” အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း နှင့် ဘီပိုးကူးစက်နိုင်ချေ များ “
အသည်းရောင် အသားဝါ ဘီပိုးဟာ လိင်မှတဆင့် ကူးစက်တတ်ပါတယ်။တစ်ချို့ စုံတွဲတွေမှာ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းမှတဆင့် ဘီပိုး ကူးစက်ပါတယ်။ ကူးစက်တဲ့အခါ နှစ်ပေါင်းများစွာ အတူနေလာတဲ့ စုံတွဲမှာ ယောက်ျားက မကူးစက်ဘဲ မိန်းမမှာ positive ဖြစ် ကူးစက်တာရှိပါတယ်။ မေးခွန်းတစ်ခု ရှိလာပါတယ်။ လိင်မှ တဆင့် ကူးစက်တတ်တဲ့ ရောဂါမှာ ကာကွယ်ဆေးမထိုးထားတာချင်းအတူတူ ဘာလို့ တစ်ယောက်က ကူးစက်ပြီး တစ်ယောက်က ကူးစက်မှု မရှိရတာလဲ။
အဲဒီဖြစ်ပေါ်နိုင်မှုမှာ ပြောင်းလဲမှုတွေရှိနိုင်ပါတယ်။ဘယ်လိုလိင်မှုကိစ္စလုပ်ဆောင်သလဲ ။ နောက်ပြီး လိင်ဆက်ဆံဖော်မှာရှိတဲ့ ပိုးကောင်ရေ (viral load) ရောဂါရှိသောအရည် ဥပမာ သွေး သုတ်ရည်တို့နဲ့ ထိတွေ့မှု စသည်တို့ အပေါ်မှာ မူတည်ပါတယ်။
ဒါကြောင့် တစ်ယောက်ရဲ့ သွေးထဲမှာဘီပိုး ရှိပြီဆိုတာနဲ့ နောက်တစ်ယောက်က ရှိနေပြီလို့ ပြောလို့မရသလို တစ်ယောက်ကလည်း သူ့မှာမရှိဘဲ ငါ့မှာ ရှိတယ်ဆိုတာ သွေးအဖြေမှားနေတာလားလို့ တွေးနေလို့လည်းမရတဲ့ အခြေအနေပါပဲ။
၁။ ပိုးကောင်အရေအတွက် ( viral load )
သုတ်ရည် ၊မိန်းမကိုယ်က ထွက်တဲ့အရည်နဲ့ လူရဲ့သွေးမှာ အသည်းရောင် ဘီပိုးတွေ ပါဝင်ပါတယ်။ပိုးကောင်ရေများလေ ကူးစက်နိုင်စွမ်း ပိုများလေပါပဲ။ပိုးကောင်ရေ ခန့်မှန်စစ်ဆေးလို့မရအောင်နည်းတဲ့ အမျိုးသားတစ်ယောက်ရဲ့ သုတ်ရည်ထဲမှာတောင် ဘီပိုးအရေအတွက် ပါဝင်နိုင် ကူးစက်နိုင်ပါတယ်(ကူးစက်နိုင်ချေနည်းပေမယ့် )။ဒါကြောင့် အမျိုးသားတစ်ယောက်က သူမှာ ဘီပိုး positive ဆိုတာနဲ့ တခြားကိုရောဂါကူးစက်နိုင်ချေရှိမှန်း သိထားရပါမယ်။
ဘီပိုးရှိတယ်လို့ သိထားသူနဲ့ အကာအကွယ်မပါဘဲလိင်ဆက်ဆံတာက ရောဂါကူးစက်နိုင်ချေ ရှိပါတယ်။
၂။ အမျိုးသားနဲ့ အမျိုးသမီး
