida မႈိဆိုရင္ေတာ့
- ညဘက္၊ ညေနေစာင္းမွာပိုယားတတ္တယ္။
- ဒိန္ခဲလို အဖတ္အဖတ္ေတြ ေတြ႕ရတတ္တယ္။( အျဖဴဆင္းတယ္ပဲေခၚၾကပါတယ္)
- မိန္းမကိုယ္ဝန္းက်င္မွာ နီရဲၿပီး ေယာင္ေနတတ္ပါတယ္။
မႈိစြဲလြယ္ႏိုင္တဲ့အေနအထားေတြကေတာ့
- ကိုယ္ဝန္ေဆာင္ခ်ိန္
- ရာသီမလာခင္အခ်ိန္
- ဆီးခ်ိဳရွိခ်ိန္၊ ေသြးအားနည္းေနခ်ိန္၊
- ပိုးသတ္ေဆးေတြ တာရွည္ေသာက္ထားခ်ိန္
- ကိုယ္ခံအားနည္းေစတဲ့ေဆးေတြ၊ သေနၱတားေဆးေတြေသာက္ထားခ်ိန္
- ေအာက္ခံေဘာင္းဘီက်ပ္က်ပ္ဝတ္တတ္သူေတြမွာအျဖစ္မ်ားပါတယ္။
ေဆးကုသမႈအေနနဲ႔ကေတာ့
- မႈိသတ္ေဆးကို မိန္းမကိုယ္ထဲ ေဆးေတာင့္ထည့္တာ၊
- အေျခအေနေပၚမူတည္ၿပီး ေဆးတိုက္တာတို႔ကုသလို႔ရပါတယ္။
Trichomonas ပိုးဝင္ျခင္းမွာေတာ့
- ဒီပိုးက်ေတာ့ အိမ္ေထာင္သည္အခ်င္းခ်င္းကူးပါတယ္။
- လိင္ကတစ္ဆင့္ကူးစက္တတ္တယ္။ ေနာက္အသံုးအေဆာင္ပစၥည္းကတစ္ဆင့္ကူးတတ္တယ္။
- အျဖဴဆင္းတာကလည္း မ်ားတယ္၊ အနံ႔နံတယ္၊ တခါတခါ အညိဳေရာင္ေတြျဖစ္တတ္တယ္။
- မိန္းမကိုယ္ ေယာင္တယ္၊ နီတယ္။လိင္ဆက္ဆံရင္ နာက်င္လာတယ္။
- တျခား လိင္ကတစ္ဆင့္ကူးစက္တဲ့ေရာဂါေတြနဲ႔တြဲျဖစ္တတ္တယ္။
ေဆးကုသမႈကေတာ့
အိမ္ေထာင္ဖက္ေရာ၊ ျဖစ္တဲ့သူကိုပါ ပိုးသတ္ေဆး ၁ပတ္ေလာက္အထိ တိုက္ရပါတယ္။
ပိုးပဲဝင္ဝင္၊ မႈိပဲစြဲစြဲ အၾကမ္းဖ်င္းအားျဖင့္ေတာ့
- အတြင္းခံကို ေျခာက္ေအာင္ထားရမယ္။
- မိန္းမကိုယ္ကို ဆပ္ျပာရယ္၊ ေရရယ္နဲ႔ စင္ေအာင္ေဆးရမယ္။
- အတြင္းခံကို ေလဝင္ေလထြက္ေကာင္းတဲ့ ခ်ည္သားေလးေတြေရြးဝတ္သင့္တယ္။
စိုးစိုးေလးက အပ်ိဳဆိုေတာ့ မႈိစြဲတာျဖစ္ႏိုင္တာေပါ့၊ မမ လိုတဲ့ေဆးေတြေပးလိုက္မယ္ေနာ္။"
စိုးစိုးလည္း ဝင္းပတဲ့မ်က္ႏွာနဲ႔ "ခုမွပဲ စိတ္ခ်မ္းသာေတာ့တယ္ ေဒါက္တာရယ္။ ဒါနဲ႔ သမီးအမၾကေတာ့ အျဖဴမဆင္းပဲယားလို႔တဲ့ ၊ မမကိုလာပို႔ရင္း ေဒါက္တာဆီက က်န္းမာေရးဗဟုသုတေတြ တစ္ခါျပန္နားေထာင္ရမယ္"
ေဒါက္တာစုလည္း " ဟုတ္ကဲ့အခ်ိန္မေရြးလာပါရွင္" ေဆးခန္းေလးလည္း မိန္းမပ်ိဳေလးေတြ ရီသံနဲ႔ စိုျပည္လၽွက္
မယ္တင္( ေဆး ၁)