”သားအိမ်ကျွံခြင်း”

လွန်ခဲ့တဲ့နှစ်ရက်က ဆေးခန်းကို လူနာအမျိုးသမီးကြီးတစ်ဦး လာပါတယ်။ အသက်က ခြောက်ဆယ့်ငါးနှစ်ပါ။ သူ့ရဲ့မိန်းမကိုယ်အဝမှာ ကိုယ်တွင်းအင်္ဂါတစ်ခုကျွံကျသလို တစ်ဆို့နေတာ တစ်နှစ်လောက်ရှိပြီလို့ ပြောပါတယ်။ သူက ကလေးခုနစ်ယောက်မွေးဖူးပါတယ်တဲ့။ လူနာကို ရောဂါရာဇဝင်မေးပြီး စမ်းသပ်ကြည့်တဲ့အခါမှာ သားအိမ်ကျွံခြင်း ဖြစ်နေတာတွေ့ရပါတယ်။

သားအိမ်ကျွံခြင်းဟာ အသက်အရွယ်ကြီးရင့်တဲ့ အမျိုးသမီးကြီးတွေနဲ့ ကလေးအများကြီးမွေးဖူးတဲ့ အမျိုးသမီးတွေမှာဖြစ်တတ်ပါတယ်။ ခွဲမွေးတာမဟုတ်ဘဲ သားသမီးများစွာကို ရိုးရိုးမီးဖွားခဲ့ခြင်းဟာ
တင်ပဆုံမှာရှိတဲ့ကြွက်သားတွေ၊သားအိမ်နဲ့တွယ်ဆက်ထားတဲ့ အရွတ်တွေ၊အာရုံကြောတွေကို ယိုယွင်းစေပါတယ်။

*သားအိမ်ကျွံတဲ့အခါမှာ

-မိန်းမကိုယ်အဝမှာ အရာတစ်ခုကျဆင်းလာပြီး တစ်ဆို့နေပါမယ်။

-ခါးနာခြင်း (တင်ပဆုံနားကတွယ်ဆက်အရွတ် Pelvic Ligament ကို ဆွဲချသလိုဖြစ်တာကြောင့် မတ်တပ်ရပ်ရင် ပိုနာပါတယ်။ လှဲအိပ်ရင်တော့ သက်သာတတ်ပါတယ်။)

-သွေးလွှတ်ကြောတွေက လုံလောက်အောင်သွေးမပို့နိုင်တဲ့အခါ Decubitus ulcer လို့ခေါ်တဲ့ အနာဖြစ်ပြီး သွေး၊ပြည်တွေဆင်းနိုင်ပါတယ်။

-အဖြူဆင်းခြင်း

-လိင်ဆက်ဆံလျှင် မခံရပ်နိုင်အောင် အလွန်နာကျင်ခြင်း

-ဆီးခဏခဏသွားခြင်း၊ ဆီးသွားလျှင်တစ်စက်တစ်စက်ဖြစ်ခြင်း၊ ဆီးသွားလျှင်မဝခြင်း၊ ဆီးမထိန်းနိုင်ခြင်း

-ဝမ်းသွားရခက်ခဲခြင်း၊ စအိုကွဲခြင်း၊ ဝမ်းသွားရခက်လွန်းသဖြင့် လက်ဖြင့်ပင်နှိုက်ယူရခြင်း
စတဲ့ ရောဂါလက္ခဏာတွေဖြစ်တတ်ပါတယ်။

ဘယ်လိုကုသကြမလဲ?

-ခွဲစိတ်ကုသမှုခံယူခြင်း(Vaginal Hysterectomy)

-သားအိမ်ကျွံခြင်းကို သားရေကွင်းဖြင့်ပြန်လည်ပြုပြင်ကုသခြင်း ( Ring Pessary, Hodge Pessary) စတာတွေနဲ့ကုသမှုခံယူလို့ရပါတယ်။

မကုသဘဲထားရင် ဖြစ်မယ့်နောက်ဆက်တွဲဆိုးကျိုးတွေကတော့

-ကျွံနေတဲ့အသားဟာ လေနဲ့ထိတွေ့ခြင်း၊တစ်ခုခုနဲ့ ထိခိုက်မိတတ်ခြင်းတို့ကြောင့် မိန်းမကိုယ်ဟာ အသားတက်သလို ဖြူပြီးမာလာခြင်း (Keratinization of vagina)