အမျိုးသားနဲ့ အမျိုးသမီး လိင်မှုကိစ္စမှာ ရောဂါပိုးမရှိသေးတဲ့ အမျိုးသမီးတွေက ရောဂါပိုးရှိတဲ့အမျိုးသားဆီကနေ ဘီပိုးကူးနိုင်ချေ ပိုများပြားပါတယ်။အမျိုးသမီးတွေရဲ့ မျိုးပွားလမ်းကြောင်းဟာ မျက်နှာပြင်ကျယ်ဝန်းတာရယ် စုတ်ပြဲလွယ်တာရယ်နဲ့ သုတ်ပိုးရဲ့ နောက်ဆုံး လက်ခံရာ နေရာဖြစ်တာကြောင့် ကွန်ဒုံးကိုသာ စနစ်တကျ မသုံးစွဲရင် အမျိုးသားတွေထက် ကူးစက်နိုင်ချေ ပိုများပါတယ်။ဒါကြောင့် ကွန်ဒုံးကိုလည်း စနစ်တကျ သုံးစွဲသင့်ပါတယ်၊ဒါမှသာ ဘီပိုးကူးစက်ခြင်းကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
အမျိုးသမီးတစ်ယောက်မှာ ဘီပိုးရှိတဲ့အခါ ဘီပိုးမရှိတဲ့ အမျိုးသားမှာ မိန်းမကိုယ်က အရည်များကတဆင့် ဘီပိုးကူးစက်နိုင်ချေ ရှိပါတယ်။ ဒါပေမယ့် ရောဂါရှိသူ အမျိုးသားဆီကနေ မရှိသူအမျိုးသမီးဆီ သုတ်ရည်သုတ်ပိုးမှတဆင့် ကူးစက်နိုင်ချေ ထက် အခွင့်အလမ်း ပိုနည်းပါတယ်။ ဒါပေမယ့် အဲဒီအမျိုးသမီးမှာ ရာသီသွေး ဆင်းနေတယ်ဆိုရင်တော့ သွေးမှာ အသည်းရောင်ဘီပိုးက များစွာပါဝင်နေတယ်ဆိုတာကတော့ သိထားသင့်တဲ့ အချက်တစ်ချက်ပါ။
၃။ လိင်ဆက်ဆံမှု ပုံစံ
လိင်ဆက်ဆံမှု ပုံစံတွေ အနေနဲ့လည်း ပတ်သတ်နေပါတယ်။ ပါးစပ်နဲ့ လိင်ဆက်ဆံတဲ့အခါ ဘီပိုးကူးစက်နိုင်ချေက မိန်းမကိုယ်နဲ့ ဆက်ဆံတဲ့အခါ ကူးစက်နိုင်ချေထက်ပိုနည်းပါတယ်။ စအိုနဲ့ လိင်ဆက်ဆံတဲ့အခါတော့ အန္တရာယ်အများဆုံးဖြစ်ပါတယ်။စအိုအတွင်းသားတွေဟာ သဘာအတိုင်းထွက်တဲ့ ချောဆီ အရည်တွေ မရှိတာကြောင့် ပိုမို စုတ်ပြဲလွယ်ကာ ဘီပိုးကူးစက်ဖို့ ပိုလွယ်စေပါတယ်။
လုပ်ဆောင်သင့်သည်များ
အဲဒီတော့ စုံတွဲ တစ်တွဲမှာ တစ်ယောက်က ကူးစက်ပြီး တစ်ယောက်က မကူးစက်ဘူး ဘီပိုးမရှိဘူးလို့ စစ်ဆေးတွေ့ရှိတဲ့အခါ မကူးစက်တဲ့ ချစ်သူရည်းစား မိသားစုဝင်တွေက ဘီပိုးကာကွယ်ဆေးကို ထိုးထားရမှာဖြစ်ပြီး သွေးထဲမှာ ဘီပိုးခုခံကာကွယ်ပစ္စည်းantibodies တွေ လုံလောက်စွာထွက်ရှိလား စစ်ဆေးထားဖို့လည်း လိုအပ်ပါတယ်။
