မမဗိုက်နှင့် ရှက်ရှက်မှာယားယံခြင်း
မမဗိုက်တစ်ယောက်မှာ ခန္တာကိုယ်အနှံ့အပြောင်းလဲကြီးပြောင်းလဲတာတွေအများကြီးပါ။ ကိုယ်ဝန်ပထမ ၃ လမှာ အန်မယ်။ ဒုတိယ ၃ လမှာ ဆီး ခဏခဏ သွားမယ်။ မွေးခါနီး ၃ လ ကျတော့ ဗိုက်အတော်ပူ လာပြီမို့ နေရခက်လာတယ်။ ခြေထောက်တွေယောင်လာမယ်။ အိပ်ရခက်လာတတ်ပါတယ်။ ဒါတွေအပြင် မျှော်လင့်မထားဘူးဆိုရင်တော့ ရှက်ရှက်မှာ ယားယံခြင်း ဖြစ်တဲ့အခါ တော်တော် စိတ်ကသိကအောက်နိုင်ပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်စဉ် ဒီလို မိန်းမကိုယ်ယားတယ်ဆိုတဲ့ ကိစ္စဟာ အဖြစ်များပါတယ်။
အဓိက အချက်၅ ချက်ကြောင့်ဖြစ်ရတာပါ။
၁) ကိုယ်ဝန်ဆောင်ချိန်မိန်းမကိုယ်ဟာ အရင်ထက်ပိုပြီးခြောက်သွေ့နေတတ်ပါတယ်။ဒီအရေပြားခြောက်သွေ့ခြင်းကပဲ ယားယံ မှုကိုဖြစ်စေတာပါ။
၂) ချွေးထွက်များခြင်း။ အရင်ချွေးသိပ်မထွက်တတ်တဲ့သူတောင် ကိုယ်ဝန်ဆောင်ချိန်ချွေးပိုထွက်တတ်ပါတယ်။ ဒါ့အပြင် ပူလာတဲ့ ဗိုက်အောက်နဲ့ပေါင်ကြား မိန်းမကိုယ်တစ်ဝှိက်ကပိုပြီး ချွေးတွေ စုနေတတ်ပါတယ်။ ဒီစုနေတဲ့ချွေးတွေက အတွင်းခံ၊ ဖုန်တွေနဲ့ ပွတ်တိုက်မှုဖြစ်ပြီးလည်း ယားယံတတ်ပါတယ်တဲ့။
၃) အသန့်လွန်သောကြောင့်ဖြစ်ခြင်း နားရှုပ်သွားမလားတော့မသိ။ မိန်းမကိုယ်ကို သန့်စေချင်ဇောနဲ့ အမွှေးနံ့ပြင်းတဲ့ ဆပ်ပြာအပြင်းတွေ၊ မိန်းမကျုယ်သန့်စင်ဆေးရည်တွေသုံးပြီးအလွန်အမင်းဆေးကြောခြင်းက ကိုယ်ဝန်ဆောင်ချိန်နုနယ်တဲ့အသားအရေကိုလောင်စေပြီး ယားယံစေပါတယ်။
၃) မိန်းမကိုယ် မှို ကပ်ညှိခြင်း ကိုယ်ဝန်မှာပြောင်းလဲတဲ့ ဟော်မုန်းတွေကြောင့် မိန်းမကိုယ်ပိုးမွှား ဝင်ရောက်ခြင်းကို အရင်လောက်မတားဆီးနိုင်တော့ပါဘူး။ ဒါကြောင့် အရင်ထက်စာရင် ပိုပြီး နုလာမယ်။ ပိုပြီး မှိုကပ်ညှိလွယ်လာပါတယ်။ မှိုကပ်ညှိမယ်ဆိုရင်တော့ ယားယံခြင်းအပြင် အဖြူဆင်းခြင်း( ဒိန်ခဲဖတ်ကဲ့သို့) တို့ပါ တွဲပြီးဖြစ်လေ့ရှိပါတယ်။
