ကလေးမွေးပြီး ဘယ်လောက်အကြာထိသွေးဆင်းနိုင်လဲ
ကလေးမွေးဖွားပြီး မိန်းမကိုယ်မှသွေးဆင်းတယ်ဆိုတာ သဘာဝဖြစ်ရိုးဖြစ်စဉ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီလိုသွေးဆင်းရတာဟာ ရင်သွေးငယ် မိခင်ဝမ်းထဲမှာရှိစဉ်အခါ ကလေးငယ်လေး ကြီးထွားဖို့အတွက် ကူညီပေးခဲ့တဲ့ သားအိမ်ထဲက တစ်ရှူးအပိုင်းအစတစ်ချို့နဲ့ သွေးတွေကို ကလေးမွေးဖွားပြီးနောက်မှာ သားအိမ်ကပြန်လည်ရှင်းထုတ်နေလို့ပဲ ဖြစ်ပါတယ်။
ကလေးမွေးဖွားပြီးနောက်မှာ lochia လို့ခေါ်တဲ့ သွေး၊ တစ်ရှူးစအနည်းငယ်နဲ့ အကျိအချွဲတစ်ချို့ဟာ ၁၀ရက်ခန့်လောက်ထိ ဆင်းနိုင်ပါတယ်။ မတ်တပ်ရပ်တဲ့အချိန်၊ လှုပ်ရှားမှုများတဲ့အချိန် နဲ့ အလေးအပေါ့ညှစ်တဲ့အချိန်မျိုးမှာ ပိုသွေးဆင်းတတ်ပါတယ်။ သွေးဆင်းခြင်းဟာ တဖြည်းဖြည်းနဲ့ အရောင်ဖျော့လာကာ အနီရောင်မှ ပန်းရောင်၊ ပန်းရောင်မှ အဝါ (သို့) အဖြူရောင် အကျိအချွဲအဖြစ်တဖြည်းဖြည်း ပြောင်းလဲလာပါတယ်။ စွန်းပေရုံလောက် သွေးဆင်းခြင်းတွေကတော့ မွေးဖွားပြီး ၄ပတ်ကနေ ၆ပတ်အထိ ဖြစ်နိုင်ပါတယ်။
ဘက်တီးရီးယားပိုးဝင်ခြင်းမှ ကင်းဝေးစေရန် မွေးဖွားပြီး ပထမ၆ပတ်အတွင်း Tampon ကဲ့သို့ မိန်းမကိုယ်တွင်းထိုးသွင်းရတဲ့ ပစ္စည်းမျိုး မသုံးသင့်ပါဘူး။ ဆေးရုံသုံး (သို့) ပိုးသတ်ပြီး အမျိုးသမီးလစဉ်သုံးပစ္စည်း (pad)များအသုံးပြုနိုင်ပါတယ်။ Pad များကိုပုံမှန်လဲလှယ်ပေးဖို့လည်း မမေ့သင့်ပါ။
ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း၊ လှုပ်ရှားမှုများပြုလုပ်ပါက သွေးဆင်းချိန်ပိုကြာတတ်ပါတယ်။ ဒါကြောင့် ပြင်းထန်တဲ့ လှုပ်ရှားမှုများ သိပ်မလုပ်ဘဲ မီးတွင်းကာလအတွင်း သက်တောင့်သက်သာနေသင့်ပါတယ်။
အောက်ပါအခြေအနေတွေ ဖြစ်လာရင်တော့ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။
-မွေးပြီး၃ ရက်ကျော်အထိ အနီရောင်သွေးများ အများအပြားဆင်းခြင်း
-သွေးခဲ အမြောက်အများဆင်းခြင်း
-သွေးဆင်းခြင်း တဖြည်းဖြည်း လျော့နည်းမလာခြင်း
-၁နာရီအတွင်း pad တစ်ခုလုံး ရွှဲနစ်နေခြင်း
-အမြင်အာရုံ ဝေဝါးလာခြင်း
-ရင်တုန်ခြင်း
-ခြေ၊လက်များ အေးစက်တုန်ယင်လာခြင်း
-မူးဝေခြင်း
-အော့အန်ခြင်း တို့ဖြစ်ပါက သက်ဆိုင်ရာ သားဖွားမီးယပ်ဆရာဝန်နှင့် အမြန်ဆုံး သွားရောက်ပြသသင့်ပါတယ်။