#ခွန်းညိုသွေး
" အကာအကြယ္မဲ့ လိင္ဆက္ဆံျခင္း ႏွင့္ ဘီပိုးကူးစက္ႏိုင္ေခ် မ်ား "
အသည္းေရာင္ အသားဝါ ဘီပိုးဟာ လိင္မွတဆင့္ ကူးစက္တတ္ပါတယ္။တစ္ခ်ိဳ႕ စံုတြဲေတြမွာ အကာအကြယ္မဲ့ လိင္ဆက္ဆံျခင္းမွတဆင့္ ဘီပိုး ကူးစက္ပါတယ္။ ကူးစက္တဲ့အခါ ႏွစ္ေပါင္းမ်ားစြာ အတူေနလာတဲ့ စံုတြဲမွာ ေယာက္်ားက မကူးစက္ဘဲ မိန္းမမွာ positive ျဖစ္ ကူးစက္တာရွိပါတယ္။ ေမးခြန္းတစ္ခု ရွိလာပါတယ္။ လိင္မွ တဆင့္ ကူးစက္တတ္တဲ့ ေရာဂါမွာ ကာကြယ္ေဆးမထိုးထားတာခ်င္းအတူတူ ဘာလို႔ တစ္ေယာက္က ကူးစက္ၿပီး တစ္ေယာက္က ကူးစက္မႈ မရွိရတာလဲ။
အဲဒီျဖစ္ေပၚႏိုင္မႈမွာ ေျပာင္းလဲမႈေတြရွိႏိုင္ပါတယ္။ဘယ္လိုလိင္မႈကိစၥလုပ္ေဆာင္သလဲ ။ ေနာက္ၿပီး လိင္ဆက္ဆံေဖာ္မွာရွိတဲ့ ပိုးေကာင္ေရ (viral load) ေရာဂါရွိေသာအရည္ ဥပမာ ေသြး သုတ္ရည္တို႔နဲ႔ ထိေတြ႕မႈ စသည္တို႔ အေပၚမွာ မူတည္ပါတယ္။
ဒါေၾကာင့္ တစ္ေယာက္ရဲ႕ ေသြးထဲမွာဘီပိုး ရွိၿပီဆိုတာနဲ႔ ေနာက္တစ္ေယာက္က ရွိေနၿပီလို႔ ေျပာလို႔မရသလို တစ္ေယာက္ကလည္း သူ႔မွာမရွိဘဲ ငါ့မွာ ရွိတယ္ဆိုတာ ေသြးအေျဖမွားေနတာလားလို႔ ေတြးေနလို႔လည္းမရတဲ့ အေျခအေနပါပဲ။
၁။ ပိုးေကာင္အေရအတြက္ ( viral load )
သုတ္ရည္ ၊မိန္းမကိုယ္က ထြက္တဲ့အရည္နဲ႔ လူရဲ႕ေသြးမွာ အသည္းေရာင္ ဘီပိုးေတြ ပါဝင္ပါတယ္။ပိုးေကာင္ေရမ်ားေလ ကူးစက္ႏိုင္စြမ္း ပိုမ်ားေလပါပဲ။ပိုးေကာင္ေရ ခန္႔မွန္စစ္ေဆးလို႔မ႐ေအာင္နည္းတဲ့ အမိ်ဳးသားတစ္ေယာက္ရဲ႕ သုတ္ရည္ထဲမွာေတာင္ ဘီပိုးအေရအတြက္ ပါဝင္ႏိုင္ ကူးစက္ႏိုင္ပါတယ္(ကူးစက္ႏိုင္ေခ်နည္းေပမယ့္ )။ဒါေၾကာင့္ အမ်ိဳးသားတစ္ေယာက္က သူမွာ ဘီပိုး positive ဆိုတာနဲ႔ တျခားကိုေရာဂါကူးစက္ႏိုင္ေခ်ရွိမွန္း သိထားရပါမယ္။
ဘီပိုးရွိတယ္လို႔ သိထားသူနဲ႔ အကာအကြယ္မပါဘဲလိင္ဆက္ဆံတာက ေရာဂါကူးစက္ႏိုင္ေခ် ရွိပါတယ္။
၂။ အမ်ိဳးသားနဲ႔ အမ်ိဳးသမီး