-သွေးလည်ပတ်မှုကောင်းကောင်းမရတာကြောင့် အနာဖြစ်နိုင်ခြင်း (Decubitus Ulcer)

-အနာမှသွေးများ၊ပြည်များထွက်ခြင်း

-ဆွဲဆန့်သလိုဖြစ်နေခြင်းနဲ့ သွေးစုပြီးရောင်လာသောကြောင့် သားအိမ်ခေါင်းကြီးလာခြင်း

-ဆီးလမ်းကြောင်းမှတစ်ဆင့်ပိုးဝင်ခြင်း ၊ ဆီးပြွန်ခေါက်ခြင်း ဖြစ်တတ်သဖြင့် ကျောက်ကပ်ထဲရေစုခြင်း၊ ဆီးလမ်းကြောင်းထဲ ရေများစုခြင်း

-အလွန်ဆိုးဝါးလာလျှင် ကျောက်ကပ်ပျက်စီးခြင်း တို့ဖြစ်တတ်ပါတယ်။

ဒါကြောင့် သားအိမ်ကျွံခြင်း ဖြစ်လာခဲ့ရင် ဆေးရုံ၊ဆေးခန်းသွားပြီး သင့်လျော်တဲ့ ဆေးကုသမှုကိုခံယူသင့်ပါတယ်လို့ ရေးသားဖော်ပြလိုက်ရပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)

”သားအိမ္ကြ်ံျခင္း”

လြန္ခဲ့တဲ့ႏွစ္ရက္က ေဆးခန္းကို လူနာအမ်ိဳးသမီးႀကီးတစ္ဦး လာပါတယ္။ အသက္က ေျခာက္ဆယ့္ငါးႏွစ္ပါ။ သူ႔ရဲ႕မိန္းမကိုယ္အဝမွာ ကိုယ္တြင္းအဂၤါတစ္ခုကြ်ံက်သလို တစ္ဆို႔ေနတာ တစ္ႏွစ္ေလာက္ရွိၿပီလို႔ ေျပာပါတယ္။ သူက ကေလးခုနစ္ေယာက္ေမြးဖူးပါတယ္တဲ့။ လူနာကို ေရာဂါရာဇဝင္ေမးၿပီး စမ္းသပ္ၾကည့္တဲ့အခါမွာ သားအိမ္ကြ်ံျခင္း ျဖစ္ေနတာေတြ႕ရပါတယ္။

သားအိမ္ကြ်ံျခင္းဟာ အသက္အရြယ္ႀကီးရင့္တဲ့ အမ်ိဳးသမီးႀကီးေတြနဲ႔ ကေလးအမ်ားႀကီးေမြးဖူးတဲ့ အမ်ိဳးသမီးေတြမွာျဖစ္တတ္ပါတယ္။ ခြဲေမြးတာမဟုတ္ဘဲ သားသမီးမ်ားစြာကို ႐ိုး႐ိုးမီးဖြားခဲ့ျခင္းဟာ
တင္ပဆံုမွာရွိတဲ့ႂကြက္သားေတြ၊သားအိမ္နဲ႔တြယ္ဆက္ထားတဲ့ အရြတ္ေတြ၊အာရံုေၾကာေတြကို ယိုယြင္းေစပါတယ္။

*သားအိမ္ကြ်ံတဲ့အခါမွာ

-မိန္းမကိုယ္အဝမွာ အရာတစ္ခုက်ဆင္းလာၿပီး တစ္ဆို႔ေနပါမယ္။

-ခါးနာျခင္း (တင္ပဆံုနားကတြယ္ဆက္အရြတ္ Pelvic Ligament ကို ဆြဲခ်သလိုျဖစ္တာေၾကာင့္ မတ္တပ္ရပ္ရင္ ပိုနာပါတယ္။ လွဲအိပ္ရင္ေတာ့ သက္သာတတ္ပါတယ္။)

-ေသြးလႊတ္ေၾကာေတြက လံုေလာက္ေအာင္ေသြးမပို႔ႏိုင္တဲ့အခါ Decubitus ulcer လို႔ေခၚတဲ့ အနာျဖစ္ၿပီး ေသြး၊ျပည္ေတြဆင္းႏိုင္ပါတယ္။

