သားအိမ်ဟာပူဖောင်းလိုကွဲတတ်ပါသလား?

အမျိုးသမီးတွေရဲ့သားအိမ်ဟာ ကြွက်သား အထပ်ထပ်နဲ့ ကျုံ့လွယ် ဆန့်လွယ် ဖွဲစည်းမှုမျိုးရှိပါတယ်။ဘယ်လောက်ကျုံ့လွယ်ဆန့်လွယ်လဲဆိုရင် ကိုယ်ဝန်မဆောင်ခင် လက်သီးဆုတ်လောက်ပဲရှိတဲ့သားအိမ်ဟာကိုယ်ဝန်ဆောင်လို့ နေ့စေ့လစေ့ဖြစ်လာတဲ့အခါကျရင် သိသိသာသာ ကြီးထွားလာတာကို မျက်မြင်တွေ့နိုင်ပါတယ်။ဒီလိုဆို သားအိမ်က ပူဖောင်းလေးတွေလိုပဲ အစက ခပ်သေးသေး နောက်ကျရင် အတိုင်းအတာတစ်ခုအထိ ကြီးနိုင်တာခြင်းလဲတူပါတယ်။

နောက်တခု ပိုတူတာက သားအိမ်က ပူဖောင်းပေါက်သလို သားအိမ်ကလည်း ကွဲတတ်ပါသေးတယ်။သားအိမ်ကွဲတယ်ဆိုတာက သားအိမ်နံရံမှာ ပြဲသွားတာကို ခေါ်ပါတယ်။ကလေးမွေးခါနီးမှာဖြစ်လေ့ရှိပါတယ်။အဓိကအားဖြင့် သားအိမ်မှာ ခွဲစိတ်ထားဘူးသူတွေ( အသားလုံးထုတ်ထားသူတွေ)ရှေ့ကိုယ်ဝန်ကို ခွဲမွေးထားသူတွေ၊ ကလေး ၅ယောက်နဲ့အထက်မွေးသူတွေတင်းလွန်းတဲ့သားအိမ်ဖြစ်တဲ့ အမွှာကိုယ်ဝန်ဆောင်တွေမွေးဖွားချိန်ကြာမြင့်လွန်းသူတွေ( သားအိမ်က အကြကြီးညှစ်ရတာကြောင့်)ထွားလွန်းတဲ့ကလေးကိုယ်ဝန်ဆောင်ထားသူတွေအချင်းက သားအိမ်ထဲကို တအားတွယ်ထားလွန်းသူတွေမှာဖြစ်တတ်ပါတယ်။ သားအိမ်မှာ ခွဲစိတ်ထားခြင်းမရှိဘဲကိုယ်ဝန်ဆောင်ရုံနဲ့ သားအိမ်ကွဲတဲ့သူတော့ မရှိသလောက်ရှားပါတယ်နော်။သားအိမ်ကွဲတယ်ဆိုမှတော့ ကလေးအတွက်ရော အမေအတွက်ရော မကောင်းနိုင်တော့ပါဘူး။

ကလေး ငယ်လေးဟာ သားအိမ်ကွဲထွက်တာကြောင့် မွန်းခြင်း၊ အသက်ရှူမဝခြင်းသားအိမ်တခုလုံးကွဲထွက်ခြင်းဆိုလျှင် ကလေးငယ်ဟာ သားအိမ်ထဲမှ ကိုယ်တွင်းကလီစာရှိရာမိခင် ဗိုက်ခေါင်းထဲသို့ လုံးဝရောက်ရှိသွားနိုင်ပါတယ်။မိခင်အနေနဲ့ကတော့ ဝမ်းဗိုက်ထဲသွေးထွက်ပြီး အချိန်မှီ မကုသနိုင်ပါက အသက်အန္တရာယ်ရှိပါတယ်။သားအိမ်ကွဲထွက်တာကာကွယ်ဖို့အတွက် အဖြေကတော့ ဆေးရုံ၊ ဆေးခန်းမှာ စနစ်တကျမွေးဖို့ပါပဲ။အရပ်လက်သည်နဲ့မွေးလို့ မွေးဖွးချိန်ကြာသွားမယ်။ ဗိုက်ပေါ်က အတင်းတွန်းချ၊ ဖိချမယ်ဆိုရင် သားအိမ်ကွဲနိုင်တယ်ဆိုတာ ကို အမြဲသတိရှိစေလိုပါတယ်။

ဆေးရုံမှာမွေးလို့ အရင်ခွဲဖူးတဲ့နေရာက ကွဲထွက်တာမျိုးဆိုရင် အချိန်မှီ သွေးသွင်းတာ။သိပ်မကြီးဘူးဆိူရင် အရေးပေါ်ခွဲမွေးပေးတာ၊ ကြီးတဲ့ သားအိမ်ကွဲခြင်းဆိုရင်သွေးတိတ်စေဖို့ အရေးပေါ်သားအိမ်ထုတ်ပြစ်လိုက်တာတွေနဲ့ ကယ်တင်နိုင်ပါတယ်။ဒါဆိုရင်တော့ သားအိမ်ဆိုတာ ကွဲထွက်ရင် မိခင်ရော၊ ကလေးပါ အန္တရာယ်ရှိတာကိုသိသွားပြီမို့ ကိုယ်ဝန်ကို စနစ်တကျအပ်ပြီး စိတ်ချရတဲ့ ဆေးရုံ၊ ဆေးခန်းမှာသာ မွေးဖို့ တိုက်တွန်းရင်း။

မယ်တင်( ဆေး၁ )

သားအိမ္ဟာပူေဖာင္းလိုကြဲတတ္ပါသလား?