အမ်ိဳးသားနဲ႔ အမ်ိဳးသမီး လိင္မႈကိစၥမွာ ေရာဂါပိုးမရွိေသးတဲ့ အမ်ိဳးသမီးေတြက ေရာဂါပိုးရွိတဲ့အမ်ိဳးသားဆီကေန ဘီပိုးကူးႏိုင္ေခ် ပိုမ်ားျပားပါတယ္။အမ်ိဳးသမီးေတြရဲ႕ မ်ိဳးပြားလမ္းေၾကာင္းဟာ မ်က္ႏွာျပင္က်ယ္ဝန္းတာရယ္ စုတ္ၿပဲလြယ္တာရယ္နဲ႔ သုတ္ပိုးရဲ႕ ေနာက္ဆံုး လက္ခံရာ ေနရာျဖစ္တာေၾကာင့္ ကြန္ဒံုးကိုသာ စနစ္တက် မသံုးစြဲရင္ အမ်ိဳးသားေတြထက္ ကူးစက္ႏိုင္ေခ် ပိုမ်ားပါတယ္။ဒါေၾကာင့္ ကြန္ဒံုးကိုလည္း စနစ္တက် သံုးစြဲသင့္ပါတယ္၊ဒါမွသာ ဘီပိုးကူးစက္ျခင္းကို ကာကြယ္ႏိုင္မွာ ျဖစ္ပါတယ္။
အမ်ိဳးသမီးတစ္ေယာက္မွာ ဘီပိုးရွိတဲ့အခါ ဘီပိုးမရွိတဲ့ အမ်ိဳးသားမွာ မိန္းမကိုယ္က အရည္မ်ားကတဆင့္ ဘီပိုးကူးစက္ႏိုင္ေခ် ရွိပါတယ္။ ဒါေပမယ့္ ေရာဂါရွိသူ အမ်ိဳးသားဆီကေန မရွိသူအမ်ိဳးသမီးဆီ သုတ္ရည္သုတ္ပိုးမွတဆင့္ ကူးစက္ႏိုင္ေခ် ထက္ အခြင့္အလမ္း ပိုနည္းပါတယ္။ ဒါေပမယ့္ အဲဒီအမ်ိဳးသမီးမွာ ရာသီေသြး ဆင္းေနတယ္ဆိုရင္ေတာ့ ေသြးမွာ အသည္းေရာင္ဘီပိုးက မ်ားစြာပါဝင္ေနတယ္ဆိုတာကေတာ့ သိထားသင့္တဲ့ အခ်က္တစ္ခ်က္ပါ။
၃။ လိင္ဆက္ဆံမႈ ပံုစံ
လိင္ဆက္ဆံမႈ ပံုစံေတြ အေနနဲ႔လည္း ပတ္သတ္ေနပါတယ္။ ပါးစပ္နဲ႔ လိင္ဆက္ဆံတဲ့အခါ ဘီပိုးကူးစက္ႏိုင္ေခ်က မိန္းမကိုယ္နဲ႔ ဆက္ဆံတဲ့အခါ ကူးစက္ႏိုင္ေခ်ထက္ပိုနည္းပါတယ္။ စအိုနဲ႔ လိင္ဆက္ဆံတဲ့အခါေတာ့ အႏၲရာယ္အမ်ားဆံုးျဖစ္ပါတယ္။စအိုအတြင္းသားေတြဟာ သဘာအတိုင္းထြက္တဲ့ ေခ်ာဆီ အရည္ေတြ မရွိတာေၾကာင့္ ပိုမို စုတ္ၿပဲလြယ္ကာ ဘီပိုးကူးစက္ဖို႔ ပိုလြယ္ေစပါတယ္။
လုပ္ေဆာင္သင့္သည္မ်ား
အဲဒီေတာ့ စံုတြဲ တစ္တြဲမွာ တစ္ေယာက္က ကူးစက္ၿပီး တစ္ေယာက္က မကူးစက္ဘူး ဘီပိုးမရွိဘူးလို႔ စစ္ေဆးေတြ႕ရွိတဲ့အခါ မကူးစက္တဲ့ ခ်စ္သူရည္းစား မိသားစုဝင္ေတြက ဘီပိုးကာကြယ္ေဆးကို ထိုးထားရမွာျဖစ္ၿပီး ေသြးထဲမွာ ဘီပိုးခုခံကာကြယ္ပစၥည္းantibodies ေတြ လံုေလာက္စြာထြက္ရွိလား စစ္ေဆးထားဖို႔လည္း လိုအပ္ပါတယ္။
#ခြန္းညိဳေသြး