-အျဖဴဆင္းျခင္း

-လိင္ဆက္ဆံလွ်င္ မခံရပ္ႏိုင္ေအာင္ အလြန္နာက်င္ျခင္း

-ဆီးခဏခဏသြားျခင္း၊ ဆီးသြားလွ်င္တစ္စက္တစ္စက္ျဖစ္ျခင္း၊ ဆီးသြားလွ်င္မဝျခင္း၊ ဆီးမထိန္းႏိုင္ျခင္း

-ဝမ္းသြားရခက္ခဲျခင္း၊ စအိုကြဲျခင္း၊ ဝမ္းသြားရခက္လြန္းသျဖင့္ လက္ျဖင့္ပင္နွိုက္ယူရျခင္း
စတဲ့ ေရာဂါလကၡဏာေတြျဖစ္တတ္ပါတယ္။

ဘယ္လိုကုသၾကမလဲ?

-ခြဲစိတ္ကုသမႈခံယူျခင္း(Vaginal Hysterectomy)

-သားအိမ္ကြ်ံျခင္းကို သားေရကြင္းျဖင့္ျပန္လည္ျပဳျပင္ကုသျခင္း ( Ring Pessary, Hodge Pessary) စတာေတြနဲ႔ကုသမႈခံယူလို႔ရပါတယ္။

မကုသဘဲထားရင္ ျဖစ္မယ့္ေနာက္ဆက္တြဲဆိုးက်ိဳးေတြကေတာ့

-ကြ်ံေနတဲ့အသားဟာ ေလနဲ႔ထိေတြ႕ျခင္း၊တစ္ခုခုနဲ႔ ထိခိုက္မိတတ္ျခင္းတို႔ေၾကာင့္ မိန္းမကိုယ္ဟာ အသားတက္သလို ျဖဴၿပီးမာလာျခင္း (Keratinization of vagina)

-ေသြးလည္ပတ္မႈေကာင္းေကာင္းမရတာေၾကာင့္ အနာျဖစ္ႏိုင္ျခင္း (Decubitus Ulcer)

-အနာမွေသြးမ်ား၊ျပည္မ်ားထြက္ျခင္း

-ဆြဲဆန္႔သလိုျဖစ္ေနျခင္းနဲ႔ ေသြးစုၿပီးေရာင္လာေသာေၾကာင့္ သားအိမ္ေခါင္းႀကီးလာျခင္း

-ဆီးလမ္းေၾကာင္းမွတစ္ဆင့္ပိုးဝင္ျခင္း ၊ ဆီးႁပြန္ေခါက္ျခင္း ျဖစ္တတ္သျဖင့္ ေက်ာက္ကပ္ထဲေရစုျခင္း၊ ဆီးလမ္းေၾကာင္းထဲ ေရမ်ားစုျခင္း

-အလြန္ဆိုးဝါးလာလွ်င္ ေက်ာက္ကပ္ပ်က္စီးျခင္း တို႔ုျဖစ္တတ္ပါတယ္။

ဒါေၾကာင့္ သားအိမ္ကြ်ံျခင္း ျဖစ္လာခဲ့ရင္ ေဆးရံု၊ေဆးခန္းသြားၿပီး သင့္ေလ်ာ္တဲ့ ေဆးကုသမႈကိုခံယူသင့္ပါတယ္လို႔ ေရးသားေဖာ္ျပလိုက္ရပါတယ္။

အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။

ေမာင္(ေဆး-၁)

Related posts
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

မေမေတို့အတွက် အမြွှာပူး ရနိုင်သောအခြေအနေများ

1 Mins read
အမြွှာဖြစ်ရခြင်းဟာ မျိုးရိုးဗီဇ၊ ဟော်မုန်းဓာတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ ပေါင်းစပ်လွှမ်းမိုးထားတာ ဖြစ်ပြီး အမြွှာကလေးရစေမယ့် အာမခံချက် သို့မဟုတ် အမြွှာရဖို့ ထိန်းချုပ်နိုင်သော အရာဆိုပြီး မရှိပါဘူး။ အမြွှာပူး ဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ အကြောင်းရင်းအချို့ရှိပေမယ့် အမြွှာရဖို့ သေချာစေတဲ့ နည်းလမ်း မရှိဘူး ဆိုတာ…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…

Leave a Reply

Your email address will not be published. Required fields are marked *