ကလေးငယ်များနှင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း
မေမေဖေဖေတို့သိထားကြတဲ့အတိုင်းပါပဲ ကလေးဆိုတာမျိုးက ဖျားနာ၊ ခန္တာကိုယ်မှာ ထိခိုက်ဒဏ်ရာရတာမျိုးကိုပြောမပြတတ်ကြတာများပါတယ်။
ဒီလိုပဲ ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါမှာလည်း မိဘတွေအနေနဲ့ ဘောင်းဘီထဲ ဆီးထွက်ကြလို့ ဆေးခန်းပြမှ သိကြတာမျိုးလဲရှိပါတယ်။
ကလေးငယ်များမှာဆီးလမ်းကြောင်းပိုးဝင်ခြင်းပြသနာဟာ သားသားရော၊ မီးမီးတို့ရောမှာဖြစ်ပွားနိုင်ပါတယ်။
အသက်၅နှစ်အောက်မှာအဖြစ်များပြီး အသက်၁၀နှစ်ကျော်ရင်တော့ မိန်းကလေးတွေမှာပိုအဖြစ်များပါတယ်။
ဘာလက္ခဏာတွေပြတတ်ပါသလဲ?
လက္ခဏာပြောတဲ့နေရာမှာ အသက်အရွယ်ပေါ်မူတည်ပါတယ်။
အသက် ၃နှစ်အောက် ကလေးငယ်ဆိုရင်တော့ (ဆီးပူဆီးကျင်ပြောမပြတတ်သေးတဲ့အရွယ်မို့) သိဖို့ခက်ပါတယ်။
အစားကောင်းကောင်းမစားတာ၊ အဖျားတတ်တာ၊ နှုံးနေမှိန်းနေတာမျိုး လက္ခဏာတွေပဲပြလေ့ရှိပါတယ်။ ဒီလိုလက္ခဏာတွေတွေ့ရင် ဆရာဝန်နဲ့ဆွေးနွေးဖို့လိုပါတယ်။
အသက် ၃နှစ်အထက်ဆိုရင်တော့
- ဆီးပူ၊ ဆီးကျင်တာ
- ဆီးမကြာခဏသွားတာ
- အိပ်ရာထဲဆီးပေါက်ချတာ
- နဂို ဆီးသွားရင်ပြောတတ်တဲ့ကလေးက ဘောင်းဘီထဲဆီးပေါက်ချတာတွေ
- အဖျားတတ်တာ၊ အန်တာတွေ လက္ခဏာအနေနဲ့တွေ့ရတတ်ပါတယ်။
ဒီနေရာမှာ မိဘတွေမှားထင်မြင်လေ့ရှိတာကတော့** ဆီးအနံ့နံတိုင်းဆီးပိုးဝင် ခြင်းမဟုတ်ပါ။*
ဆီးပိုးဝင်ခြင်းဟာ ဆီးပိုးမွေးမယ်၊ ပိုးသတ်ဆေးပေးမယ်ဆိုရင် လုံးဝပျောက်ကင်းနိုင်ပါတယ်။
ဆရာဝန်အနေနဲ့ ဆီးပိုးမွေးအဖြေစောင့်စဉ်ကာလမှာလည်း ပိုးသတ်ဆေးတိုက်ထားတတ်ပါတယ်။
မိဘများအနေနဲ့လည်း
- ကလေးသေးခံ Diaper ပုံမှန်လဲလှယ်ပေးခြင်း
- ကလေးငယ်များ အပေါ့အလေးသွားပြီးသည်နှင့် သန့်ရှင်းအောင်ဆေးကြောပေးခြင်း
- သန့်ရှင်းသောရေကို အသုံးပြုဆေးကြောပေးခြင်း ဖြင့် ကာကွယ်နိုင်ပါတယ်။
ကလေးငယ်ဆီးလမ်းကြောင်း ပိုးဝင်စဉ် ရေများများတိုက်ပေးခြင်း တို့ဖြင့်လည်း ပံ့ပိုးကူညီနိုင်ပါတယ်။
မယ်တင်(ဆေး ၁)
ကေလးငယ္မ်ားႏွင့္ ဆီးလမ္းေၾကာင္းပိုးဝင္ျခင္း
ေမေမေဖေဖတို႔သိထားၾကတဲ့အတိုင္းပါပဲ ကေလးဆိုတာမ်ိဳးက ဖ်ားနာ၊ ခနၱာကုိယ္မွာ ထိခိုက္ဒဏ္ရာရတာမ်ိဳးကိုေျပာမျပတတ္ၾကတာမ်ားပါတယ္။
ဒီလိုပဲ ဆီးလမ္းေၾကာင္းပိုးဝင္တဲ့အခါမွာလည္း မိဘေတြအေနနဲ႔ ေဘာင္းဘီထဲ ဆီးထြက္ၾကလို႔ ေဆးခန္းျပမွ သိၾကတာမ်ိဳးလဲရွိပါတယ္။
ကေလးငယ္မ်ားမွာဆီးလမ္းေၾကာင္းပိုးဝင္ျခင္းျပသနာဟာ သားသားေရာ၊ မီးမီးတို႔ေရာမွာျဖစ္ပြားႏိုင္ပါတယ္။
အသက္၅ႏွစ္ေအာက္မွာအျဖစ္မ်ားၿပီး အသက္၁၀ႏွစ္ေက်ာ္ရင္ေတာ့ မိန္းကေလးေတြမွာပိုအျဖစ္မ်ားပါတယ္။
ဘာလကၡဏာေတြျပတတ္ပါသလဲ?
