သားအိမ်ကြွက်သားလုံးနဲ့ ကိုယ်ဝန်ဆောင်တို့ရဲ့ ကျန်းမာရေး
ဇီဝကတို့ ဆေးပညာ အခေါ်ဖြစ်တဲ့ Uterine fibroid ကို သားအိမ် ကြွက်သားလုံး ၊ဒါမှမဟုတ် သားအိမ်မှာ အလုံးပေါ်တယ် ၊သားအိမ်မှာ အကြိတ်ပေါ်
တယ် စသဖြင့် အရပ်ထဲမှာ လူသိများပါတယ် ။
ထိုသားအိမ်ကြွက်သားလုံးဟာ အများအားဖြင့် Afro-Caribbean လို့ ခေါ်တဲ့ အာဖရိကနဲ့ ကာရဗီယန်နွယ်ဖွားတွေမှာ ပိုအဖြစ်များပါတယ် ။ဒါပေမယ့် နေရာ
ဒေသမရွေး ဖြစ်နိုင်ပါတယ် ။အထူးသဖြင့် အိမ်ထောင်မရှိ ၊ကလေးမယူတဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ် ။သားအိမ်ကြွက်သားလုံးရှိသူ အများစုဟာ ကလေးမရတတ်ပါ ။ ဒါပေမယ့် မတော်လို့ ကလေးရသွားရင်ရော ဘာတွေ ဆက်ဖြစ်မှာလဲဆိုတာ သိချင်ကြမယ် ထင်ပါတယ် ။
သားအိမ်ကြွက်သားလုံးက ကိုယ်ဝန်ဆောင်နေစဉ် ဘယ်နှလလောက်မှာ ဖြစ်တတ်သလဲ
အများအားဖြင့် ပထမ ၃လမှာ အဖြစ်များတယ် ။ဘာလို့လဲဆိုရင် သားအိမ်ကြွက်သားလုံးဖြစ်ဖို့ အီစထရိုဂျင်ဓာတ် လိုအပ်လို့ပါ ။
သားအိမ်ကြွက်သားလုံးက ကိုယ်ဝန်အပေါ် အကျိုးသက်ရောက်မှု ရှိသလား
ဒီအမေးကို ဖြေရရင် သားအိမ်အလုံးဟာ ကိုယ်ဝန်အပေါ် အကျိုးသက် ရောက်မှု ရှိနိုင်ပါတယ် ။
ဒါဆိုရင် ကိုယ်ဝန်အပေါ် ဘယ်လိုတွေ သက်ရောက်မှု ရှိတာလဲ
သားအိမ်ကြွက်သားလုံးဟာ ကိုယ်ဝန်လရင့်လာတာနဲ့အမျှ အရွယ်အစား ကြီးလာပါတယ် ။အခန့်မသင့်ရင် မွေးလမ်းကြောင်းပိတ်ဆို့သွားနိုင်တယ် ။ထိုအခါ အရေးပေါ် ခွဲစိတ်ပြီး မွေးရတာမျိုး ဖြစ်တတ်တယ် ။
ကလေးပျက်ကျတတ်တယ် ။ကလေး အနေအထားမမှန်လို့ ခွဲမွေး ရတာမျိုးလည်း ဖြစ်တတ်ပါသေးတယ် ။ဒါပေမယ့် ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်ခြင်း အလျဉ်းမရှိ ။လမစေ့ဘဲ ကလေးမွေးတတ်တယ် ။
မိခင်မှာ ဗိုက်တွေ နာတတ်တယ် ။ကိုယ်ဝန်ဆောင်နေစဉ် မိန်းမကိုယ် က သွေးဆင်းတတ်တယ် ။အချင်းတွေ ကွာကျပြီးတော့လည်း သွေးဆင်းတတ်တယ် ။
သားအိမ်ကြွက်သားလုံးဟာ ပြန်ပျောက်သွားတတ် ၊သေးသွားတတ်ပါသလား
ပြန်သေးသွားတတ် ၊ပျောက်သွားတတ်ပါတယ် ။အများအားဖြင့် ကလေးမွေးပြီးတဲ့ ၇၀ရာခိုင်နှုန်းသော သားအိမ်ကြွက်သားလုံးတည် အမျိုးသမီးတွေ ဟာ ကလေးမွေးပြီး ၆လ-၇လ လောက်မှာ သားအိမ်လုံးဟာ သူ့အလိုလို ရှုံ့သွားပြီး ပျောက်သွားတတ်တယ်လို့ လေ့လာထားမှုများအရ တွေ့ရှိရပါတယ် ။
ကိုယ်ဝန်ဆောင်နေစဉ် သားအိမ်ကြွက်သားလုံးတည်က ဘာလုပ်ရမလဲ
အကောင်းဆုံးက ကိုယ်ဝန်ကို တတ်ကျွမ်းတဲ့ ကျန်းမာရေး ဝန်ထမ်းများဆီ စောစီးစွာ အပ်ပါ ။ရက်ချိန်းမှန်မှန် ပြပါ ။နားနားနေနေ နေပါ ။
ဗိုက်နာခြင်း ပြုခြင်း ရှိက အကိုက်အခဲပျောက်ဆေးများ သောက်ပေးနိုင်ပါတယ် ။ ဗိုက်နာတာ မသက်သာက ၊သွေးဆင်းတာများက နီးစပ်ရာ ဆေးရုံ ဆေးခန်း အမြန် ပြသပါ ။အကောင်းဆုံးက ခွဲမွေးပြီး သားအိမ်ကြွက်သားလုံးပါ ခွဲထုတ်လိုက်ခြင်းသာ ဖြစ်ပါတယ် ။
ခေတ်သစ် ဇီဝက
ခေတ်သစ် ဇီဝက
MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ
Schizophrenia
1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…
All Articlesအခြားရောဂါများ
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...
1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ
1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…
Leave a Reply
Your email address will not be published. Required fields are marked *