ပါဝင်သောဆေး-Ursodeoxycholic acid, thiamine, riboflavin၊
ဆေးပုံစံ-ဆေးတောင့်ပျော့ပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-နာတာရှည်အသည်းရောဂါများ၊ နှုန်းခြင်း၊ သည်းခြေလမ်းကြောင်း ပြဿနာများကြောင့် အစာမကြေဖြစ်ခြင်း၊ မစားချင်မသောက်ချင်ဖြစ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း။
သုံးစွဲရန်အညွှန်း- ၁ လုံး တစ်နေ့ ၃ကြိမ်။
အစာနှင့်စားရန်သင့်မသင့်-အစာနှင့် တွဲသောက်ရန်။ အစားစားပြီး သောက်သုံးပါ။
လုံးဝအသုံးမပြုသင့်သောသူများ-သည်းခြေလမ်းကြောင်း ပိတ်နေသူများ၊ ဆိုးရွားစွာ အသည်းရောင်နေသူများ။
သတိပြုရမည့်အချက်များ-မုန့်ချိုအိတ်ရောင်နေသူများ၊ အစာအိမ်အနာရှိသူများ၊ သည်းခြေလမ်းကြောင်းတွင် ကျောက်တည်နေသူများ၊ tartrazine ဆေးနှင့် ဓာတ်မတည့်သူများ၊ ကိုယ်ဝန်ဆောင်များ သတိပြုသုံးစွဲပါ။
ဘေးထွက်ဆိုးကျိုး-ဝမ်းလျောခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဆေးမတည့်ခြင်း၊ ခေါင်းမူးခြင်း။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-ဆီးချိုကျဆေးများ၏ အာနိသင်ကိုတက်စေပါသည်။
ဒေါက်တာချို(ဆေး ၁)