၄) ဘက်တီရီးယားပိုးဝင်ခြင်း ပုံမှန်ဘက်တီးရီးယားပိုးတွေဟာ မိန်းမကိုယ်နားတစ်ဝှိက်မှာ ရှိတတ်ပါတယ်။ ဒီပိုးလေးတွေက လမ်းကြောင်းမှားပြီး မိန်းမကိုယ်ထဲရောက်သွားမယ်ဆိုရင် မိန်းမကိုယ်ယားခြင်း။ ပူခြင်း ၊ အနံ့ပြင်းတဲ့အဖြူဆင်းခြင်းတို့ ဖြစ်စေပါတယ်။
၅) ဆီးကျင်ခြင်းကြောင့် မိန်းမကိုယ်ယားခြင်း ကိုယ်ဝန်ဆောင်ချိန်မှာဆီးပိုးဝင်ခြင်း၊ ဆီးပူ၊ ဆီးကျင်ခြင်းဟာ အခြားအချိန်တွေထက်ပိုအဖြစ်များပါတယ်။ ဒီလို ဆီးကျင်တဲ့အခါ ဆီးသွားရင်ပူတဲ့အောင့်တဲ့အပြင် မိန်းမကိုယ်မှာ ပူတာ ၊ နေရခက်တာ။ ယားတာတွေနဲ့ တွဲဖြစ်တတ် ပါတယ်။ အလွယ်တကူသက်သာဖို့ ခဏတာ လုပ်လို့ရတယ်နည်းလမ်းလေးတွေရှိပါတယ်။
- ချောင်ချိတဲ့ ချည်သားအတွင်းခံဝတ်ပါ။
- ပြင်းတဲ့ဆပ်ပြာတွေမသုံးပါနဲ။
- ဒိန်ချဉ်ပိုစားကေးပါ။
- ယားပြီး နီနေတဲ့နေရာကို ရေခဲ သန့်သန့်လေးကပ်ပေးပါ။
- တကယ်လို့ ပိုးဝင်လို့ယားတာဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီး တိကျတဲ့ကုသမှုခံယူမှပျောက်မှာဖြစ်ပါတယ်။
မယ်တင်(ဆေး ၁)
မမဗိုက္ႏွင့္ ရွက္ရွက္မွာယားယံျခင္း
မမဗိုက္တစ္ေယာက္မွာ ခနၱာကိုယ္အႏွံ႔အေျပာင္းလဲႀကီးေျပာင္းလဲတာေတြအမ်ားႀကီးပါ။ ကိုယ္ဝန္ပထမ ၃ လမွာ အန္မယ္။ ဒုတိယ ၃ လမွာ ဆီး ခဏခဏ သြားမယ္။ ေမြးခါနီး ၃ လ က်ေတာ့ ဗိုက္အေတာ္ပူ လာၿပီမို႔ ေနရခက္လာတယ္။ ေျခေထာက္ေတြေယာင္လာမယ္။ အိပ္ရခက္လာတတ္ပါတယ္။ ဒါေတြအျပင္ ေမၽွာ္လင့္မထားဘူးဆိုရင္ေတာ့ ရွက္ရွက္မွာ ယားယံျခင္း ျဖစ္တဲ့အခါ ေတာ္ေတာ္ စိတ္ကသိကေအာက္ႏိုင္ပါလိမ့္မယ္။ ကိုယ္ဝန္ေဆာင္စဥ္ ဒီလို မိန္းမကိုယ္ယားတယ္ဆိုတဲ့ ကိစၥဟာ အျဖစ္မ်ားပါတယ္။
အဓိက အခ်က္၅ ခ်က္ေၾကာင့္ျဖစ္ရတာပါ။
၁) ကိုယ္ဝန္ေဆာင္ခ်ိန္မိန္းမကိုယ္ဟာ အရင္ထက္ပိုၿပီးေျခာက္ေသြ႕ေနတတ္ပါတယ္။ဒီအေရျပားေျခာက္ေသြ႕ျခင္းကပဲ ယားယံ မႈကိုျဖစ္ေစတာပါ။
