ခြောက်လျှင် နာတတ်ပါသည်။
ဒီ စကားက အတည်ပြောတာနော်။ သဘာဝအရ စိုသင့်တာလေးတွေက စိုမှ အဆင်ပြေတာရှင့်။မျက်လုံးတို့ နှုတ်ခမ်းတို့ကိုပဲ ကြည့် စိုစိုလေးဖြစ်နေမှ ကြည့်လို့လည်းလှတယ်။ နေလို့လည်းအဆင်ပြေတယ်။ရောဂါလည်းမဝင်ဘူး။ မျက်လုံးခြောက်ရင်ဖြစ်ဖြစ် နှုတ်ခမ်းခြောက်ရင်ပဲဖြစ်ဖြစ် နေရတာအဆင်မပြေနိုင်တော့ပါဘူး။ဒီလိုပဲ ခန္တာကိုယ်မှာ စိုနေမှအဆင်ပြေတဲ့နေရာရှိပါတယ်။ ဒါကတော့ မိန်းမကိုယ်အတွင်းသားပါ။မိန်းမကိုယ်ဟာ ချောမွေ့တဲ့ စိုစွတ်တဲ့အတွင်းသားနဲ့ဖွဲ့စည်းတည်ဆောက်ထားပါတယ်။မိန်းမကိုယ်ချောမွေ့စိုစွတ်ခြင်းမရှိဘဲ ခြောက်သွေ့လာတဲ့အခါမှာတော့
_ မိန်းမကိုယ်အသားတွေပူလာပါတယ်
_ လိင်မှုကိစ္စကို စိတ်မပါတော့ပါဘူး
_ လိင်ဆက်ဆံတဲ့အခါ သွေးထွက်တတ်ပါတယ်
_ ဆီးလမ်းကြောင်းပိုးဝင်ခြင်းမကြာခဏဖြစ်ပါတယ်
_ မိန်းမကိုယ်ယားယံခြင်းလည်းဖြစ်စေနိုင်ပါတယ်။မိန်းမကိုယ်ခြောက်သွေ့ခြင်းဖြစ်စေတဲ့အကြောင်းတွေအများကြီးရှ်ပါတယ်။
၁) နို့တိုက်နေသူတွေ
၂) ဆေးလိပ်သောက်သူတွေ
၃) စိတ်ကျဝေဒနာခံစားနေရသူတွေ
၄) စိတ်ဖိစီးမှုအလွန်များသူတွေ
၅) ကင်ဆာကုသမှုခံယူထားသူတွေ
၆) မမျိုးဥအိမ်ထုတ်ထားသးတွေ
၇) သွေးဆုံးပြီးအမျိုးသမီးတွေမှာတွေ့ရတတ်ပါတယ်။
ဖြစ်ရတဲ့အဓိကအကြောင်းရင်းက မိန်းကလေးဟော်မုန်း အီစတိုဂျင်နည်းလို့ဖြစ်တာကြောင့် သွေးဆုံးပြီးအမျိုးသမီးတွေမှာ အများဆုံးဖြစ်တတ်တဲ့ပြသနာပါ။
မိန်းမကိုယ်ခြောက်သွေ့ခြင်းကို မကုသဘဲထားမယ်ဆိုရင်တော့ မိန်းမကိုယ်နှုတ်ခမ်းသားတွေကွဲလာတာ၊ နီပြီးယောင်လာတာတွေဖြစ်လာနိုင်ပါတယ်။
မိန်းမကိုယ်ခြောက်သွေ့ခြင်းဟာကုသလို့ရပါတယ်။ဆရာဝန်တွေက ဒီလက္ခဏာတွေသက်သာအောင် အီစတိုဂျင်ပါတဲ့ Cream, Gel;
ဆေး စတာတွေပေးပြီး သက်သာအောင်လုပ်ပေးနိုင်ပါတယ်။
မယ်တင်( ဆေး ၁)
