ကိုယ်ဝန်ဆောင်စဉ် ဆီးပိုးဝင်လျှင်
ကိုယ်ဝန်ဆောင် မေမေတို့မှာ အောက်ဖော်ပြပါလက္ခဏာလေးတွေရှိနေပြီဆိုရင် ဆီးလမ်းကြောင်းပိုးဝင်နေပြီလို့ ယူဆနိုင်ပါတယ် :
- -ဆီးခဏခဏသွားခြင်း
- -ဆီးပူဆီးကျင်ခြင်း
- -ဆီးစပ်ကိုက်ခြင်း
- -ခါးကိုက်ခြင်း
- -ဆီးအရောင်နောက်ခြင်း
- -ဆီးအနံ့နံခြင်း။
ကိုယ်ဝန်ဆောင်ချိန်အတွင်း ဆီးလမ်းကြောင်းပိုးဝင်ခြင်းဟာအဖြစ်များတဲ့ပြဿနာတစ်ခုပါ။ဟော်မုန်းအပြာင်းအလဲများကြောင့်သော်
လည်းကောင်း၊သန္ဒေသားကြီးထွားလာတာနဲ့အမျှ သားအိမ်က ဆီးအိမ်ကို ဖိထားသလိုဖြစ်ပြီး ဆီးသွားရာမှာ အကုန်မသွားနိုင်ဘဲ ဆီးကျန်နေရာမှ ပိုးမွှားတွေပေါက်ပွားရာမှသော်လည်းကောင်း ဒီလိုပြသနာဖြစ်လေ့ရှိပါတယ်။ဆီးလမ်းကြောင်း၊ဆီးအိမ်တွေမှာ ပိုးဝင်နိုင်ချေများပြီး ၊တစ်ခါတစ်ရံမှာ ဆီးပြွန်နဲ့ ကျောက်ကပ်တွေအထိပါ ပိုးမွှားပြန့်နှံံခြင်းများဖြစ်နိုင်ပါတယ်။ရလဒ်အနေနဲ့ကတော့ ကလေးစောမွေးခြင်း၊ကလေးပေါင်မပြည့်ခြင်းများ ဖြစ်နိုင်ပါတယ်။ဒါကြောင့်မေမေတို့အနေနဲ့အထက်ဖော်ပြပါလက္ခဏာတွေခံစားနေရတယ်
ဆိုရင် ပေါ့ဆမနေဘဲ ဆရာဝန်နဲ့ အမြန်ဆုံး ပြသပြီး လိုအပ်တဲ့ ကုသမှုတွေခံယူသင့်ပါတယ်။များသောအားဖြင့် ပိုးသတ်ဆေး တစ်ပတ်ခန့် သောက်သုံးဖို့လိုနိုင်တာကြောင့် ရောဂါလက္ခဏာသက်သာလာတာနဲ့ ဆေးမရပ်လိုက်ဖို့၊ ဆေးကို ရက်ပြည့်တဲ့အထိသောက်ဖို့ အရေးကြီး
ပါတယ်။
ဆီးလမ်းကြောင်းပိုးမဝင်အောင်ကြိုတင်ကာကွယ်ဖို့ဆိုရင်တော့ အောက်ပါအချက်လေးတွေ လိုက်နာဖို့လိုပါတယ် :
- -ဆီးသွားချင်တဲ့အခါတိုင်းဆီးသွားဖို့နဲ့ ဆီးမအောင့်ထားဖို့
- -ရေများများသောက်ဖို့(တစ်နေ့လျှင်အနည်းဆုံး ၂လီတာခန့်)
- -ဆီးသွားပြီးတဲ့အခါတိုင်း အရှေ့မှအနောက်သို့ဆေးရန်(မိန်းမကိုယ်ဘက်မှ စအိုဘက်သို့)
- -ကျပ်ထုပ်သောအတွင်းခံများ မဝတ်ဖို့၊ချည်သားချောင်ချောင်ချိချိအတွင်းခံများသာဝတ်ဖို့
- -အမျိုးသမီးသန့်စင်ဆေးရည်တွေအသုံးမပြုဖို့
- -လိင်ဆက်ဆံပြီးတဲ့အခါမှာ ဆီးသွားဖို့
- လိင်မဆက်ဆံမီနဲ့ဆက်ဆံပြီးအချိန်တွေမှာ မိန်းမကိုယ်ကိုရေဆေးဖို့ပဲဖြစ်ပါတယ်။
–
မေ (ဆေး ၂)
