သားအိမ်ကျတယ်ဆိုတာ ဘာလဲ သင်ကြာဖူးပြီးပီလား?
အဖွားတို့၊ အမေတို့ပြောလေ့ရှိပါတယ်။
ဆီးကျန်သလိုဖြစ်တာ၊ မွေးလမ်းကြောင်းမှာ တစ်ဆို့ဆို့ဖြစ်နေတာမျိုးဆို ” ညည်း သားအိမ်ကျနေပြီ ထင်တယ် ” ဆိုတာမျိုး….
ဒါဆို သားအိမ်ကျတယ်ဆိုတာဘာလဲ?
ပုံမှန်သဘာဝအားဖြင့် သားအိမ်ကို မွေးလမ်းကြောင်းကြွက်သားမျှင်တွေက တင်ပဆုံကွင်းထဲ နေရာတကျဖြစ်အောင် ပံ့ပိုးပေးထားပါတယ်။
ဒီပံ့ပိုးထားတဲ့ မွေးလမ်းကြောင်းကြွက်သားတွေ အားနည်းလာတဲ့အခါ သားအိမ်ဟာ မွေးလမ်းကြောင်းထဲ ကျွံကျလာပြီး သားအိမ်ကျတယ်ဆိုပြီး ဖြစ်ပါတယ်။
ဘယ်အရွယ်မှာဖြစ်နိုင်လဲ?
အရွယ်မရွေးဖြစ်တတ်ပေမယ့် သွေးဆုံးပြီး ဟော်မုန်းနည်းချိန်မှာ ပိုအဖြစ်များပါတယ်။
မိန်းမတိုင်းဖြစ်မှာလား?
မဟုတ်ပါဘူး။
၁) ကလေးထွားထွားမွေးထားသူ
၂) ကလေးများများမွေးထားသူ
၃) ညှပ်ဆွဲ၊ လေစုပ်ပြီး ခက်ခဲစွာမွေးထားရသူ
၄) အဝလွန်သူ
၅) ကာလတာရှည်ဝမ်းချုပ်သူ
၆) ကာလတာရှည် ချောင်းဆိုးသူ
၇)အလေးအပင် မ ရသူများ
ဘာလက္ခဏာတွေပြမှာလဲ?
မွေးလမ်းကြောင်းမှာ တစ်ဆို့ဆို့(အလေးတစ်ခုခုဆွဲထားသလို)
မွေးလမ်းကြောင်းမှ အသားပိုကဲ့သို့ထွက်လာခြင်း
ဆီးမထိန်းနိုင်ခြင်း၊ ဆီးမကုန်သလိုခံစားရခြင်း
ဝမ်းသွားလျှင် ကျန်နေသကဲ့သို့ခံစားရခြင်း
အလွန် ပြင်းထန်သောသားအိမ်ကျခြင်းမျိုးတွင်
ကျွံထွက်လာသော သားအိမ်အသားပို နံရံတွင် အနာဖြစ်ခြင်း၊ မွေးလမ်းကြောင်းထဲ သို့ သားအိမ်ပြန်သွင်းမရခြင်း တို့ထိဖြစ်တတ်ပါသည်။
ကုသလို့ရပါသလား?
ပြင်းထန်မှုပေါ်မူတည်၍ သားဖွားမီးယပ်ဆရာဝန် လမ်းညွန်ချက်ဖြင့် လေ့ကျင့်ခန်း လုပ်၍ကုသခြင်း
သားအိမ်တွင်း နေရာကျစေရန်( ကွင်း) ထည့်၍ ကုသခြင်း ၊ ခွဲစိတ်ပြုပြင်ကုသခြင်းတို့ လုပ်နိုင်ပါသည်။
မယ်တင်(ဆေး ၁)
သားအိမ္က်တယ္ဆိုတာ ဘာလဲ သင္ၾကာဖူးၿပီးပီလား?
