ကလေးတစ်ယောက်တစ်နေ့ဆီးဘယ်လောက်ပေါက်?

ပုံမှန်မွေးကင်းစ ကလေတစ်ယောက်ဟာ မွေးပြီး ၁၂နာရီမှ ၂၄နာရီအတွင်း ဆီးသွား ပါတယ်။ မွေးကင်းစရက်ပိုင်းတွေမှာ နို့စို့နေတဲ့ကလေး တစ်ယောက်ဟာ သေးစိုအဝတ်အများကြီး မလဲရနိုင်ပါဘူး။တစ်နေ့မှာ တစ်ကြိမ် နှစ်ကြိမ်လောက် ပဲလဲပေးရတာမျိုးဖြစ်နိုင်ပါတယ်။ ကလေးငယ်ဟာ မွေးဖွားပြီး ၆ရက်မြောက်လောက် ရပြီဆိုရင်တော့ တစ်နေ့ကို သေးစိုအဝတ် ၆ ကြိမ်မှ ၈ကြိမ်အထိ လဲပေးရနိုင်ခြေရှိပါတယ်။

– ကလေးငယ်ရဲ့ ဆီးအိမ်ဟာ ဟင်းခတ်ဇွန်း ၁ ဇွန်းစာပဲ သိုလှောင်နိုင်စွမ်းရှိတာမို့ ကလေးငယ်ဟာ ခဏခဏ သေးပေါက်တာဖြစ်ပါတယ်။ တချို့ကလေးငယ်တွေဆို တစ်ရက်ထဲမှာ အကြိမ် ၂၀ ခန့်သွားတာမျိုးရှိနိုင်ပါတယ်။ ကလေးဆီးအရောင်နဲ့ပတ်သက်လို့ – ပုံမှန်ဟာ အရောင်မရှိတာ၊ အဝါရောင်ဖျော့ဖျော့ရှိတာမျိုးပါ။

ကလေးတစ်ယောက်ဆီးနည်းတယ်မနည်းဘူးပြောဖို့ဆိုရင် မွေးကင်းစကလေးဆိုရင်တော့ အပေါ်မှာပြောတဲ့အတိုင်း မွေးဖွားပြီးရက်ရယ်၊ ကလေးနို့ဘယ်နှစ်ကြိမ်စို့လဲအပေါ်မူတည်ပါတယ်။ ကလေးငယ်လေးတွေဆို ဝမ်းသွားတဲ့အကြိမ်ရေ များရင်လည်း ဆီးသွားတဲ့အကြိမ်ရေနည်းတတ်တာကိုလည်း သတိပြုသင့်ပါတယ်။ ကလေးကြီးဆိုရင်တော့ ၁နာရီကို ၁ Kg ကို ၁ mlပေါက်သင့်ပါတယ်။ ( ဆိုလိုတာက ကလေးသာ ၁၀ kg ဆို ၁၀ ml ပေါက်ရမှာပေါ့နော်) ကလေးတွေဆီးနည်းမယ်ဆိုရင် စိတ်ပူသင့်တဲ့အခြေအနေတွေကတော့

  • သွေးလွန်တုပ်ကွေး ဖြစ်နေချိန်
  • ဝမ်းသွားနေချိန်
  • အရမ်းအန်နေတဲ့အချိန် တွေဖြစ်ပါတယ်။

မယ်တင်( ဆေး၁ )

ကေလးတစ္ေယာက္တစ္ေန႔ဆီးဘယ္ေလာက္ေပါက္?

ပံုမွန္ေမြးကင္းစ ကေလတစ္ေယာက္ဟာ ေမြးၿပီး ၁၂နာရီမွ ၂၄နာရီအတြင္း ဆီးသြား ပါတယ္။ ေမြးကင္းစရက္ပိုင္းေတြမွာ ႏို႔စို႔ေနတဲ့ကေလး တစ္ေယာက္ဟာ ေသးစိုအဝတ္အမ်ားႀကီး မလဲရႏိုင္ပါဘူး။တစ္ေန႔မွာ တစ္ႀကိမ္ ႏွစ္ႀကိမ္ေလာက္ ပဲလဲေပးရတာမ်ိဳးျဖစ္ႏိုင္ပါတယ္။ ကေလးငယ္ဟာ ေမြးဖြားၿပီး ၆ရက္ေျမာက္ေလာက္ ရၿပီဆိုရင္ေတာ့ တစ္ေန႔ကို ေသးစိုအဝတ္ ၆ ႀကိမ္မွ ၈ႀကိမ္အထိ လဲေပးရႏိုင္ေျခရွိပါတယ္။

– ကေလးငယ္ရဲ႕ ဆီးအိမ္ဟာ ဟင္းခတ္ဇြန္း ၁ ဇြန္းစာပဲ သိုေလွာင္ႏိုင္စြမ္းရွိတာမို႔ ကေလးငယ္ဟာ ခဏခဏ ေသးေပါက္တာျဖစ္ပါတယ္။ တခ်ိဳ႕ကေလးငယ္ေတြဆို တစ္ရက္ထဲမွာ အႀကိမ္ ၂၀ ခန္႔သြားတာမ်ိဳးရွိႏိုင္ပါတယ္။ ကေလးဆီးအေရာင္နဲ႔ပတ္သက္လို႔ – ပံုမွန္ဟာ အေရာင္မရွိတာ၊ အဝါေရာင္ေဖ်ာ့ေဖ်ာ့ရွိတာမ်ိဳးပါ။

ကေလးတစ္ေယာက္ဆီးနည္းတယ္မနည္းဘူးေျပာဖို႔ဆိုရင္ ေမြးကင္းစကေလးဆိုရင္ေတာ့ အေပၚမွာေျပာတဲ့အတိုင္း ေမြးဖြားၿပီးရက္ရယ္၊ ကေလးႏို႔ဘယ္ႏွစ္ႀကိမ္စို႔လဲအေပၚမူတည္ပါတယ္။ ကေလးငယ္ေလးေတြဆို ဝမ္းသြားတဲ့အႀကိမ္ေရ မ်ားရင္လည္း ဆီးသြားတဲ့အႀကိမ္ေရနည္းတတ္တာကိုလည္း သတိျပဳသင့္ပါတယ္။ ကေလးႀကီးဆိုရင္ေတာ့ ၁နာရီကို ၁ Kg ကို ၁ mlေပါက္သင့္ပါတယ္။ ( ဆိုလိုတာက ကေလးသာ ၁၀ kg ဆို ၁၀ ml ေပါက္ရမွာေပါ့ေနာ္) ကေလးေတြဆီးနည္းမယ္ဆိုရင္ စိတ္ပူသင့္တဲ့အေျခအေနေတြကေတာ့

  • ေသြးလြန္တုပ္ေကြး ျဖစ္ေနခ်ိန္
  • ၀မ္းသြားေနခ်ိန္
  • အရမ္းအန္ေနတဲ့အခ်ိန္ ေတြျဖစ္ပါတယ္။

မယ္တင္( ေဆး၁ )

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…

Leave a Reply

Your email address will not be published. Required fields are marked *