၂) ေခၽြးထြက္မ်ားျခင္း။ အရင္ေခၽြးသိပ္မထြက္တတ္တဲ့သူေတာင္ ကိုယ္ဝန္ေဆာင္ခ်ိန္ေခၽြးပိုထြက္တတ္ပါတယ္။ ဒါ့အျပင္ ပူလာတဲ့ ဗိုက္ေအာက္နဲ႔ေပါင္ၾကား မိန္းမကုိယ္တစ္ဝွိက္ကပိုၿပီး ေခၽြးေတြ စုေနတတ္ပါတယ္။ ဒီစုေနတဲ့ေခၽြးေတြက အတြင္းခံ၊ ဖုန္ေတြနဲ႔ ပြတ္တိုက္မႈျဖစ္ၿပီးလည္း ယားယံတတ္ပါတယ္တဲ့။
၃) အသန္႔လြန္ေသာေၾကာင့္ျဖစ္ျခင္း နားရႈပ္သြားမလားေတာ့မသိ။ မိန္းမကိုယ္ကို သန္႔ေစခ်င္ေဇာနဲ႔ အေမႊးနံ႔ျပင္းတဲ့ ဆပ္ျပာအျပင္းေတြ၊ မိန္းမက်ဳယ္သန္႔စင္ေဆးရည္ေတြသံုးၿပီးအလြန္အမင္းေဆးေၾကာျခင္းက ကိုယ္ဝန္ေဆာင္ခ်ိန္ႏုနယ္တဲ့အသားအေရကိုေလာင္ေစၿပီး ယားယံေစပါတယ္။
၃) မိန္းမကိုယ္ မႈိ ကပ္ညႇိျခင္း ကိုယ္ဝန္မွာေျပာင္းလဲတဲ့ ေဟာ္မုန္းေတြေၾကာင့္ မိန္းမကိုယ္ပိုးမႊား ဝင္ေရာက္ျခင္းကို အရင္ေလာက္မတားဆီးႏိုင္ေတာ့ပါဘူး။ ဒါေၾကာင့္ အရင္ထက္စာရင္ ပိုၿပီး ႏုလာမယ္။ ပိုၿပီး မႈိကပ္ညႇိလြယ္လာပါတယ္။ မႈိကပ္ညႇိမယ္ဆိုရင္ေတာ့ ယားယံျခင္းအျပင္ အျဖဴဆင္းျခင္း( ဒိန္ခဲဖတ္ကဲ့သို႔) တို႔ပါ တြဲၿပီးျဖစ္ေလ့ရွိပါတယ္။
၄) ဘက္တီရီးယားပိုးဝင္ျခင္း ပံုမွန္ဘက္တီးရီးယားပိုးေတြဟာ မိန္းမကိုယ္နားတစ္ဝွိက္မွာ ရွိတတ္ပါတယ္။ ဒီပိုးေလးေတြက လမ္းေၾကာင္းမွားၿပီး မိန္းမကိုယ္ထဲေရာက္သြားမယ္ဆိုရင္ မိန္းမကိုယ္ယားျခင္း။ ပူျခင္း ၊ အနံ႔ျပင္းတဲ့အျဖဴဆင္းျခင္းတို႔ ျဖစ္ေစပါတယ္။
၅) ဆီးက်င္ျခင္းေၾကာင့္ မိန္းမကိုယ္ယားျခင္း ကိုယ္ဝန္ေဆာင္ခ်ိန္မွာဆီးပိုးဝင္ျခင္း၊ ဆီးပူ၊ ဆီးက်င္ျခင္းဟာ အျခားအခ်ိန္ေတြထက္ပိုအျဖစ္မ်ားပါတယ္။ ဒီလို ဆီးက်င္တဲ့အခါ ဆီးသြားရင္ပူတဲ့ေအာင့္တဲ့အျပင္ မိန္းမကုိယ္မွာ ပူတာ ၊ ေနရခက္တာ။ ယားတာေတြနဲ႔ တြဲျဖစ္တတ္ ပါတယ္။ အလြယ္တကူသက္သာဖို႔ ခဏတာ လုပ္လို႔ရတယ္နည္းလမ္းေလးေတြရွိပါတယ္။
- ေခ်ာင္ခ်ိတဲ့ ခ်ည္သားအတြင္းခံဝတ္ပါ။
- ျပင္းတဲ့ဆပ္ျပာေတြမသံုးပါနဲ။
- ဒိန္ခ်ဥ္ပိုစားေကးပါ။
- ယားၿပီး နီေနတဲ့ေနရာကို ေရခဲ သန္႔သန္႔ေလးကပ္ေပးပါ။
- တကယ္လို႔ ပိုးဝင္လို႔ယားတာဆိုရင္ ဆရာဝန္နဲ႔တိုင္ပင္ၿပီး တိက်တဲ့ကုသမႈခံယူမွေပ်ာက္မွာျဖစ္ပါတယ္။
မယ္တင္(ေဆး ၁)