ကိုယ်ဝန်ရပြီးဘယ်လောက်အကြာမှာ ဆီးစစ်တံမှာ ပေါ်မလဲ

အမျိုးသမီးတွေကိုယ်ဝန်ရှိမရှိစစ်စေးနိုင်တဲ့ နည်းလမ်းတွေဟာ နောက်ပိုင်းမှာလွယ်ကူပြီး ရိုးရှင်းလာသလို မြန်မြန်ဆန်ဆန်လဲ သိနိုင်လာပါတယ်။ ယခင်က ကိုယ်ဝန်ရှိနေမှန်းမသေချာတာ၊ ရာသီမလာတဲ့လတွေများလာတော့မှ ကိုယ်ဝန်ရှိမှန်းသိနိုင်တဲ့အခြေအနေကနေ ယခုဆိုရင် သွေးစစ်တာ၊ ဆီးစစ်တာကနေ မြန်မြန်ဆန်ဆန်လွယ်လွယ်ကူကူ သိရှိနိုင်ကြပြီဖြစ်ပါတယ်။ အသုံးအများဆုံးကတော့ဆီးစစ်တဲ့အတံနဲ့စစ်ဆေးတာဖြစ်ပါတယ်။

အဆိုပါကိရိယာကို ဆေးဆိုင်တိုင်းလိုလိုမှာ အလွယ်တကူဝယ်လို့ရပြီး။ ဈေးနှုန်းလည်းသက်သာ၊ လွယ်လည်းလွယ်ကူတာကြောင့် အသုံးများပြားပါတယ်။ ပစ္စည်းအမျိုးအစားပေါ်မူတည်ပြီး အချက်ပြပုံခြင်းတော့ ကွာခြားနိုင်ပါတယ်။ အပေါင်းအနှုတ်နဲ့အချက်ပြတာတွေရှိသလို မျဉ်းတစ်ကြောင်းပေါ်တာ၊ နှစ်ကြောင်းပေါ်တာနဲ့လည်း အချက်ပြတတ်ပါတယ်။ emoji တွေနဲ့လည်းအချက်ပြတတ်ပါတယ်။

IMG

အချက်ပြတာတွေဘယ်လိုပဲကွဲပြားနိုင်ပေမယ့် အဓိကအချက်ကတော့ ဆီးထဲမှာ hCG လို့ခေါ်တဲ့ဓာတ်တစ်မျိုးရှိမရှိစစ်ဆေးတာပဲဖြစ်ပါတယ်။ အဲဒီဓာတ်ကိုဘယ်အချိန်မှာတွေ့နိင်လဲဆိုရင်တော့ သန္ဓေအောင်ပြီး ခန့်မှန်းခြေ8ရက်ကြာတဲ့အခါသွေးထဲမှာတွေ့နိုင်ပြီး 10ရက်ကြာရင်တော့ ဆီးထဲမှာတွေ့နိုင်ပါတယ်။

သန္ဓေအောင်တယ်ဆိုတာကတော့ အမျိုးသမီးရဲ့သားဥနဲ့ အမျိုးသားရဲ့သုက်ပိုးတို့ပေါင်းစပ်ပြီး သန္ဓေသားဖြစ်လာတာကို ဆိုလိုတာဖြစ်ပါတယ်။ မျိုးအောင်ပြီးတာနဲ့ သန္ဓေသားဟာ သားအိမ်မှာသွားရောက်ကပ်တွယ်လိုက်တာနဲ့ မိခင်ရဲ့ခန္ဓာကိုယ်က အချင်းစတင်ဖွဲ့စည်းပါတယ်။ အချင်းဖြစ်လာတာနဲ့ hCG ထွက်လာပြီး ကိုယ်ဝန်ရှိမရှိစစ်ဆေးလို့ရတဲ့ ပမာဏအထိများပြားလာနိုင်ပါတယ်။