အဖြားတို႔၊ အေမတို႔ေျပာေလ့ရွိပါတယ္။
ဆီးက်န္သလိုျဖစ္တာ၊ ေမြးလမ္းေၾကာင္းမွာ တစ္ဆို႔ဆို႔ျဖစ္ေနတာမ်ိဳးဆို ” ညည္း သားအိမ္က်ေနၿပီ ထင္တယ္ ” ဆိုတာမ်ိဳး….
ဒါဆို သားအိမ္က်တယ္ဆိုတာဘာလဲ?
ပံုမွန္သဘာဝအားျဖင့္ သားအိမ္ကို ေမြးလမ္းေၾကာင္းႂကြက္သားမၽွင္ေတြက တင္ပဆံုကြင္းထဲ ေနရာတက်ျဖစ္ေအာင္ ပံ့ပိုးေပးထားပါတယ္။
ဒီပံ့ပိုးထားတဲ့ ေမြးလမ္းေၾကာင္းႂကြက္သားေတြ အားနည္းလာတဲ့အခါ သားအိမ္ဟာ ေမြးလမ္းေၾကာင္းထဲ က်ြံက်လာၿပီး သားအိမ္က်တယ္ဆိုၿပီး ျဖစ္ပါတယ္။
ဘယ္အရြယ္မွာျဖစ္ႏိုင္လဲ?
အရြယ္မေရြးျဖစ္တတ္ေပမယ့္ ေသြးဆံုးၿပီး ေဟာ္မုန္းနည္းခ်ိန္မွာ ပိုအျဖစ္မ်ားပါတယ္။
မိန္းမတိုင္းျဖစ္မွာလား?
မဟုတ္ပါဘူး။
၁) ကေလးထြားထြားေမြးထားသူ
၂) ကေလးမ်ားမ်ားေမြးထားသူ
၃) ညႇပ္ဆြဲ၊ ေလစုပ္ၿပီး ခက္ခဲစြာေမြးထားရသူ
၄) အဝလြန္သူ
၅) ကာလတာရွည္ဝမ္းခ်ဳပ္သူ
၆) ကာလတာရွည္ ေခ်ာင္းဆိုးသူ
၇)အေလးအပင္ မ ရသူမ်ား
ဘာလကၡဏာေတြျပမွာလဲ?
ေမြးလမ္းေၾကာင္းမွာ တစ္ဆို႔ဆို႔(အေလးတစ္ခုခုဆြဲထားသလို)
ေမြးလမ္းေၾကာင္းမွ အသားပိုကဲ့သို ့ထြက္လာျခင္း
ဆီးမထိန္းႏိုင္ျခင္း၊ ဆီးမကုန္သလိုခံစားရျခင္း
ဝမ္းသြားလၽွင္ က်န္ေနသကဲ့သို႔ခံစားရျခင္း
အလြန္ ျပင္းထန္ေသာသားအိမ္က်ျခင္းမ်ိဳးတြင္
ကၽြံထြက္လာေသာ သားအိမ္အသားပို နံရံတြင္ အနာျဖစ္ျခင္း၊ ေမြးလမ္းေၾကာင္းထဲ သို႔ သားအိမ္ျပန္သြင္းမရျခင္း တို႔ထိျဖစ္တတ္ပါသည္။
ကုသလို႔ရပါသလား?
ျပင္းထန္မႈေပၚမူတည္၍ သားဖြားမီးယပ္ဆရာဝန္ လမ္းညြန္ခ်က္ျဖင့္ ေလ့က်င့္ခန္း လုပ္၍ကုသျခင္း
သားအိမ္တြင္း ေနရာက်ေစရန္( ကြင္း) ထည့္၍ ကုသျခင္း ၊ ခြဲစိတ္ျပဳျပင္ကုသျခင္းတို႔ လုပ္ႏိုင္ပါသည္။
မယ္တင္(ေဆး ၁)