အမ်ိဳးသမီးေတြရဲ႕သားအိမ္ဟာ ႂကြက္သား အထပ္ထပ္နဲ႔ က်ံဳ႕လြယ္ ဆန္႔လြယ္ ဖြဲစည္းမႈမ်ိဳးရွိပါတယ္။ဘယ္ေလာက္က်ံဳ႕လြယ္ဆန္႔လြယ္လဲဆိုရင္ ကိုယ္ဝန္မေဆာင္ခင္ လက္သီးဆုတ္ေလာက္ပဲရွိတဲ့သားအိမ္ဟာကိုယ္ဝန္ေဆာင္လို႔ ေန႔ေစ့လေစ့ျဖစ္လာတဲ့အခါက်ရင္ သိသိသာသာ ႀကီးထြားလာတာကို မ်က္ျမင္ေတြ႕ႏိုင္ပါတယ္။ဒီလိုဆို သားအိမ္က ပူေဖာင္းေလးေတြလိုပဲ အစက ခပ္ေသးေသး ေနာက္က်ရင္ အတိုင္းအတာတစ္ခုအထိ ႀကီးႏိုင္တာျခင္းလဲတူပါတယ္။

ေနာက္တခု ပိုတူတာက သားအိမ္က ပူေဖာင္းေပါက္သလို သားအိမ္ကလည္း ကြဲတတ္ပါေသးတယ္။သားအိမ္ကြဲတယ္ဆိုတာက သားအိမ္နံရံမွာ ျပဲသြားတာကို ေခၚပါတယ္။ကေလးေမြးခါနီးမွာျဖစ္ေလ့ရွိပါတယ္။အဓိကအားျဖင့္ သားအိမ္မွာ ခြဲစိတ္ထားဘူးသူေတြ( အသားလံုးထုတ္ထားသူေတြ)ေရွ႕ကိုယ္ဝန္ကို ခြဲေမြးထားသူေတြ၊ ကေလး ၅ေယာက္နဲ႔အထက္ေမြးသူေတြတင္းလြန္းတဲ့သားအိမ္ျဖစ္တဲ့ အမႊာကိုယ္ဝန္ေဆာင္ေတြေမြးဖြားခ်ိန္ၾကာျမင့္လြန္းသူေတြ( သားအိမ္က အၾကႀကီးညႇစ္ရတာေၾကာင့္)ထြားလြန္းတဲ့ကေလးကိုယ္ဝန္ေဆာင္ထားသူေတြအခ်င္းက သားအိမ္ထဲကို တအားတြယ္ထားလြန္းသူေတြမွာျဖစ္တတ္ပါတယ္။ သားအိမ္မွာ ခြဲစိတ္ထားျခင္းမရွိဘဲကိုယ္ဝန္ေဆာင္ရံုနဲ႔ သားအိမ္ကြဲတဲ့သူေတာ့ မရွိသေလာက္ရွားပါတယ္ေနာ္။သားအိမ္ကြဲတယ္ဆိုမွေတာ့ ကေလးအတြက္ေရာ အေမအတြက္ေရာ မေကာင္းႏိုင္ေတာ့ပါဘူး။

ကေလး ငယ္ေလးဟာ သားအိမ္ကြဲထြက္တာေၾကာင့္ မြန္းျခင္း၊ အသက္ရႉမဝျခင္းသားအိမ္တခုလံုးကြဲထြက္ျခင္းဆိိုလၽွင္ ကေလးငယ္ဟာ သားအိမ္ထဲမွ ကိုယ္တြင္းကလီစာရွိရာမိခင္ ဗိုက္ေခါင္းထဲသို႔ လံုးဝေရာက္ရွိသြားႏိုင္ပါတယ္။မိခင္အေနနဲ႔ကေတာ့ ဝမ္းဗိုက္ထဲေသြးထြက္ၿပီး အခ်ိန္မွီ မကုသႏိုင္ပါက အသက္အနၱရာယ္ရွိပါတယ္။သားအိမ္ကြဲထြက္တာကာကြယ္ဖို႔အတြက္ အေျဖကေတာ့ ေဆးရံု၊ ေဆးခန္းမွာ စနစ္တက်ေမြးဖို႔ပါပဲ။အရပ္လက္သည္နဲ႔ေမြးလို႔ ေမြးဖြးခ်ိန္ၾကာသြားမယ္။ ဗိုက္ေပၚက အတင္းတြန္းခ်၊ ဖိခ်မယ္ဆိုရင္ သားအိမ္ကြဲႏိုင္တယ္ဆိုတာ ကို အျမဲသတိရွိေစလိုပါတယ္။

ေဆးရံုမွာေမြးလို႔ အရင္ခြဲဖူးတဲ့ေနရာက ကြဲထြက္တာမ်ိဳးဆိုရင္ အခ်ိန္မွီ ေသြးသြင္းတာ။သိပ္မႀကီးဘူးဆိူရင္ အေရးေပၚခြဲေမြးေပးတာ၊ ႀကီးတဲ့ သားအိမ္ကြဲျခင္းဆိုရင္ေသြးတိတ္ေစဖို႔ အေရးေပၚသားအိမ္ထုတ္ျပစ္လိုက္တာေတြနဲ႔ ကယ္တင္ႏိုင္ပါတယ္။ဒါဆိုရင္ေတာ့ သားအိမ္ဆိုတာ ကြဲထြက္ရင္ မိခင္ေရာ၊ ကေလးပါ အနၱရာယ္ရွိတာကိုသိသြားၿပီမို႔ ကိုယ္ဝန္ကို စနစ္တက်အပ္ၿပီး စိတ္ခ်ရတဲ့ ေဆးရံု၊ ေဆးခန္းမွာသာ ေမြးဖို႔ တိုက္တြန္းရင္း။

မယ္တင္( ေဆး၁ )

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…

Leave a Reply

Your email address will not be published. Required fields are marked *