အဲဒီလိုစစ်ဆေးတာက ဘယ်လောက်တိကျသလဲဆိုရင်တော့ 97.4ရာခိုင်နှုန်းထိ တိကျမှုရှိတယ်လို့ဆိုထားပါတယ်။ သုံးစွဲနည်းမှားယွင်းတာ၊ အဖြေကိုလွဲမှားစွာကြည့်မိတာ အစရှိတာတွေကြောင့် မှန်ကန်မှုနှုန်းက 74ရာနှုန်းလောက်ပဲ မှန်ကန်တတ်တာလည်းရှိပါတယ်။ အဖြေလွဲမှားစေနိုင်တဲ့အခြားအကြောင်းအရာတွေကတော့ hCG နဲ့ဖွဲ့စည်းပုံဆင်တူနေတဲ့ဆေးတွေသောက်နေတာ၊ ကိုယ်ဝန်ရှိနေတာမဟုတ်ပေမယ့် အဲဒီဓာတ်ထုတ်နိုင်တဲ့ ကင်ဆာဖြစ်နေတာ စတဲ့အကြောင်းတွေကြောင့်လဲ အဖြေမှားနိုင်ပါတယ်။

ကိုယ်ဝန်ရှိမရှိစစ်ဆေးရာမှာတော့ ဆီးစစ်တာဟာနောက်ပိုင်းမှာ အသုံးများတဲ့အပြင် လွယ်ကူရိုးရှင်းတာ၊ မှန်ကန်မှုရှိတာ၊ အကုန်အကျသက်သာတာတွေကြောင့် အင်မတန်အသုံးဝင်ပါတယ်။ အဲဒီလိုအသုံးဝင်တဲ့စစ်ဆေးမှုမျိုးကို မှန်ကန်စွာအသုံးချပြီး မိမိအတွက်ကော ရင်သွေးအတွက်ပါ ကောင်းမွန်တဲ့ပြင်ဆင်မှုတွေ ပြုလုပ်သင့်ပါတယ်။

Dr. ZZ

ကိုယ္၀န္ရျပီးဘယ္ေလာက္အျကာမွာ ဆီးစစ္တံမွာ ေပၚမလဲ

အမ်ဳိးသမီးေတြကိုယ္ဝန္ရိွမရိွစစ္ေစးႏိုင္တဲ့ နည္းလမ္းေတြဟာ ေနာက္ပိုင္းမွာလြယ္ကူၿပီး ႐ိုးရွင္းလာသလို ျမန္ျမန္ဆန္ဆန္လဲ သိႏိုင္လာပါတယ္။ ယခင္က ကိုယ္ဝန္ရိွေနမွန္းမေသခ်ာတာ၊ ရာသီမလာတဲ့လေတြမ်ားလာေတာ့မွ ကိုယ္ဝန္ရိွမွန္းသိႏိုင္တဲ့အေျခအေနကေန ယခုဆိုရင္ ေသြးစစ္တာ၊ ဆီးစစ္တာကေန ျမန္ျမန္ဆန္ဆန္လြယ္လြယ္ကူကူ သိရိွႏိုင္ၾကၿပီျဖစ္ပါတယ္။ အသံုးအမ်ားဆံုးကေတာ့ဆီးစစ္တဲ့အတံနဲ႔စစ္ေဆးတာျဖစ္ပါတယ္။

အဆိုပါကိရိယာကို ေဆးဆိုင္တိုင္းလိုလိုမွာ အလြယ္တကူဝယ္လို႔ရၿပီး။ ေဈးႏႈန္းလည္းသက္သာ၊ လြယ္လည္းလြယ္ကူတာေၾကာင့္ အသံုးမ်ားျပားပါတယ္။ ပစၥည္းအမ်ဳိးအစားေပၚမူတည္ၿပီး အခ်က္ျပပံုျခင္းေတာ့ ကြာျခားႏိုင္ပါတယ္။ အေပါင္းအႏႈတ္နဲ႔အခ်က္ျပတာေတြရိွသလို မ်ဥ္းတစ္ေၾကာင္းေပၚတာ၊ ႏွစ္ေၾကာင္းေပၚတာနဲ႔လည္း အခ်က္ျပတတ္ပါတယ္။ emoji ေတြနဲ႔လည္းအခ်က္ျပတတ္ပါတယ္။