ေျခာက္လၽွင္ နာတတ္ပါသည္။
ဒီ စကားက အတည္ေျပာတာေနာ္။ သဘာဝအရ စိုသင့္တာေလးေတြက စိုမွ အဆင္ေျပတာရွင့္။မ်က္လံုးတို႔ ႏႈတ္ခမ္းတို႔ကိုပဲ ၾကည့္ စိုစိုေလးျဖစ္ေနမွ ၾကည့္လို႔လည္းလွတယ္။ ေနလို႔လည္းအဆင္ေျပတယ္။ေရာဂါလည္းမဝင္ဘူး။ မ်က္လံုးေျခာက္ရင္ျဖစ္ျဖစ္ ႏႈတ္ခမ္းေျခာက္ရင္ပဲျဖစ္ျဖစ္ ေနရတာအဆင္မေျပႏိုင္ေတာ့ပါဘူး။ဒီလိုပဲ ခနၱာကိုယ္မွာ စိုေနမွအဆင္ေျပတဲ့ေနရာရွိပါတယ္။ ဒါကေတာ့ မိန္းမကိုယ္အတြင္းသားပါ။မိန္းမကိုယ္ဟာ ေခ်ာေမြ႕တဲ့ စိုစြတ္တဲ့အတြင္းသားနဲ႔ဖြဲ႕စည္းတည္ေဆာက္ထားပါတယ္။မိန္းမကိုယ္ေခ်ာေမြ႕စိုစြတ္ျခင္းမရွိဘဲ ေျခာက္ေသြ႕လာတဲ့အခါမွာေတာ့
_ မိန္းမကုိယ္အသားေတြပူလာပါတယ္
_ လိင္မႈကိစၥကို စိတ္မပါေတာ့ပါဘူး
_ လိင္ဆက္ဆံတဲ့အခါ ေသြးထြက္တတ္ပါတယ္
_ ဆီးလမ္းေၾကာင္းပိုးဝင္ျခင္းမၾကာခဏျဖစ္ပါတယ္
_ မိန္းမကိုယ္ယားယံျခင္းလည္းျဖစ္ေစႏိုင္ပါတယ္။မိန္းမကိုယ္ေျခာက္ေသြ႕ျခင္းျဖစ္ေစတဲ့အေၾကာင္းေတြအမ်ားႀကီးရွ္ပါတယ္။
၁) ႏို႔တိုက္ေနသူေတြ
၂) ေဆးလိပ္ေသာက္သူေတြ
၃) စိတ္က်ေဝဒနာခံစားေနရသူေတြ
၄) စိတ္ဖိစီးမႈအလြန္မ်ားသူေတြ
၅) ကင္ဆာကုသမႈခံယူထားသူေတြ
၆) မမ်ိဳးဥအိမ္ထုတ္ထားသးေတြ
၇) ေသြးဆံုးၿပီးအမ်ိဳးသမီးေတြမွာေတြ႕ရတတ္ပါတယ္။
ျဖစ္ရတဲ့အဓိကအေၾကာင္းရင္းက မိန္းကေလးေဟာ္မုန္း အီစတိုဂ်င္နည္းလို႔ျဖစ္တာေၾကာင့္ ေသြးဆံုးၿပီးအမ်ိဳးသမီးေတြမွာ အမ်ားဆံုးျဖစ္တတ္တဲ့ျပသနာပါ။
မိန္းမကိုယ္ေျခာက္ေသြ႕ျခင္းကို မကုသဘဲထားမယ္ဆိုရင္ေတာ့ မိန္းမကိုယ္ႏႈတ္ခမ္းသားေတြကြဲလာတာ၊ နီၿပီးေယာင္လာတာေတြျဖစ္လာႏိုင္ပါတယ္။
မိန္းမကိုယ္ေျခာက္ေသြ႕ျခင္းဟာကုသလို႔ရပါတယ္။ဆရာဝန္ေတြက ဒီလကၡဏာေတြသက္သာေအာင္ အီစတိုဂ်င္ပါတဲ့ Cream, Gel;
ေဆး စတာေတြေပးၿပီး သက္သာေအာင္လုပ္ေပးႏိုင္ပါတယ္။
မယ္တင္( ေဆး ၁)