လကၡဏာေျပာတဲ့ေနရာမွာ အသက္အရြယ္ေပၚမူတည္ပါတယ္။
အသက္ ၃ႏွစ္ေအာက္ ကေလးငယ္ဆိုရင္ေတာ့ (ဆီးပူဆီးက်င္ေျပာမျပတတ္ေသးတဲ့အရြယ္မို႔) သိဖို႔ခက္ပါတယ္။
အစားေကာင္းေကာင္းမစားတာ၊ အဖ်ားတတ္တာ၊ ႏႈံးေနမွိန္းေနတာမ်ိဳး လကၡဏာေတြပဲျပေလ့ရွိပါတယ္။ ဒီလိုလကၡဏာေတြေတြ႕ရင္ ဆရာဝန္နဲ႔ေဆြးေႏြးဖို႔လိုပါတယ္။
အသက္ ၃ႏွစ္အထက္ဆိုရင္ေတာ့
- ဆီးပူ၊ ဆီးက်င္တာ
- ဆီးမၾကာခဏသြားတာ
- အိပ္ရာထဲဆီးေပါက္ခ်တာ
- နဂို ဆီးသြားရင္ေျပာတတ္တဲ့ကေလးက ေဘာင္းဘီထဲဆီးေပါက္ခ်တာေတြ
- အဖ်ားတတ္တာ၊ အန္တာေတြ လကၡဏာအေနနဲ႔ေတြ႕ရတတ္ပါတယ္။
ဒီေနရာမွာ မိဘေတြမွားထင္ျမင္ေလ့ရွိတာကေတာ့** ဆီးအနံ႔နံတိုင္းဆီးပိုးဝင္ ျခင္းမဟုတ္ပါ။*
ဆီးပိုးဝင္ျခင္းဟာ ဆီးပိုးေမြးမယ္၊ ပိုးသတ္ေဆးေပးမယ္ဆိုရင္ လံုးဝေပ်ာက္ကင္းႏိုင္ပါတယ္။
ဆရာဝန္အေနနဲ႔ ဆီးပိုးေမြးအေျဖေစာင့္စဥ္ကာလမွာလည္း ပိုုးသတ္ေဆးတိုက္ထားတတ္ပါတယ္။
မိဘမ်ားအေနနဲ႔လည္း
- ကေလးေသးခံ Diaper ပံုမွန္လဲလွယ္ေပးျခင္း
- ကေလးငယ္မ်ား အေပါ့အေလးသြားၿပီးသည္ႏွင့္ သန္႔ရွင္းေအာင္ေဆးေၾကာေပးျခင္း
- သန္႔ရွင္းေသာေရကို အသံုးျပဳေဆးေၾကာေပးျခင္း ျဖင့္ ကာကြယ္ႏိုင္ပါတယ္။
ကေလးငယ္ဆီးလမ္းေၾကာင္း ပိုးဝင္စဥ္ ေရမ်ားမ်ားတိုက္ေပးျခင္း တို႔ျဖင့္လည္း ပံ့ပိုးကူညီႏိုင္ပါတယ္။
မယ္တင္(ေဆး ၁)