IMG

အခ်က္ျပတာေတြဘယ္လိုပဲကြဲျပားႏိုင္ေပမယ့္ အဓိကအခ်က္ကေတာ့ ဆီးထဲမွာ hCG လို႔ေခၚတဲ့ဓာတ္တစ္မ်ဳိးရိွမရိွစစ္ေဆးတာပဲျဖစ္ပါတယ္။ အဲဒီဓာတ္ကိုဘယ္အခ်ိန္မွာေတြ႕နိင္လဲဆိုရင္ေတာ့ သေႏၶေအာင္ၿပီး ခန္႔မွန္းေျခ8ရက္ၾကာတဲ့အခါေသြးထဲမွာေတြ႕ႏိုင္ၿပီး 10ရက္ၾကာရင္ေတာ့ ဆီးထဲမွာေတြ႕ႏိုင္ပါတယ္။

သေႏၶေအာင္တယ္ဆိုတာကေတာ့ အမ်ဳိးသမီးရဲ႕သားဥနဲ႔ အမ်ဳိးသားရဲ႕သုက္ပိုးတို႔ေပါင္းစပ္ၿပီး သေႏၶသားျဖစ္လာတာကို ဆိုလိုတာျဖစ္ပါတယ္။ မ်ဳိးေအာင္ၿပီးတာနဲ႔ သေႏၶသားဟာ သားအိမ္မွာသြားေရာက္ကပ္တြယ္လိုက္တာနဲ႔ မိခင္ရဲ႕ခႏၶာကိုယ္က အခ်င္းစတင္ဖြဲ႕စည္းပါတယ္။ အခ်င္းျဖစ္လာတာနဲ႔ hCG ထြက္လာၿပီး ကိုယ္ဝန္ရိွမရိွစစ္ေဆးလို႔ရတဲ့ ပမာဏအထိမ်ားျပားလာႏိုင္ပါတယ္။

အဲဒီလိုစစ္ေဆးတာက ဘယ္ေလာက္တိက်သလဲဆိုရင္ေတာ့ 97.4ရာခိုင္ႏႈန္းထိ တိက်မႈရိွတယ္လို႔ဆိုထားပါတယ္။ သံုးစြဲနည္းမွားယြင္းတာ၊ အေျဖကိုလြဲမွားစြာၾကည့္မိတာ အစရိွတာေတြေၾကာင့္ မွန္ကန္မႈႏႈန္းက 74ရာႏႈန္းေလာက္ပဲ မွန္ကန္တတ္တာလည္းရိွပါတယ္။ အေျဖလြဲမွားေစႏိုင္တဲ့အျခားအေၾကာင္းအရာေတြကေတာ့ hCG နဲ႔ဖြဲ႕စည္းပံုဆင္တူေနတဲ့ေဆးေတြေသာက္ေနတာ၊ ကိုယ္ဝန္ရိွေနတာမဟုတ္ေပမယ့္ အဲဒီဓာတ္ထုတ္ႏိုင္တဲ့ ကင္ဆာျဖစ္ေနတာ စတဲ့အေၾကာင္းေတြေၾကာင့္လဲ အေျဖမွားႏိုင္ပါတယ္။

ကိုယ္ဝန္ရိွမရိွစစ္ေဆးရာမွာေတာ့ ဆီးစစ္တာဟာေနာက္ပိုင္းမွာ အသံုးမ်ားတဲ့အျပင္ လြယ္ကူ႐ိုးရွင္းတာ၊ မွန္ကန္မႈရိွတာ၊ အကုန္အက်သက္သာတာေတြေၾကာင့္ အင္မတန္အသံုးဝင္ပါတယ္။ အဲဒီလိုအသံုးဝင္တဲ့စစ္ေဆးမႈမ်ဳိးကို မွန္ကန္စြာအသံုးခ်ၿပီး မိမိအတြက္ေကာ ရင္ေသြးအတြက္ပါ ေကာင္းမြန္တဲ့ျပင္ဆင္မႈေတြ ျပဳလုပ္သင့္ပါတယ္။

Dr. ZZ

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)

1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…

Leave a Reply

Your email address will not be published. Required fields are marked *