ကျန်းမာလှပသော ဘဝတစ်ခု ပိုင်ဆိုင်စေရန် ရည်ရွယ်လျက်
ပွင့်ရည်(ဆေး၂)
ကေလးေမြးၿပီး ဘယ္ေလာက္အၾကာထိေသြးဆင္းႏိုင္လဲ
ကေလးေမြးဖြားၿပီး မိန္းမကိုယ္မွေသြးဆင္းတယ္ဆိုတာ သဘာဝျဖစ္႐ိုးျဖစ္စဥ္တစ္ခုပဲ ျဖစ္ပါတယ္။ ဒီလိုေသြးဆင္းရတာဟာ ရင္ေသြးငယ္ မိခင္ဝမ္းထဲမွာရိွစဥ္အခါ ကေလးငယ္ေလး ႀကီးထြားဖို႔အတြက္ ကူညီေပးခဲ့တဲ့ သားအိမ္ထဲက တစ္႐ွဴးအပိုင္းအစတစ္ခ်ိဳ႕နဲ႔ ေသြးေတြကို ကေလးေမြးဖြားၿပီးေနာက္မွာ သားအိမ္ကျပန္လည္႐ွင္းထုတ္ေနလို႔ပဲ ျဖစ္ပါတယ္။
ကေလးေမြးဖြားၿပီးေနာက္မွာ lochia လို႔ေခၚတဲ့ ေသြး၊ တစ္႐ွဴးစအနည္းငယ္နဲ႔ အက်ိအခြၽဲတစ္ခ်ိဳ႕ဟာ ၁၀ရက္ခန္႔ေလာက္ထိ ဆင္းႏိုင္ပါတယ္။ မတ္တပ္ရပ္တဲ့အခ်ိန္၊ လႈပ္႐ွားမႈမ်ားတဲ့အခ်ိန္ နဲ႔ အေလးအေပါ့ညႇစ္တဲ့အခ်ိန္မ်ိဳးမွာ ပိုေသြးဆင္းတတ္ပါတယ္။ ေသြးဆင္းျခင္းဟာ တျဖည္းျဖည္းနဲ႔ အေရာင္ေဖ်ာ့လာကာ အနီေရာင္မွ ပန္းေရာင္၊ ပန္းေရာင္မွ အဝါ (သို႔) အျဖဴေရာင္ အက်ိအခြၽဲအျဖစ္တျဖည္းျဖည္း ေျပာင္းလဲလာပါတယ္။ စြန္းေပရံုေလာက္ ေသြးဆင္းျခင္းေတြကေတာ့ ေမြးဖြားၿပီး ၄ပတ္ကေန ၆ပတ္အထိ ျဖစ္ႏိုင္ပါတယ္။
ဘက္တီးရီးယားပိုးဝင္ျခင္းမွ ကင္းေဝးေစရန္ ေမြးဖြားၿပီး ပထမ၆ပတ္အတြင္း Tampon ကဲ့သို႔ မိန္းမကိုယ္တြင္းထိုးသြင္းရတဲ့ ပစၥည္းမ်ိဳး မသံုးသင့္ပါဘူး။ ေဆးရံုသံုး (သို႔) ပိုးသတ္ၿပီး အမ်ိဳးသမီးလစဥ္သံုးပစၥည္း (pad)မ်ားအသံုးျပဳႏိုင္ပါတယ္။ Pad မ်ားကိုပံုမွန္လဲလွယ္ေပးဖို႔လည္း မေမ့သင့္ပါ။
ျပင္းျပင္းထန္ထန္ ေလ့က်င့္ခန္း၊ လႈပ္႐ွားမႈမ်ားျပဳလုပ္ပါက ေသြးဆင္းခ်ိန္ပိုၾကာတတ္ပါတယ္။ ဒါေၾကာင့္ ျပင္းထန္တဲ့ လႈပ္႐ွားမႈမ်ား သိပ္မလုပ္ဘဲ မီးတြင္းကာလအတြင္း သက္ေတာင့္သက္သာေနသင့္ပါတယ္။
ေအာက္ပါအေျခအေနေတြ ျဖစ္လာရင္ေတာ့ ဆရာဝန္နဲ႔ သြားေရာက္ျပသသင့္ပါတယ္။
-ေမြးၿပီး၃ ရက္ေက်ာ္အထိ အနီေရာင္ေသြးမ်ား အမ်ားအျပားဆင္းျခင္း
-ေသြးခဲ အေျမာက္အမ်ားဆင္းျခင္း
-ေသြးဆင္းျခင္း တျဖည္းျဖည္း ေလ်ာ့နည္းမလာျခင္း
-၁နာရီအတြင္း pad တစ္ခုလံုး ရႊဲနစ္ေနျခင္း
-အျမင္အာရံု ေဝဝါးလာျခင္း
-ရင္တုန္ျခင္း
-ေျခ၊လက္မ်ား ေအးစက္တုန္ယင္လာျခင္း
-မူးေဝျခင္း
-ေအာ့အန္ျခင္း တို႔ျဖစ္ပါက သက္ဆိုင္ရာ သားဖြားမီးယပ္ဆရာဝန္ႏွင့္ အျမန္္ဆံုး သြားေရာက္ျပသသင့္ပါတယ္။
က်န္းမာလွပေသာ ဘဝတစ္ခု ပိုင္ဆိုင္ေစရန္ ရည္ရြယ္လ်က္
ပြင့္ရည္(ေဆး၂)