ကိုယ္၀န္ေဆာင္စဥ္ ဆီးပိုး၀င္လွ်င္
ကိုယ္၀န္ေဆာင္ ေမေမတို႔မွာ ေအာက္ေဖာ္ျပပါလကၡဏာေလးေတြရွိေနျပီဆိုရင္ ဆီးလမ္းေျကာင္းပိုး၀င္ေနျပီလို႔ ယူဆနိဳင္ပါတယ္ :
- -ဆီးခဏခဏသြားျခင္း
- -ဆီးပူဆီးက်င္ျခင္း
- -ဆီးစပ္ကိုက္ျခင္း
- -ခါးကိုက္ျခင္း
- -ဆီးအေရာင္ေနာက္ျခင္း
- -ဆီးအနံ႔နံျခင္း။
ကိုယ္၀န္ေဆာင္ခ်ိန္အတြင္း ဆီးလမ္းေျကာင္းပိုး၀င္ျခင္းဟာအျဖစ္မ်ားတဲ့ျပႆနာတစ္ခုပါ။ေဟာ္မုန္းအျပာင္းအလဲမ်ားေျကာင့္ေသာ္
လည္းေကာင္း၊သေႏၵသားျကီးထြားလာတာနဲ႔အမွ် သားအိမ္က ဆီးအိမ္ကို ဖိထားသလိုျဖစ္ျပီး ဆီးသြားရာမွာ အကုန္မသြားနိဳင္ဘဲ ဆီးက်န္ေနရာမွ ပိုးမႊားေတြေပါက္ပြားရာမွေသာ္လည္းေကာင္း ဒီလိုျပသနာျဖစ္ေလ့ရွိပါတယ္။ဆီးလမ္းေျကာင္း၊ဆီးအိမ္ေတြမွာ ပိုး၀င္နိဳင္ေခ်မ်ားျပီး ၊တစ္ခါတစ္ရံမွာ ဆီးျပြန္နဲ႔ ေက်ာက္ကပ္ေတြအထိပါ ပိုးမႊားျပန္႔နွံံျခင္းမ်ားျဖစ္နိဳင္ပါတယ္။ရလဒ္အေနနဲ႔ကေတာ့ ကေလးေစာေမြးျခင္း၊ကေလးေပါင္မျပည္႔ျခင္းမ်ား ျဖစ္နိဳင္ပါတယ္။ဒါေျကာင့္ေမေမတို႔အေနနဲ႔အထက္ေဖာ္ျပပါလကၡဏာေတြခံစားေနရတယ္
ဆိုရင္ ေပါ့ဆမေနဘဲ ဆရာ၀န္နဲ႔ အျမန္ဆံုး ျပသျပီး လိုအပ္တဲ့ ကုသမွုေတြခံယူသင့္ပါတယ္။မ်ားေသာအားျဖင့္ ပိုးသတ္ေဆး တစ္ပတ္ခန္႔ ေသာက္သံုးဖို႔လိုနိဳင္တာေျကာင့္ ေရာဂါလကၡဏာသက္သာလာတာနဲ႔ ေဆးမရပ္လိုက္ဖို႔၊ ေဆးကို ရက္ျပည္႔တဲ့အထိေသာက္ဖို႔ အေရးျကီး
ပါတယ္။
ဆီးလမ္းေျကာင္းပိုးမ၀င္ေအာင္ျကိဳတင္ကာကြယ္ဖိုု႔ဆိုရင္ေတာ့ ေအာက္ပါအခ်က္ေလးေတြ လိုက္နာဖို႔လိုပါတယ္ :
- -ဆီးသြားခ်င္တဲ့အခါတိုင္းဆီးသြားဖို႔နဲ႔ ဆီးမေအာင့္ထားဖို႔
- -ေရမ်ားမ်ားေသာက္ဖို႔(တစ္ေန႔လွ်င္အနည္းဆံုး ၂လီတာခန္႔)
- -ဆီးသြားျပီးတဲ့အခါတိုင္း အေရွ့မွအေနာက္သို႔ေဆးရန္(မိန္းမကိုယ္ဘက္မွ စအိုဘက္သို႔)
- -က်ပ္ထုပ္ေသာအတြင္းခံမ်ား မ၀တ္ဖို႔၊ခ်ည္သားေခ်ာင္ေခ်ာင္ခ်ိခ်ိအတြင္းခံမ်ားသာ၀တ္ဖို႔
- -အမ်ိဳးသမီးသန္႔စင္ေဆးရည္ေတြအသံုးမျပဳဖို႔
- -လိင္ဆက္ဆံျပီးတဲ့အခါမွာ ဆီးသြားဖို႔
- လိင္မဆက္ဆံမီနဲ႔ဆက္ဆံျပီးအခ်ိန္ေတြမွာ မိန္းမကိုယ္ကိုေရေဆးဖို႕ပဲျဖစ္ပါတယ္။
–
ေမ (ေဆး ၂)